လမ်းပျောက်နေတဲ့အာဆီယံ
အာဆီယံမူ ၅ ချက်ဟာ မြန်မာပြည်ပြဿနာ ဖြေရှင်းအတွက် သင့်တော်တယ်လို့ အာဆီယံက ဆုံးဖြတ်ခဲ့ပါတယ်။ အာဆီယံရဲ့ မူ ၅ ချက်ကို အမေရိကန်နဲ့ အနောက်နိုင်ငံများကလည်း ထောက်ခံကြပါတယ်။ တရုတ်ကလည်း ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်အာဏာသိမ်းကာလ နှစ်နှစ်အတွင်း အာဆီယံရဲ့ မူ ၅ ချက်ဟာ အလုပ်မဖြစ်သလို မြန်မာ့အရေးနဲ့ ပတ်သက်လို့လည်း အာဆီယံ လမ်းပျောက်နေပြီဖြစ်တာကို တွေ့ရပါတယ်။
အာဆီယံ လမ်းပျောက်သွားတဲ့ အကြောင်းအချက်တခုမှာ အာဆီယံရဲ့မူ ၅ ချက်က သွေဖည်တဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက်များနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချရဲတာပါ။ ဘယ်အချိန် ရွေးကောက်ပွဲလုပ်မယ်လို့ မကြေညာနိုင်ဘဲ စစ်ကောင်စီဟာ ပါတီမှတ်ပုံတင်ဥပဒေ ပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေအရ သုံးလအတွင်း ပြန်လည် မှတ်ပုံတင်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီများ ဖျက်သိမ်းခံရမှာဖြစ်ပြီး ပါတီပိုင်အဆောက်အအုံများ သိမ်းဆည်းခံရမှာဖြစ်ပါတယ်။
အဲဒီကာလကတည်းက တွေ့မြင်နိုင်ကတော့ ပါတီထိပ်တန်းခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဟာ ဘယ်နည်းနဲ့မှ ပြန်လည်မှတ်ပုံတင်နိုင်မှာ မဟုတ်တာကို တွက်ဆလို့ ရကြပါတယ်။ ဒါကြောင့် ဒီဥပဒေ ထွက်လာကတည်းက NLD ပါတီ ဖျက်သိမ်းဖို့ ရည်ရွယ်ပြီး ထုတ်လိုက်တာဆိုတာ ရှင်းပါတယ်။
NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီခေါင်းဆောင်တချို့ လက်နက်ကိုင် ခုခံစစ်ပွဲအတွင်း ရောက်နေတယ်ဆိုပေမယ့် မြို့ပေါ်မှာ ဗဟိုခေါင်းဆောင်တချို့ ကျန်နေသေးတာကို အားလုံးအသိဖြစ်ပါတယ်။ အဲဒီခေါင်းဆောင်တွေ ဖြစ်ဖြစ်၊ မြို့ပေါ် ဥပဒေလမ်းကြောင်းနဲ့သာ သွားရမယ်လို့ ဆုံးဖြတ်ထားတဲ့ ပါတီဝင်တွေ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံထားရသူတွေရဲ့ သဘောထားမပါဘဲ ပါတီပြန်လည်မှတ်ပုံတင်မှာ မဟုတ်တာကို အားလုံးအသိ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ အာဆီယံဟာ ဥပဒေပြဌာန်းပြီး စတင်ကျင့်သုံးတဲ့ ကာလကရော၊ NLD ပါတီဖျက်သိမ်းတဲ့ ကာလမှာရော နှုတ်ဆိတ်နေခဲ့ပါတယ်။ ဥပဒေတွင်း နိုင်ငံရေးနယ်ပယ်မှာ NLD ကို ဖယ်ထုတ်ခြင်းဟာ ညှိနှိုင်းဆွေးနွေးဖြေရှင်းမယ့် အာဆီယံလမ်းကြောင်းကို ပိုအခက်အခဲ ဖြစ်စေပါတယ်။ အာဆီယံဟာ ဒီအချက်ကို ကြိုတင်ကန့်ကွက်ခြင်း မပြုတဲ့အပြင် NLD ဖျက်သိမ်းခံရချိန် နှုတ်ဆိတ်နေခြင်းဟာ အာဆီယံမူ ၅ ချက် အကောင်အထည်ဖော်ရေး လမ်းပျောက်နေပြီလို့ ဖော်ပြနေပါတယ်။ အာဆီယံမူ ၅ ချက်ဆိုတာ ကြောင်ကို ချူဆွဲပေးဖို့ ဆုံးဖြတ်ချက် ချထားသလိုပါဘဲ။
ဥပဒေတွင်း နိုင်ငံရေးနယ်ပယ်မှာ NLD ကို ဖယ်ထုတ်ခြင်းဟာ ညှိနှိုင်းဆွေးနွေးဖြေရှင်းမယ့် အာဆီယံလမ်းကြောင်းကို ပိုအခက်အခဲ ဖြစ်စေပါတယ်။ အာဆီယံဟာ ဒီအချက်ကို ကြိုတင်ကန့်ကွက်ခြင်း မပြုတဲ့အပြင် NLD ဖျက်သိမ်းခံရချိန် နှုတ်ဆိတ်နေခြင်းဟာ အာဆီယံမူ ၅ ချက် အကောင်အထည်ဖော်ရေး လမ်းပျောက်နေပြီလို့ ဖော်ပြနေပါတယ်။
ဒါ့အပြင် လက်ရှိအာဆီယံက ပြောဆိုနေတာက မြန်မာပြည်သူတွေ ကိုယ်တိုင်ဖြေရှင်းရမယ့် မြန်မာပြည်တွင်းရေး ဆိုတာပါပဲ။ ကြောင်ကို ချူမဆွဲနိုင်တဲ့ အာဆီယံလည်း တရုတ်အာဘော်အတိုင်း ပြောနေပါပြီ။
လေလုံးထွားတဲ့ အမေရိကန်
အမေရိကန်ကတော့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မြန်မာလူထုဘက်က ရပ်တည်မှုပေးခဲ့တဲ့နိုင်ငံလို့ အများက အသိအမှတ်ပြုကြပါတယ်။ လက်တွေ့လည်း နိုင်ငံရေးမင်းပြစ်မင်းဒဏ် သင့်သူတွေ ခိုလှုံရေး၊ တတိယနိုင်ငံ သွားရောက်အခြေချနိုင်ရေးတွေမှာ ကူညီခဲ့တာတွေတော့ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် အမေရိကန်တွေ နှုတ်က လေလုံးထွားသလောက် မြန်မာလူထု အကူအညီမရတာကတော့ လက်တွေ့ပါပဲ။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ပြဌာန်းခဲ့တဲ့ Burma Act ဥပဒေဟာ သုံးလရှိခဲ့ပါပြီ။ အခုထိတော့ အကူအညီ ဘယ်လိုပေးမယ်ဆိုတာ ဆွေးနွေးကောင်းတုန်းပါပဲ။ မြန်မာလူထုဆီ တပြားတချပ်ရောက်တာတော့ မကြားရ၊ မတွေ့ရသေးပါ။ ဒီသုံးလအတွင်းမှာ အမေရိကန်ကို တန်ပြန်တဲ့ တရုတ်အထူးသံတမန်က အလုပ်အတော်များများ လက်တွေ့လုပ်ပြသွားပါတယ်။ သူ့နယ်စပ်က EAO များနဲ့လည်း အကုန်တွေ့ပါတယ်။ အမေရိကန် ဆရာကြီးများကတော့ အားလုံးတွေ့ရေး အပြောကနေ မတက်ပါဘူး။ လက်မပါ၊ လေများနေတယ်လို့ ဆိုရပါမယ်။ အနောက်တိုင်းအကူအညီများနဲ့ အသားကျနေသူများကတော့ အမေရိကန်အကူအညီရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိဟာ သူတို့တွေရဲ့ လစာအသုံးစားရိတ်နဲ့ပဲ ကုန်တာ၊ မြေပြင်ရောက်တာ ၄၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ထိပဲ ရှိတာလို့ ဆိုကြပါတယ်။
