စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ မိသားစုနဲ့ အတူ နယ်စပ်ဒေသကို တိမ်းရှောင်လာတဲ့ စိမ်းပြာရေညှိပညာရှင် ဦးဇော်ဟာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ စစ်တပ်ကို သရော်တဲ့ တေးသီချင်းတွေ ရေးစပ်သီဆိုပြီး အာဏာရှင်စနစ်ကို တွန်းလှန်နေသူတဦး ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေဖြစ်ကြတဲ့ ဦးဇော်ရဲ့ သားနဲ့ သမီးဟာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် ကျောင်းဆက်မတက်ဘဲ CDM ပြုလုပ်ခဲ့ပြီး အဖမ်းခံရမယ့် အရေးနဲ့ ကြုံတွေ့လာရချိန်မှာ ဦးဇော်ဟာ နယ်စပ်ဒေသကို တိမ်းရှောင်လာခဲ့တာဖြစ်ပါတယ်။
တိမ်းရှောင်ကာလအတွင်းမှာ ကဗျာတွေနဲ့ စစ်တပ်ကို သရော်တဲ့ စာတွေရေးသား ဆန့်ကျင်ခဲ့ပြီး ဒီအထဲကမှ သရော်ပြီးဆိုခဲ့တဲ့ သူ့ရဲ့ သီချင်းတွေ က လူသိများလာတာဖြစ်ပါတယ်။