စစ်ကိုင်းတိုင်း မုံရွာ- မန္တလေးလမ်းပိုင်းမှာ ဧပြီလ ၁၇ ရက်နေ့ မနေ့က ကျင်းပတဲ့ သပိတ်စစ်ကြောင်းကို လုံခြုံရေးရယူပေးထားတဲ့ ချောင်းဦး PDF အဖွဲ့ဝင် ၅ ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက အလစ်အငိုက် ဖမ်းဆီး ပစ်သတ်ခဲ့ကြတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က သတင်း ထုတ်ပြန်ထားပါတယ်။
ချောင်းဦးမြို့နယ် ကပိုင်လမ်းခွဲအနီးမှာ လုံခြုံရေး ယူထားတဲ့ ချောင်းဦး PDF အဖွဲ့ဝင် ၅ ဦးနေရာကို သတင်းပေါက်သွားခဲ့ပြီး တောပုရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်က ဝင်ရောက် ပစ်ခတ်ခဲ့ကြ တာလို့ မနေ့က လုံခြုံရေးအဖွဲ့ထဲမှာပါဝင်တဲ့ မုံရွာအမှန်တရားလက်နက်ကိုင် အဖွဲ့က ဘိုးတော်နီက ဆိုပါတယ်။