• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ORGANIZED CRIME GUIDE

ရွှေတြိဂံက လူကုန်ကူးမှု

by ဘာတီး(လ် )လင့်တနာ
16 January 2023
in ORGANIZED CRIME GUIDE
A A
GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။

GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။

8.6k
VIEWS
Share on FacebookShare on Twitter

အခန်း (၄) လူကုန်ကူးမှု

ရွှေတြိဂံဒေသမှ တဆင့် လူများကို မှောင်ခိုခိုးထုတ်နေသည့် ကွန်ရက်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှုကဲ့သို့ အရေးပါလှပါသည်။ အကြောင်းပြချက်ကတော့ ရှင်းပါသည်။ လမ်းကြောင်းကို သိပြီး လိုအပ်သည့် အဆက်အသွယ်ရှိကြသော ဂိုဏ်းများကသာ လုပ်နိုင်သောကြောင့် ဖြစ်သည်။ ဤဒေသတွင် ပထမဦးဆုံး လူကုန်ကူးခံရသူများသည် တရုတ်နိုင်ငံသားများ ဖြစ်ကြသည်။ ၎င်းတို့၏ အိပ်မက်များကို အကောင်အထည် ဖော်ရန်နှင့် ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရန် အတွက် အမေရိကန်ပြည်ထောင်စု အပြင် ဂျပန်၊ ထိုင်ဝမ်၊ ဩစတေးလျ သို့မဟုတ် ဥရောပ အစရှိသည့် နေရာများသို့ သွားရောက်လိုကြခြင်း ဖြစ်သည်။ သို့သော် ယခုအခါ တရုတ်နိုင်ငံတွင် လူနေမှု အဆင့်အတန်း မြင့်မားလာသောကြောင့် ထွက်လာကြသူများ နည်းပါးသွားပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စု အုပ်ချုပ်မှုနှင့် ဆိုးဝါးလာသည့် စီးပွားရေး အခြေအနေတို့ကြောင့် တိုင်းပြည်မှ လူအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာသူ ပိုမိုများပြားလာပါသည်။

RelatedPosts

GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။

ရွှေတြိဂံက အခြားဒုစရိုက်လုပ်ငန်းများ

18 January 2023
7.9k
GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။

ရွှေတြိဂံက တောရိုင်းတိရိစ္ဆာန် ကုန်ကူးမှု

17 January 2023
6.4k
GIJN အတွက် နိုဂျာဒေါင်း ဘွန်ပရာဆတ် က ဖန်တီးသည်။

ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု

13 January 2023
7.4k

နောက်ထပ် အလုံးအရင်း ထွက်ခွာကြသူများမှာ မြောက်ကိုရီးယား နိုင်ငံသားများ ဖြစ်သည်။ ၎င်းတို့သည် အန္တရာယ်ကြီးမားလှသည့် တရုတ်နိုင်ငံကို ဖြတ်သန်းကာ လာအိုမှတဆင့် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ သွားကြသည်။ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလာသည့် ၎င်းတို့ကို ထိုင်းနှင့် တောင်ကိုရီးယား အာဏာပိုင်များက စိစစ်ကာ တောင်ကိုရီးယားနိုင်ငံသို့ ဆက်လက်သွားခွင့်ပြုပါသည်။ တနည်းအားဖြင့် ရွှေတြိဂံဒေသသို့ ခိုးထုတ်လာခံရသည့် အခြားလူများကဲ့သို့ ၎င်းတို့အား ဆက်ဆံခြင်းမပြုပေ။ မြောက်ကိုရီးယား နိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ လာနေကြဆဲ ဖြစ်သော်လည်း ထိန်းချုပ်မှု ပိုမိုများပြားလာသောကြောင့် တရုတ်နိုင်ငံကို ဖြတ်သန်းကာ လူများကို ခိုးထုတ်ဖို့လည်း ပိုမိုခက်ခဲလာပါသည်။ ကိုဗစ်နိုင်တင်း ရောဂါကပ်ဆိုးကြောင့်လည်း ပို၍ပင် ခက်ခဲစေပါသည်။ ယခုအခါ နောက်ထပ် အလုံးအရင်းနှင့် ပြောင်းရွှေ့လာကြသူများမှာ မြန်မာနိုင်ငံမှ ဖြစ်ကြသည်။ အမျိုးသားများသာမက အမျိုးသမီးများလည်း ပါကြသည်။ ၎င်းတို့တိုင်းပြည်တွင် ကျပ်တည်းလှသဖြင့် ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရန် ထွက်ပြေးလာကြခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်အုပ်စု အုပ်ချုပ်မှုနှင့် ဆိုးဝါးလာသည့် စီးပွားရေး အခြေအနေတို့ကြောင့် တိုင်းပြည်မှ လူအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာသူ ပိုမိုများပြားလာပါသည်။

