အမေရိကန်နိုင်ငံသားတဦးကို မြောက်ကိုရီးယားက ယနေ့ ပြုံယမ်းလေဆိပ်မှာ ထိန်းသိမ်းလိုက် ကြောင်း တောင်ကိုရီးယားသတင်း ယွန်ဟပ်က ဆိုပါတယ်၊ ဒါဟာ တတိယမြောက် အဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသားဖြစ်ပါတယ်။
၎င်းမှာ တရုတ်နိုင်ငံ Yanbian သိပ္ပံနှင့် နည်းပညာတက္ကသိုလ်(YUST)က ပါမောက္ခဟောင်းတဦး ဖြစ်ပြီး၊ ကိုရီးယား- အမေရိကန်တဦးဖြစ်ကြောင်း၊ မြောက်ကိုရီးယားက ထွက်ခွာခါနီး ပြုံယမ်းအပြည်ပြည်ဆိုင် ရာလေဆိပ်မှာ ထိန်းသိမ်းခံရတာဖြစ်ကြောင်း၊ သူ့ရဲ့ညီမဟာ ပြုံယမ်းတက္ကသိုလ်မှာ ရှိကြောင်းသိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ဝေဖန်ခံနေရပြီး၊ အတိတ်ကာလတုန်းက လည်း အမေရိကန်နိုင်ငံသားများကို ထိန်းသိမ်းမှုတွေ ပြုလုပ်ဖူးသလို၊ လက်ရှိမှာလည်း အမေရိကန် ၂ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ကာ ထိန်းသိမ်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက အသက် ၂၂နှစ်အရွယ် Otto Warmbier ဆိုသူ ကျောင်းသားတဦး ကို ဝါဒဖြန့်ကြေငြာစာတန်း ခိုးယူမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ် ချခဲ့သလို၊ မတ်လထဲမှာပဲ အသက် ၆၂နှစ်အရွယ် ကိုရီးယား – အမေရိကန် ကင်ဒေါင်ချူးဆိုသူကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲပါတယ်။
အမေရိကန်သာသနာပြု ကင်းနက် ဘီး ဆိုသူကိုလည်း ၂၀၁၂ ခုနှစ်က နိုင်ငံတော်ကို ဆန့်ကျင်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ် ချမှတ်ခဲ့ရာ ၂နှစ်အကြာမှာ ပြန်လွှတ်ခဲ့ပါတယ်။