အနောက်တိုင်းအကူအညီများနဲ့ အသားကျနေသူများကတော့ အမေရိကန်အကူအညီရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိဟာ သူတို့တွေရဲ့ လစာအသုံးစားရိတ်နဲ့ပဲ ကုန်တာ၊ မြေပြင်ရောက်တာ ၄၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ထိပဲ ရှိတာလို့ ဆိုကြပါတယ်။
နည်းနည်း ရောက်ရင်တော်သေးတာပေါ့လို့ ဆိုချင်ပေမယ့် ဘယ်အချိန်ရောက်မှန်း မသိတာခက်ပါတယ်။ ဒါထက်ပိုဆိုးတာက အမေရိကန်တာဝန်ရှိ လူကြီးမင်းများရဲ့ တလွဲတချော်အတွေးများ ဖြစ်ပါတယ်။
“ရုရှားအနေဖြင့် မြန်မာအာဏာသိမ်း စစ်ကောင်စီကို လက်နက် အထောက်အပံ့ပေးမှု ရပ်လိုက်မည် ဆိုပါက မြန်မာနိုင်ငံသည် ပဋိပက္ခ အကြပ်အတည်းတွင်းမှ လွတ်မြောက်နိုင်ကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ချိုလက်က အရှေ့တောင်အာရှခရီးစဉ်အတွင်း ပြောပါတယ်။ သူဆက်ပြောတာက “အကယ်၍များ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံထဲက ပဋိပက္ခအတွက် ဖြေရှင်းချက်နည်းလမ်းတခုကို မြင်ချင်တယ်ဆိုရင်၊ မြန်မာနိုင်ငံ ပြန်လည် တည်ငြိမ်အေးချမ်းပြီး ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်သွားတာကို မြင်ချင်တယ်ဆိုရင် ဖြစ်နိုင်တဲ့လမ်းကြောင်းတခု ရှိပါတယ်။ တကယ်လို့များ မြန်မာစစ်အုပ်စုက လက်နက်တွေ ဝယ်ယူတင်သွင်းလို့ မရနိုင်တော့ဘူးဆိုရင် အဲဒီလမ်းကြောင်းက ဖြစ်နိုင်ပါတယ်။ ရုရှားအနေနဲ့ မြန်မာစစ်အုပ်စုအတွက် လက်နက်ထောက်ပံ့မှု ရပ်မယ်ဆိုရင် ကျနော်တို့ဟာ အဲဒီလမ်းကြောင်းအတိုင်း အလွန်ကြီးမားတဲ့ ခြေလှမ်းတစ်ခုကို လှမ်းလိုက်နိုင်ပါလိမ့်မယ်” လို့ မစ္စတာ ချိုလက်က ပြောတယ်။
ရုရှားက လက်နက်အဝယ်ရပ်အောင် လုပ်နိုင်ရင် မြန်မာပြည် ပဋိပက္ခကို ဖြေရှင်းနိုင်ပြီဆိုတဲ့ အမေရိကန် လူကြီးမင်းရဲ့ စဉ်းစားချက်ကတော့ လက်တွေ့မြေပြင်အခြေအနေနဲ့ တခြားစီပါပဲ။ မြန်မာစစ်တပ် ရုရှားဆီက လက်နက် ဝယ်ယူတာကလည်း ရေငုပ်သင်္ဘော၊ လေယာဉ်တို့ဖြစ်ပါတယ်။ မြန်မာစစ်တပ်ပြည်တွင်းမှာ စစ်လက်နက်ထုတ်စက်ရုံ ၂၀ ကျော် ရှိပါတယ်။ လက်နက်ငယ်မျိုးစုံ၊ ခဲယမ်းမျိုးစုံ၊ မော်တာနဲ့ နောက်ပွင့်အမြောက်မျိုးစုံ၊ မော်တာဆံ၊ အမြောက်ဆံမျိုးစုံ၊ ဒုံးကျည်နဲ့ လေယာဉ်ပေါ်ကကြဲတဲ့ဗုံးကအစ ပြည်တွင်းမှာထုတ်ပါတယ်။ ရုရှားက လက်နက်ထောက်ပံ့မှုရပ်ရုံနဲ့ မြန်မာပြည်မှာ ပြည်တွင်းစစ် ရပ်မသွားနိုင်ပါဘူး။ ပြည်တွင်းစက်ရုံထုတ်တွေနဲ့ လက်နက်ထောက်ပံ့မှုအား မကောင်းတဲ့ ခုခံတော်လှန်သူတွေကို ရင်ဆိုင်နိုင်ပါသေးတယ်။
ရုရှားက လက်နက်ထောက်ပံ့မှုရပ်ရုံနဲ့ မြန်မာပြည်မှာ ပြည်တွင်းစစ် ရပ်မသွားနိုင်ပါဘူး။ ပြည်တွင်းစက်ရုံထုတ်တွေနဲ့ လက်နက်ထောက်ပံ့မှုအား မကောင်းတဲ့ ခုခံတော်လှန်သူတွေကို ရင်ဆိုင်နိုင်ပါသေးတယ်။
အမေရိကန် လူကြီးမင်းများ စဉ်းစားဖို့ကတော့ sanction ဆိုတဲ့ အရေးယူပိတ်ဆို့မှုဟာ နဝတ၊ နအဖ လက်ထက်မှာ အမေရိကန်အစိုးရ လုပ်ခဲ့ဖူးပေမယ့် အလုပ်ဖြစ်ခဲ့တာ မဟုတ်ဘူးဆိုတာ ပြန်လည်သုံးသပ်ကြည့်ဖို့ လိုပါလိမ့်မယ်။ အမေရိကန် လူကြီးမင်းများ နည်းနည်းလေးတော့ လွဲနေတယ်လို့ ဆိုရပါမယ်။
လည်လွန်းတဲ့တရုတ်
အမေရိကန်ပါမယ်ဆိုလို့ကတော့ ငါမပါလို့မဖြစ်လို့ တရုတ်တို့က ဆုံးဖြတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက စပြီး တရုတ်သံတမန် တိန့်ရှီကျွန်းရဲ့ ခရီးစဉ်တွေ တွေ့ရပါတယ်။ မြန်မာစစ်တပ်နဲ့လည်းတွေ့၊ တရုတ်နယ်စပ်က EAO အားလုံးနဲ့လည်းတွေ့ အတော်လေးသွက်လက်သလို အရွေ့တွေလည်း တွေ့ရပါတယ်။ မြန်မာစစ်တပ်လည်း အကျိုးရှိတန်သလောက် ရှိသွားလို့ သဘောခွေ့နေပုံရပါတယ်။
တရုတ်အထူးသံဟာ လျှို့လျှို့ဝှက်ဝှက်နဲ့ NUG နဲ့လည်း တွေ့တယ်၊ ဆက်သွယ်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဒါ့ပြင် မြန်မာပြည်ထဲက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေအတွက် NUG ကို အခွန်ဆောင်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ တဖက်ကလည်း မြန်မာပြည်ရဲ့အရေးဟာ မြန်မာ့ပြည်တွင်းရေးသာ ဖြစ်တယ်ဆိုတာလည်း တရုတ်တို့က ဆိုပါတယ်။
တရုတ်ကတော့ အမေရိကန်ထက်မြန်တယ်၊ လက်တွေ့ကျတယ် ဆိုတာကတော့ မြန်မာပြည်မှာ တရုတ်ရဲ့အကျိုးစီးပွားရှိလို့ပါပဲ။ မြန်မာပြည်မှာ ဘာအကျိုးစီးပွားမှ မရှိတဲ့ အမေရိကန်က သဘောတရား၊ စံနှုန်းတွေနဲ့ အလုပ်ရှုပ်နေပေမယ့် တရုတ်ကတော့ သူ့အကျိုးစီးပွား ကာကွယ်ဖို့အတွက် နှစ်ဖက်လုံးနဲ့ ဆက်ဆံသွားဖို့ စဉ်းစားထားပုံပါပဲ။ ဒါပေမယ့် တရုတ်ကတော့ အမေရိကန်လို မြန်မာစစ်တပ်ကို ပြစ်တင်ရှုတ်ချတာ မရှိသလို ရှေ့မှာလည်း ပြစ်တင်ရှုတ်ချမယ် မထင်ပါဘူး။ သူ့အကျိုးစီးပွားကာကွယ်ဖို့ မြန်မာလူထုနဲ့၊ ခုခံတော်လှန်သူတွေနဲ့ မဆက်ဆံလို့မရဘူးဆိုတာတော့ သဘောပေါက်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်လုံးကို ခြေသွက်လက်သွက် ကစားမယ့် တရုတ်ကတော့ လူရည်လည်လွန်းလှပါတယ်။
အပြုတ်တိုက်ဦးမယ်ဆိုတဲ့ မင်းအောင်လှိုင်
ပါတီမှတ်ပုံတင်ဥပဒေ ထုတ်ပြန်ပြီး NLD ကို ဖျက်သိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ အပြုတ်တိုက်ရေးလမ်းစဉ်ကို မတ်လ ၂၇ ရက်နေ့က ထပ်ပြီး ကြွေးကြော်ပြန်ပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြောကြားချက်မှာတော့ NUG, PDF တွေနဲ့ သူတို့ကို ပံ့ပိုးနေတဲ့ EAO အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တရုတ်ကတော့ အမေရိကန်လို မြန်မာစစ်တပ်ကို ပြစ်တင်ရှုတ်ချတာ မရှိသလို ရှေ့မှာလည်း ပြစ်တင်ရှုတ်ချမယ် မထင်ပါဘူး။ သူ့အကျိုးစီးပွားကာကွယ်ဖို့ မြန်မာလူထုနဲ့၊ ခုခံတော်လှန်သူတွေနဲ့ မဆက်ဆံလို့မရဘူးဆိုတာတော့ သဘောပေါက်ပုံပါပဲ။
လက်တွေ့က ဘယ်နေရာမှာများ မြန်မာစစ်တပ်က စစ်ရေးအရ ပြတ်ပြတ်သားသား အောင်ပွဲခံနေနိုင်ပါသလဲ ဆိုတာကိုကြည့်ရင် ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ကရင်နီ စစ်မျက်နှာအားလုံးမှာ မြန်မာစစ်တပ်က အလဲအကွဲအပြဲနဲ့ ခံနေရတာ အားလုံးမြင်နိုင်ပါတယ်။ အဲဒီပြည်နယ် ငါးခုမှာ အခိုင်အမာစခန်းတွေ ကျဆုံးတာ၊ တပ်ရင်းလိုက်၊ စစ်ကြောင်းလိုက် ချေမှုန်းသုတ်သင်ခံရတာ၊ မြို့ပြတွေရဲ့လုံခြုံရေးကို မထိန်းနိုင်တော့ပဲ အချိန်မရွေး ဝင်ပြီးအတိုက်ခံနေရတာ အဆက်မပြတ် တွေ့နေရပါတယ်။
လက်နက်ခဲယမ်း မပြည့်စုံသေးတဲ့ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ စစ်မျက်နှာတွေမှာလည်း အသာစီးမရနိုင်တဲ့အပြင် နေ့စဉ်အမှည့်ခြွေခံနေရပါတယ်။ နေ့စဉ် ရွာတွေ မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ နှစ်နှစ်လောက်လုပ်နေပေမယ့် ပြည်သူတွေ ကြောက်စိတ်ပေါ်မလာဘဲ မုန်းတီးနာကျည်းစိတ်နဲ့ လက်တုံ့ပြန်မှုသာ ပိုလာနေပါတယ်။ သေနတ်သံပြန်တိတ်နေတဲ့ ရှမ်းနဲ့ ရခိုင်မှာလည်း နိုင်ငံရေးပြဿနာ မဖြေရှင်းနိုင်ဘဲ သေနတ်မောင်းတင်ထားတဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ အားလုံး တွေ့မြင်နိုင်ပါတယ်။