ရွှေတြိဂံဒေသ အတွင်းမှ လူကုန်ကူးမှု

မြန်မာနိုင်ငံ (အနီရောင်ဖြင့် ပြထားသည့်) ရှမ်းပြည်နယ်မှ ရွှေ့ပြောင်းသူများသည် အလုပ်အကိုင် ရှာဖွေရန် နိုင်ငံ၏ တောင်ဘက် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ဝင်သွားကြသည်။ ပုံ− Wikipedia/Creative Commons

မြန်မာနိုင်င်ငံတွင် နိုင်ငံရေး အခြေအနေ ဝရုန်းသုန်းကား ဖြစ်နေခြင်း၊ စီးပွားရေး ကပ်ဆိုက်နေခြင်း အပြင် အရာရာ အောက်ကျနောက်ကျ ဖြစ်နေခြင်းတို့ကြောင့် လူသန်းနှင့်ချီ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ထွက်လာကြရသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာ တွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၂ ဒသမ ၉ သန်းရှိပြီး လုပ်သား အင်အား စုစုပေါင်း၏ ၇ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်ဟု ဆိုပါသည်။

မှတ်ပုံမတင်ထားကြသည့် ရွှေ့ပြောင်းအလုပ်သမားများကိုပါ ထည့်သွင်းရေတွက်ပါက ဒီ့ထက် နှစ်ဆထက် မနည်း ရှိနိုင်ပါသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း၏ မြို့တော် ချင်းမိုင်တွင်ရှိသည့် ရွှေ့ပြောင်း အလုပ်သမား အများစုမှာ ရှမ်းများဖြစ်ကြသည်။ ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းကနေ၍ တောင်အထပ်ထပ်ကို ဖြတ်ကျော်ကာ ရောက်လာကြခြင်းဖြစ်သည်။ အခကြေးငွေယူကာ ထိုင်းနိုင်ငံအတွင်းသို့ လူခိုးသွင်းပေးကြသည့် ဂိုဏ်းများက ၎င်းတို့ကို စောင့်ကြပ်ခေါ်လာကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသားများ အနက် လူဦးရေ အများဆုံးဖြစ်သည့် ရှမ်းလူမျိုးများသည် ဘာသာစကားအရသော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော်လည်းကောင်း ထိုင်းလူမျိုးများနှင့် နီးစပ်လှသည် (ရှမ်းလူမျိုးတို့သည် ၎င်းတို့ကို၎င်းတို့ တိုင်း ဟု ခေါ်ပြီး ထိုင်းလူမျိုးများကမူ ၎င်းတို့အား ထိုင်းယိုင် ဟု ခေါ်ကြသည်)။ ဤကား ရှမ်းလူမျိုးများအား ထိုင်းနိုင်ငံသို့ သွားလိုစိတ်ရှိအောင် ဆွဲဆောင်နိုင်သည့် အချက် တချက်ပင် ဖြစ်သည်။ ချင်းမိုင်ရှိ ဆောက်လုပ်ရေး လုပ်သားများတွင် မြန်မာနိုင်ငံမှ လာသည့် ရွှေ့ပြောင်းအလုပ်သမားများကသာ ကြီးစိုးထားကြသကဲ့သို့ ရှမ်းလူမျိုး အများစုသည် စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် ထိုင်းလူမျိုးများ လုပ်ကိုင်ချင်စိတ် မရှိသည့် လုပ်ခနည်းပါးသော အခြား အစေအပါး အလုပ်များကို လုပ်ကိုင်ကြရသည်။ ဤရွှေ့ပြောင်း အလုပ်သမားများသည် မကြာခဏ ဆိုသလို လုပ်ခလစာကို ခေါင်းပုံဖြတ်လိမ်လည်ခံရသည့်အပြင် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း ခံကြရသည်။ ၎င်းတို့အား ထိုင်းရဲများက အသေးအဖွဲ  ပြစ်မှုများဖြင့် ဖမ်းဆီးကာ လာဘ်ငွေများ တောင်းခံကြလေ့ရှိသည်။ ရှမ်းတို့သည် ထိုင်းများနှင့် နီးစပ်လှသော်လည်း ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဒေသခံ လူထု၏ မလိုမုန်းထားမှုကို ရင်ဆိုင်နေကြရသည်။

ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမား အများစုသည် ၎င်းတို့ နယ်စပ်ကို ဖြတ်ကျော်နိုင်အောင် သယ်ယူပို့ဆောင်ပေးခဲ့သည့် ဂိုဏ်းများအပေါ် အကြွေးများစွာ တင်နေကြသည်။ ၂၀၂၂ ခုနှစ် ဂျူလိုင်အတွင်း ဖော်ပြခဲ့သည့် Deutsche Welle သတင်းဌာန၏ သတင်းတပုဒ်တွင် “လွန်ခဲ့သည့် ဆယ်နှစ်က ထိုင်းနိုင်ငံ၏ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းခွင်အတွင်း အကြွေးနွံနစ်ကာ ကျေးကျွန်ဖြစ်နေကြသူများအကြောင်း ထိတ်လန့်ဖွယ် သတင်းများကြောင့် အံ့အားသင့်ကုန်သည့် စာသုံးသူများက ထိုင်းနိုင်ငံ၏ ထိပ်တန်းလုပ်ငန်း တခုဖြစ်သည့် ငါးလုပ်ငန်း ထုတ်ကုန်များကို ဆက်လက် စားသုံးသင့်မသင့် ပြန်လည်သုံးသပ်ကုန်ကြသည်“ ဟု ရေးသားထားသည်။ ထိုကဲ့သို့ လူကုန်ကူးခြင်းများတွင် ရွှေတြိဂံဒေသတွင် လှုပ်ရှားနေကြသည့် ဒုစရိုက်ဂိုဏ်းများလည်း ပါဝင်နေကြသည်။

လာအိုနိုင်ငံအတွင်းမှ ကင်းရိုမန် ကာစီနိုရုံရှိသည့် ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်သည် ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ရေး လုပ်ငန်းများ၏ အချက်အခြာ တခုဖြစ်နေသည့်အပြင် လူကုန်ကူးမှုများ၏ ဗဟိုချက်မလည်း ဖြစ်လာသည်။ ၂၀၂၂ ခုနှစ် မတ်လအတွင်းက လွတ်လပ်သည့်အာရှအသံ သတင်းတပုဒ်တွင် လူကုန်ကူးမှု၏ သားကောင်အများစုမှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် ဖြားယောင်းခံထားရသည့် လာအို အမျိုးသမီးများ ဖြစ်ကြောင်း ဖော်ပြထားသည်။ နိုမိုခရိုင် လာအိုအမျိုးသမီးသမဂ္ဂ အဖွဲ့ဝင် တဦးက “လူကုန်ကူးမှုမှာ သားကောင်အဖြစ် ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးနှင့် မိန်းကလေးတွေ အတော်များပါတယ် “ ဟု လွတ်လပ်သည့်အာရှအသံကို ပြောပြပါသည်။ “သူတို့မိသားစုတွေက ဆင်းရဲကြတယ်၊ ပညာမတတ်ကြဘူး၊ အန္တရာယ်ကိုလည်း သတိမထားမိကြဘူး၊ ဒါ့ကြောင့် ရောင်းစားခံကြရတယ်”။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်၏ မြို့တော်နှင့် အကြီးဆုံးမြို့ဖြစ်သည့် တောင်ကြီးမြို့။ နိုင်ငံရေး အခြေအနေ ဝရုန်းသုန်းကား ဖြစ်နေခြင်း၊ စီးပွားရေးကပ်ဆိုက်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ အများဆုံး လူနည်းစု တိုင်းရင်းသားဖြစ်သည့် ရှမ်းများအပေါ် များစွာ ရိုက်ခတ်ခဲ့သောကြောင့် နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်သွားကြရသည်။ ပုံ− Shutterstock

ဘန်ကောက်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၅၀၀ အကွာတွင် တည်ရှိသည့် မဲဆောက်မြို့ရှိ စက်ရုံအလုပ်ရုံများတွင် မြန်မာ အလုပ်သမား ထောင်ပေါင်းများစွာ အလုပ်လုပ်နေကြပါသည်။ ဘန်ကောက် အနီးရှိ မဟာချိုင် တွင် အဓိက အခြေစိုက်သည့် ငါးဖမ်းလုပ်ငန်းတွင်လည်း ရွှေ့ပြောင်းမြန်မာ အလုပ်သမား ထောင်နှင့်ချီ လုပ်ကိုင်လျက်ရှိသည်။ မဲဆောက်တွင်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများသည် သမဂ္ဂများ ဖွဲ့စည်းဖို့ ကြိုးစားခဲ့သော်လည်း ထိုင်းနိုင်ငံဥပဒေအရ တရားဝင်ခြင်း မရှိပေ (ထိုင်းနိုင်ငံသားများ သာလျှင် သမဂ္ဂများသို့ ဝင်ရောက်နိုင်ခွင့်ရှိသည်)။

၂၀၂၀ ခုနှစ် အတွင်း ကိုဗစ်နိုင်တင်း ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက တရုတ်လူမျိုး အနည်းငယ်သာ ထိုင်းနိုင်ငံသို့ လာရောက်နိုင်တော့သည်။ သို့သော် ယခင်က လာရောက်ကြသူများသည် ဒုံပေနာပေခံသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် အမျိုးအစား ကွာခြားလှသည်။ အများအားဖြင့် ခဏတဖြုတ် လာရောက် လည်ပတ်သူများ ဖြစ်ကြသော်လည်း အချို့မှာမူ နေထိုင်ရန် လာကြခြင်းဖြစ်ကာ ၎င်းတို့သည် ထိုင်းနိုင်ငံ သက်သေခံ စာရွက်စာတမ်း တမျိုးမျိုးကို ဝယ်ယူရန် ငွေကြေးရှိသူများ ဖြစ်ကြသည်။ စာရွက်စာတမ်း ရရှိရန် အတွက် ရွှေတြိဂံဒေသ ထိုင်းနိုင်ငံဘက်အခြမ်းတွင်ရှိသည့် ကူမင်တန် အဆက်အနွယ်များ နေထိုင်ရာ ဖြစ်သည့် (မယ်စလောင်း၊ ထမ်ငေါ့ပ်၊ ဘန်မိုင်နောင်ဘို၊ ဖာတန်နှင့် အခြား)  နေရာများတွင် အရင်ဆုံး ဝင်ရောက် နေထိုင်ကြရသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူများကုန်ကူးနေခြင်းကို ထိထိရောက်ရောက် စုံစမ်းထောက်လှမ်းရန်အတွက် တခုတည်းသော နည်းလမ်းမှာ ရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ရာ မြို့များသို့ သွားရောက်ရပေမည်။

အသစ်ရောက်ရှိလာသော တရုတ်လူမျိုး အနေဖြင့် ထိုင်းနိုင်ငံတွင် အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယခုအခါ နိုင်ငံသားဖြစ်နေသည့် တရုတ်မိသားစုများ၏ အိမ်ထောင်စုစာရင်းတွင် အခကြေးငွေပေးကာ ၎င်းတို့၏ အမည်စာရင်းကို ထည့်သွင်းနိုင်သည်။ ပိုမိုတရားဝင်ခိုင်မာသည့် အဆင့်အတန်းကို ရရှိရန်အတွက် ၎င်းတို့ရရှိထားသည့် ဒေသတွင်း အသိအမှတ်ပြု သက်သေခံကတ်ပြားကို ဘတ် ပရာချာချုံး ခေါ် နိုင်ငံသားကတ်ပြားအဖြစ် တရားမဝင်သော နည်းလမ်းဖြင့် အဆင့်မြှင့်နိုင်ကြသည်။ ရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့် ဤကဲ့သို့ လိုက်လုပ်ရန် ခက်ခဲပါသည်။ ဒေသခံ “အင်အားကြီးသော” တရုတ်လူမျိုးများအပြင် အကျင့်ပျက် ဒေသခံ ထိုင်းအရာရှိများ ပါဝင်ပတ်သက်နေသောကြောင့် ဤအကြောင်းများကို စုံစမ်းထောက်လှမ်းရန်မှာလည်း စွန့်စားရပေလိမ့်မည်။