ဒီလိုအချိန်အခါမျိုးမှာ မင်းအောင်လှိုင်ရဲ့ အပြုတ်တိုက်ရေးဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ဘူးဆိုတာ ရှင်းရှင်းမြင်နိုင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ အောင်ပွဲဆိုတာ အရပ်သားအိုးအိမ် ၆ သောင်းကျော် မီးရှို့တာနဲ့ လူတွေအစုအလိုက်အပြုံလိုက် သတ်တာပဲ ဖြစ်ပါလိမ့်မယ်။ မင်းအောင်လှိုင်ရဲ့ အပြုတ်တိုက်ရေးဆိုတာ အင်အားကောင်းလာတဲ့၊ အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေကို ကိုယ်တိုင် ငှက်သိုက်ပြုတ်တိုက်တဲ့ အပြုတ်တိုက်ရေးပဲ ဖြစ်ပါလိမ့်မယ်။
အရှင်လတ်လတ် ဗိုလ်ချုပ်သင်္ချိုင်း
ပုစွန်ဦးနှောက်နဲ့ စစ်ဗိုလ်ချုပ်တွေကို အရှင်လတ်လတ်တွေ့နိုင်တဲ့ ဗိုလ်ချုပ်သင်္ချိုင်းကတော့ “ကကကြည်း အရန်” ဆိုတာပါပဲ။ တပ်ပေါင်းစုံက ပြုတ်လာတဲ့၊ တက်လမ်းမရှိတော့တဲ့ ဗိုလ်ချုပ်တွေကို တပ်လက်ကိုင်မရှိ၊ ဌာနလက်ကိုင်မရှိ ချောင်ထိုးထားတဲ့ နေရာလို့ဆိုရပါမယ်။
မင်းအောင်လှိုင်ရဲ့ အောင်ပွဲဆိုတာ အရပ်သားအိုးအိမ် ၆ သောင်းကျော် မီးရှို့တာနဲ့ လူတွေအစုအလိုက်အပြုံလိုက် သတ်တာပဲ ဖြစ်ပါလိမ့်မယ်။ မင်းအောင်လှိုင်ရဲ့ အပြုတ်တိုက်ရေးဆိုတာ အင်အားကောင်းလာတဲ့၊ အင်အားတောင့်တင်းတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေကို ကိုယ်တိုင် ငှက်သိုက်ပြုတ်တိုက်တဲ့ အပြုတ်တိုက်ရေးပဲ ဖြစ်ပါလိမ့်မယ်။
အဲဒီကမှ လူကြီးစိတ်ပြေလို့ ပြည်နယ်ဝန်ကြီးချုပ်လောက်ဖြစ်ရင် ကံကောင်းတယ်လို့ဆိုရပါမယ်။ ဒါမှမဟုတ် ကြံ့ဖွံ့ပါတီပို့တာ ဒါမှမဟုတ် ပင်စင်ပေးလိုက်တာနဲ့ ဇာတ်သိမ်းသွားတာ များပါတယ်။ လက်ရှိ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်တာကာလမှာ ဗိုလ်ချုပ်သင်္ချိုင်းကို ရောက်တာ တခြားဗိုလ်ချုပ်များအပြင် ကစထမှူး၊ ဒုဗိုလ်ချုပ်ကြီးအဆင့် လေးယောက် ပါပါတယ်။ ကာကွယ်ရေးနှင့်စစ်ဆင်ရေး အထူးအဖွဲ့မှူးအဆင့်တွေ၊ တိုင်းမှူးတွေအဆင့်အထိပါ ဘာကြောင့် ကကကြည်းအရန် ရောက်ကြပါသလဲ၊ ရှင်းရှင်းလေးပါ။