အကြံပေးချက်များနှင့် အသုံးပြုနိုင်သည့် အကြောင်းအရာများ

လူကုန်ကူးမှုအကြောင်း ယေဘုယျအားဖြင့် သတင်းရေးသားမည် ဆိုပါက GIJN ၏ ဤသတင်း နှင့် GIJN ၏ အရင်းအမြစ်စင်တာ တွင် ယေဘုယျ အကြံပေးချက်များရှိပါသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူများကုန်ကူးနေခြင်းကို ထိထိရောက်ရောက် စုံစမ်းထောက်လှမ်းရန်အတွက် တခုတည်းသော နည်းလမ်းမှာ ရွှေ့ပြောင်း အလုပ်သမားများ နေထိုင်ရာ မဲဆောက်၊ ချင်းမိုင်၊ မယ်ဆိုင်၊ မယ်ဟောင်ဆောင်နှင့် ဆမွတ်ဆခုံ အစရှိသည့် မြို့များသို့ သွားရပေမည်။ ဒေသခံ ဂျာနယ်လစ်များ၊ သမဂ္ဂ စည်းရုံးရေးမှူးများနှင့် အန်ဂျီအိုများသည် အကောင်းဆုံး သတင်းရင်းမြစ်များ ဖြစ်ကြသည်။

အရှေ့တောင်အာရှ အတွင်း သီးခြား အခြေအနေနှင့် ပတ်သက်သည့် နောက်ခံ သတင်းအချက်အလက်များ ရရှိရန် အတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်သည့် နေရာများမှာ−

  • ဤ ၂၀၂၂ ခုနှစ် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာန အစီရင်ခံစာ တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ လာအို အစိုးရအား အကြံပြုချက်များ ပါဝင်သည့်အပြင် တရားစွဲဆိုမှုများ၊ အကာအကွယ်နှင့် တားဆီးရေးနှင့် ပတ်သက်သည့် လက်ရှိ အခြေအနေများကိုလည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြထားသည်။
  • ဟောင်ကောင် မြို့တော်တက္ကသိုလ်၏ အရှေ့တောင်အာရှသုတေသနဌာန (SEARC) မှ ထုတ်ပြန်သည့် အစီရင်ခံတွင် ထိုင်းနိုင်ငံ မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခြေအနေကို အကဲဖြတ်ထားသည်။ ဤစာတမ်းအား အခမဲ့ကြည့်ရှုနိုင်သည့် အွန်လိုင်း ဘားမားလိုင်ဘရီ ဝက်ဆိုက်တွင် တင်ထားပါသည်။ ဤဝက်ဆိုက်သည် ဂျာနယ်လစ်များ အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း အချက်အလက် အများဆုံးရရှိနိုင်သည့် တခုတည်းသော အရင်းအမြစ် ဖြစ်သည်ဟု ဆိုနိုင်သည်။
  • ဤဒေသအတွင်းရှိ အလုပ်သမားများ အကြောင်း စုံစမ်းထောက်လှမ်းမည် ဆိုပါက ရွှေ့ပြောင်း အလုပ်သမားများအား အကူအညီပေးရန် ကြိုးစားနေကြသည့် မက်ပ်ဖောင်ဒေးရှင်း ကဲ့သို့သော ဒေသခံ အန်ဂျီအို အဖွဲ့များ သို့မဟုတ် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သည့် အစရှိသည့် Union Aid Abroad APHEDA တို့အား ဆက်သွယ်သင့်သည်။
  • အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ကထုတ်ပြန်သည့် ၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ငါးလုပ်ငန်း ကဏ္ဍကို လေ့လာထားသည့် စာတမ်း တစောင်တွင် ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအနက် ၁၄ ရာခိုင်နှုန်းသည် အတင်းအကျပ် ခိုင်းစေခံနေရသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။ အခြေအနေများ တိုးတက်လာပြီ ဖြစ်သော်လည်း အိုင်အယ်လ်အို၏ အဆိုအရ “ငါးဖမ်းနှင့် ပင်လယ်စာ ထုတ်လုပ်သည့် လုပ်ငန်းများတွင် ၂၀၁၉ ခုနှစ် အတွင်း ကွင်းဆင်းမေးမြန်းခဲ့ အလုပ်သမား လေးပုံသုံးပုံနီးနီးသည် ၎င်းတို့၏ မိသားစုများ၊ မိတ်ဆွေများမှ တဆင့် ဤအလုပ်ကို ရှာတွေ့ခြင်း သို့မဟုတ် အစုဆောင်းခံရခြင်း ဖြစ်ကြောင်းသိရသည်။ မှတ်ပုံတင်ထားသည့် အေးဂျင့်များနှင့် ပွဲစားများမရှိတော့သည့် ၂၀၁၇ ခုနှစ်မှ စတင်၍ အလုပ်သမားရှာဖွေပေးရခများ လျော့နည်းသွားပုံရသော်လည်း အလုပ်သမားများ အထူးသဖြင့် ငါးဖမ်းလုပ်သားများသည်  ၎င်းတို့ ပြောင်းရွှေ့လာရသည့် ကုန်ကျစရိတ်နှင့် ပတ်သက်၍ အလုပ်ရှင်များထံ အကြွေးတင်လျက် ရှိကြပြီး လုပ်ခလစာ ထုတ်မပေးဘဲထားခြင်း၊ လိမ်လည်လှည့်ဖြားခြင်းနှင့် အတင်းအကျပ် အလုပ်ခိုင်းစေခံရခြင်းများ ရှိသေးသည်” ဟု ဆိုပါသည်။

ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီကို ချိတ်ဆက်ထားသည့် ထိုင်း−မြန်မာ ချစ်ကြည်ရေးတံတားတွင် မြန်မာနိုင်ငံမှာ ရွှေ့ပြောင်းလာကြသူများ နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေကြစဉ်။ မဲဆောက်ရှိ ဒေသခံ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများ ထောင်နှင့်ချီရှိပေသည်။ ပုံ− Shutterstock

လေ့လာရန် ဥပမာများ
ရွှေတြိဂံဒေသနှင့် အနီးအပါး ဒေသများအား ဖြတ်သန်းသွားသည့် လူကုန်ကူးမှုနှင့် ပတ်သက်၍ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအကြောင်း သတင်းအချက်အလက်များ အနည်းအကျဉ်းသာ ရရှိပါသေးသည်။ ခြွင်းချက် အနေဖြင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသည့် မြန်မာ အလုပ်သမားများ အကြောင်း ဖော်ပြထားသည့် အယ်လ်ဂျာဇီးယား သတင်းတပုဒ် ဖြစ်သည်။ ဤသတင်းတွင် ၎င်းတို့အား အသိအမှတ် မပြုသည့် နိုင်ငံတွင် နေထိုင်နေရသည့်အကြောင်း၊ အလုပ်သမား အခွင့်အရေးအနည်းငယ်သာ ရရှိပြီး သမဂ္ဂဖွဲ့စည်းခွင့် မရသည့်အကြောင်းများ ဖော်ပြထားသည်။

ဤအကြောင်းအရာနှင့် ပတ်သက်၍ သည်ဒီပလိုမက် ကလည်း ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဆောင်းပါး တပုဒ် ဖော်ပြခဲ့သည်။ ထိုဆောင်းပါးတွင် တရုတ်စကားပြောသည့် လူများ မည်သို့မည်ပုံ ပြန်ပေး အဆွဲခဲခံရပြီး မြန်မာနိုင်ငံ အတွင်းရှိ ဒုစရိုက်ဂိုဏ်းများတွင် အတင်းအကျပ် အလုပ်လုပ်ခိုင်းခံရသည့်အကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဆိုင်ဘာမှုခင်းကျူးလွန်ရန်၊ အွန်လိုင်း ကာစီနို လုပ်ကိုင်ရန် အတွက် အင်္ဂလိပ်စကားပြောတတ်သည့် အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံသားများလည်း လူကုန်ကူးခံကြရသည်။ အဆိုပါ လူကုန်ကူးခံရသူ အရေအတွက်မှာ ၃၀၀ ထက်မနည်းရှိသည်ဟု ယုံကြည်ရကြောင်း အိန္ဒိယနိုင်ငံ မီဒီယာများ က ဖော်ပြသည်။