တိုင်းမှူးတွေ၊ ကစထမှူးတွေ စုံ/ခုံဖွဲ့ အစစ်ဆေးခံရပြီး ကကကြည်းအရန်ရောက်တာ စစ်မြေပြင်မှာ အခြေမလှကြလို့ပါ။ စစ်ရှုံးကြလို့ပါ။ စစ်မြေပြင်မှာ အရေးနိမ့်ကြလို့ပါ။ အရှင်လတ်လတ် ဗိုလ်ချုပ်သင်္ချိုင်းဆိုတာ စစ်မြေပြင်အခြေအနေနဲ့ ပတ်သက်လို့ လိမ်မရတဲ့ ပြဒါးတိုင်တခုပါပဲ။ မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ဟာ ဘယ်လောက်ပဲ အပြုတ်တိုက်ရေး ကြွေးကြော်နေပေမဲ့ လက်တွေ့စစ်မြေပြင်မှာ မျက်နှာပန်းမလှဘူးဆိုတာ အရှင်လတ်လတ် ဗိုလ်ချုပ်သင်္ချိုင်းက အကောင်းဆုံးသက်သေပါပဲ။
ငါတို့မှာ ငါတို့ပဲရှိတယ်
ပြောရရင် နိုင်ငံတကာအခြေအနေက လေကောင်းပေမယ့် လက်သိပ်မပါတဲ့ သာမန်မျှသာပါ။ သိပ်အားတက်စရာတော့ မရှိသလို အားပျက်စရာလည်း မရှိပါဘူး။ လိမ္မာပါးနပ်ရန်သာ လိုပါတယ်။ သူ့အကျိုး ကိုယ့်အကျိုးဆိုတဲ့ အကျိုးစီးပွားအခြေခံပေါ်က ညှိနှိုင်းထိန်းကြောင်း လှုပ်ရှားတတ်ဖို့သာ လိုပါတယ်။ ပြည်တွင်းအခြေအနေမှာတော့ မြန်မာစစ်တပ်ဟာ စစ်နိုင်ခြေမရှိသလို လက်တွေ့ စစ်မြေပြင်မှာလည်း အလဲလဲအကွဲကွဲနဲ့ပါ။ မြန်မာစစ်တပ်ကို အလွယ်တကူ ဖြိုပစ်နိုင်မယ်လို့ စိတ်ကူးယဉ်လို့ မရပေမယ့် မြန်မာစစ်တပ် နိုင်ခြေလုံးဝမရှိတော့တာနဲ့ မြန်မာစစ်တပ်ကို အနိုင်တိုက်နိုင်မယ် ဆိုတာကိုတော့ လက်တွေ့အခြေအနေတွေက ပြနေပါတယ်။
တိုင်းမှူးတွေ၊ ကစထမှူးတွေ စုံ/ခုံဖွဲ့ အစစ်ဆေးခံရပြီး ကကကြည်းအရန်ရောက်တာ စစ်မြေပြင်မှာ အခြေမလှကြလို့ပါ။ စစ်ရှုံးကြလို့ပါ။ စစ်မြေပြင်မှာ အရေးနိမ့်ကြလို့ပါ။ အရှင်လတ်လတ် ဗိုလ်ချုပ်သင်္ချိုင်းဆိုတာ စစ်မြေပြင်အခြေအနေနဲ့ ပတ်သက်လို့ လိမ်မရတဲ့ ပြဒါးတိုင်တခုပါပဲ။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျမတို့ ကိုယ့်အားကိုယ်ကိုးရပါမယ်။ ကိုယ့်ခြေပေါ် ကိုယ်ရပ်ရပါမယ်။ ငါတို့မှာ ငါတို့ပဲရှိတယ်လို့ ကြွေးကြော်ထားခဲ့သလို ကိုယ့်လက်နဲ့ကိုယ် ထုဆစ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအသစ်ကို ဖန်တီးရပါမယ်။ ဖန်တီးနိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။ ကျမတို့ဟာ သစ်ခုတ်သမားတွေ ဖြစ်သလို ကျမတို့ဟာ ပန်းပုဆရာတွေလည်း ဖြစ်ပါတယ်။
(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ
NLD ပါတီ ဖျက်သိမ်းခံရမှု တရုတ်နှင့်အာဆီယံ နှုတ်ဆိတ်နေ
စစ်ကောင်စီဥက္ကဋ္ဌ မိန့်ခွန်းကြောင့် လူထုအပေါ် တိုက်ခိုက်မှု ပိုများလာနိုင်
ကရင်၊ မွန်နှင့် တနင်္သာရီ စစ်ဆင်ရေးများ ကွပ်ကဲသူ စစ်အရာရှိကြီးများ အပြောင်းအလဲဖြစ်