နေသန် ပေါလ် ဆောက်သန်း နှင့် လင်းဆေး ကနေဒီ တို့ ရေးသားသည့် ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန် အတွင်းမှ ခေတ်သစ် ကျွန်စနစ် အကြောင်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့ပြီး ကာစီနိုရုံများ၊ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများနှင့် ပြည့်တန်ဆာခန်းများတွင် အတင်းအကြပ် အလုပ်ခိုင်းစေခံရသည့် လူကုန်ကူးခံရသူများ၏ ဘဝများ အကြောင်းများ ဖော်ပြထားသည်။ ဆစ်ဒနီ မောနင်း ဟယ်ရာ ပါ ဆောင်းပါး တပုဒ်တွင်မူ ဆောက်သန်းနှင့် ကနေဒီ တို့က ရွှေတြိဂံဒေသ အထူးစီးပွားရေးဇုန်မှ အွန်လိုင်း လိမ်လည်မှု လုပ်ငန်းများ အကြောင်း အထူးပြု ရေးသားခဲ့ရာတွင် “အရှေ့တောင်အာရှ တလွှားတွင် အစောင့်အကြပ် ထူထပ်စွာချထားသည့် အော့နှလုံးနာစရာ ကောင်းလှသည့် ခြံဝင်းကြီးများတွင် ကြီးမားကျယ်ပြန့်လှသည့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းကြီးများ လုပ်ကိုင်နေကြပုံနှင့် ကြောက်စရာကောင်းလှသည့် အခြေအနေတွင် လူများကို ပိတ်လှောင်ထားပြီး ၎င်းတို့အတွက် အတင်းအကြပ် အလုပ်ခိုင်းစေကြပုံ” များကို ရှင်းလင်းပြထားပါသည်။

ဆက်လက်ဖော်ပြပါမည်

ဘာတီး(လ်)လင့်တနာ သည်  အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။

You may also like these stories:

ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်

ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း

ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု

ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု

Your Thoughts …
Tags: ဘိန်းကုန်သွယ်မှုမူးယစ်ဆေးဝါးရွှေတြိဂံဒေသလာအိုနိုင်ငံ
ဘာတီး(လ် )လင့်တနာ

ဘာတီး(လ် )လင့်တနာ

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
23.2k

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ

by Bertil Lintner
20 March 2024
17.2k

ရှမ်းတပ်များကို အမိန့်ပေးကွပ်ကဲမှု တခုတည်းအောက်တွင် ညီညွတ်စေရန် ပထမဆုံး ကြိုးစားပြီးနောက် နှစ်ပေါင်း ၆၀ ကြာသည့်တိုင် ၎င်းတို့သည် ကွဲပြားနေဆဲဖြစ်သည်။

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

ရှမ်းမြောက် အပစ်ရပ်ရေးက တရုတ်သြဇာနှင့် အကန့်အသတ်ကို ပြသနေ

by Thompson Chau
26 December 2023
13.8k

ရက္ခိုင့်တပ်တော် (AA), မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူရန် ဘေဂျင်းက တွန်းအားပေးသည်။

မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား

မြန်မာနယ်စပ်က တိုင်းရင်းသားတပ်များ တရုတ်ဩဇာ မညောင်းတော့ဘူးလား

by Bertil Lintner
9 November 2023
10.2k

မြန်မာနိုင်ငံသည် ခိုင်မာ၊ ငြိမ်းချမ်း၊ ဒီမိုကရေစီနည်းကျ ဖက်ဒရယ်နိုင်ငံဖြစ်လာပါက ပထမဆုံး ဆုံးရှုံးမှု ခံစားရမည့်နိုင်ငံမှာ တရုတ်ဖြစ်သည်။

Next Post
ကျနော်တို့ EAOs တွေ ညီညွတ်ရင် တော်လှန်ရေးက ထင်တာထက်စောပြီး အောင်မြင်လိမ့်မယ် (ရုပ်/သံ)

ကျနော်တို့ EAOs တွေ ညီညွတ်ရင် တော်လှန်ရေးက ထင်တာထက်စောပြီး အောင်မြင်လိမ့်မယ် (ရုပ်/သံ)

NUG ကို ထောက်ခံဆန္ဒပြသူများ / AFP

စစ်ကောင်စီကို ဖြုတ်ချရန် NUG ဒေါ်လာသန်း ၁၀၀ ကျော် ရန်ပုံငွေရှာထား

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

20 hours ago
3.4k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate