• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငြိမ်းချမ်းရေး သံစဉ်တွေ ပျံ့လွင့်စေဖူးတဲ့ ဂန္ထဝင် တေးသီငှက် သို့မဟုတ် မာမာအေး

by စိုးအောင်ဆန်း
17 January 2024
in ဆောင်းပါး
A A
ငြိမ်းချမ်းရေး သံစဉ်တွေ ပျံ့လွင့်စေဖူးတဲ့ ဂန္ထဝင် တေးသီငှက် သို့မဟုတ် မာမာအေး

၂၀၁၂ ခုနှစ်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မြို့ ရောက်ရှိစဉ် Royal Festival Hall ၌ မြန်မာမိသားစုများနှင့် တွေ့ဆုံရာတွင် အဆိုတော်ကြီး ဒေါ်မာမာအေးလေး ပါဝင်ခဲ့သည် (Getty Image)

2.1k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ရန်ကုန်မြို့ရဲ့ ညကောင်းကင်ယံမှာ ငြိမ်းချမ်းရေး သံစဉ်တွေ သာသာယာယာနဲ့ ပျံ့လွင့်ခဲ့ဖူး တာကို အမှတ်တရ ရှိနေမိပါတယ်။

“ငြိမ်းချမ်းရေးသည် ပျားရည်ကဲ့သို့ အစဉ်… တမာပင် သရက်ပင် ဘာပင်ပဲ စွဲစွဲ… ချိုမြဲအရသာ မစွန့်သည် သာပင်…။…ငြိမ်းချမ်းရေး အေးမြသော ရေစင်…”

အဲဒီ ငြိမ်းချမ်းရေး ဂီတ သံစဉ်တွေကို ညကောင်းကင်ယံထဲ ပျံ့လွင့်စေသူကတော့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မြန်မာ ဂန္ထဝင် အဆိုတော်ကြီး မာမာအေး ပါပဲ။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
173
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
547
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

ရန်ကုန်မြို့ M3 စားသောက်ဆိုင်မှာ ကျင်းပတဲ့ “ငြိမ်းချမ်းရေး ဂန္ထဝင် သီချင်းသည် Mar Mar Aye Meets Jazz” ပွဲရဲ့ စင်မြင့် ထက်မှာ အဆိုတော်ကြီး မာမာအေးဟာ “ကမ္ဘာ့ ငြိမ်းချမ်းရေး” သီချင်းကို ရင်ထဲ နှလုံးသားထဲကနေ ကမ္ဘာကြီးဆီ ထုတ်လွှင့်နေတာပါ။

ဒီသီချင်းဟာ တရုတ်နိုင်ငံ ပီကင်းမြို့မှာ ၁၉၅၂ ခုနှစ်က ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံ အတွက် အလင်္ကာ ကျော်စွာ ဂီတပညာရှင်ကြီး မြို့မငြိမ်း သီကုံး ရေးဖွဲ့ခဲ့တာဖြစ်ပြီး ဒေါ်မာမာအေးက နန်းမြို့တော်မှ နိဒါန်း သဝဏ်လွှာ Album (၁၉၈၆) မှာ သီဆိုထားတာလည်း တွေ့ရ ပါတယ်။

အဲဒီ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၉ ရက်က ကျင်းပတဲ့ M3 ရဲ့ ညခင်း ဆည်းဆာ ဂီတပွဲမှာတော့ ဂန္ထဝင် အဆိုတော်ကြီး က နှစ်ယောက်တည်း နေချင်တယ်၊ စဉ်းစားကာ နေရဦးမယ်၊ အင်းလျားမှာ ဆုံစို့ကွယ်၊ ချစ်အရိပ် စတဲ့ တေးသံတွေ နဲ့လည်း ပရိသတ် ရင်ဘတ်ကို လှုပ်ခတ်စေခဲ့ပါတယ်။

“နှစ်ယောက်တည်း ဆိုရင်…စကား လက်ဆုံဝင်…ပြောရုံနဲ့ပင် အရသာ ထူး…ရူးတယ်လို့…ရူးတယ်လို့ ဆိုချင်ဆို…ကျိန်စေချင် ကျိန်ပါ့မယ်…နတ်စည်းစိမ် ဆယ်…သက်…တကယ် မမက်ပါတယ်…”

ပွဲလာ ပရိတ်သတ်တွေက နှစ်ယောက်တည်း နေချင်တယ်ကိုလည်း ငြိမ်သက် ခံစားလျက်။ တချို့က ပါလာတဲ့ ဖုန်းကင်မရာလေးတွေနဲ့ မှတ်တမ်းတင်။ မီဒီယာ တချို့ကလည်း လာရောက် ရိုက်ကူး။

ကမ္ဘာ့ ငြိမ်းချမ်းရေး သီချင်း စာသားနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး သီချင်း ထည့်သွင်း သီဆိုထားတဲ့ နန်းမြို့တော်မှ နိဒါန်း သဝဏ်လွှာ Album

ပရိသတ်ထဲမှာ မြို့မ စန္ဒရားသိမ်းမောင်လို ဂီတပညာရှင်ကြီးတွေ အပါအဝင် စာပေ အနုပညာ လောကသားတွေ များစွာ လာရောက် အားပေးကြတာလည်း တွေ့ရပါတယ်။

“လဝန်းကလေးနဲ့ တူတယ် မေ့ကိုလားကွယ်…အသည်းထဲ စွဲနေပါသတဲ့ သူညာတယ်…စဉ်းစားကာ နေရဦးမယ်” ဆိုတဲ့ သွက်လက် တေးသွားလေးကိုလည်း လိုက်ဆို ညည်းကြ။ လူငယ်တွေကြား ရင်ခုန်စရာများ ဖြစ်နေမလား…။

“စဉ်းစားကာ နေရဦးမယ်” အပါအဝင် အင်းလျားမှာ ဆုံစို့ကွယ် နဲ့ နောက်တပုဒ်ကို Jazz စတိုင်နဲ့ တီးခတ် သီဆိုတာ ဖြစ်ပြီး အဲဒီ သီချင်းတွေက ကော်ပီတွေ ဖြစ်တယ်လို့ ဒေါ်မာမာအေးက ပြောကြောင်း ပါဝင် တီးခတ် ပေးတဲ့ Jazz ဂစ်တာဆရာ ကလည်း ပြောပြပါတယ်။

ဂန္ထဝင် တေးသံရှင်ကြီးဟာ အဲဒီကတည်းက ကျန်းမာရေး ချို့တဲ့နေခဲ့တယ်လို့ ဆိုပါတယ်။

“သိပ်ဝေးရင် အဲဒီတုံးကကို Wheelchair (ဘီးတပ် ကုလားထိုင်) နဲ့ သွားရတယ်။ ဆရာဝန်က လမ်း သိပ်ပေး မလျှောက်ခိုင်းဘူး”လို့ လည်း ပြောပြပါတယ်။

“ငြိမ်းချမ်းရေး ဂန္ထဝင် သီချင်းသည် Mar Mar Aye Meets Jazz” ပွဲဟာ မြန်မာနိုင်ငံမှာ သီဆို ဖျော်ဖြေသွားတဲ့ သူ့ရဲ့ နောက်ဆုံးပွဲ လို့လည်း ဆိုရမှာပါ။

ဒါပေမယ့် ပရိတ်သတ်တွေ နားသောတဆင်ချင်ကြတဲ့ ကေသီပန်အဖွဲ့ ခေါင်းဆောင် စန္ဒယားချစ်ဆွေရဲ့ အကောင်းဆုံး လက်ရာလို့ ဆိုရမယ့် “မချစ်ပြင်ပြင်၊ မကြင်နာလေ ပြီမို့… မေ့ကွက်ကိုရှာ ….ရှာသူ မောင်ရေ…၊ မေ…. ဘယ်သူ့ကိုမှ အပြစ်လဲ မတင်ချင် ပေ…” ဆိုတဲ့ လှပတဲ့ စာသားလေးတွေနဲ့ သီကုံးထားပြီး တေးလောကမှာ နာမည်ကြီးခဲ့တဲ့ “မေ့ကွက်ကိုရှာ”သီချင်းကတော့ မပါဝင်ပေ။

ထိုစဉ်က ကေသီပန် တူရိယာအဖွဲ့မှာ မာမာအေး၊ မောင်မောင်ကြီး၊ ထား၊ ကိုမင်းနောင်၊ နွဲ့လေး၊ ကိုမြကြီး၊ ခင်မောင် လွင်၊ ရီလေး၊ ကိုတင်ထွဋ်၊ တင်တင်အောင်၊ လီလီကြာညွှန့်၊ ကိုခင်လတ်၊ ကိုချစ်မြိုင် စတဲ့ ဓာတ်ပြားရ အဆိုတော်ကြီး တွေ ပါဝင်ခဲ့ပေမယ့် အခုတော့ တော်တော်များများ မရှိကြတော့။

အဲဒီ ညက ဆောင်းအကုန် နွေအကူး ကာလ၊ ဂီတစာဆို ကိုသက်ဦး ဖွဲ့သီခဲ့တဲ့ “နှင်းပျောက်တဲ့နွေ” ကိုလည်း စွဲလမ်း အမှတ်ရနေမိပေါ့။

“နှင်း…ငွေရောင်ဖြူလွ တူစွ သန္တာပေ…ငွေရည် ပုလဲ နုတို့ စုကာ ဖြန်းတော့ လန်းဆန်းစိုပြည်…နှင်းတွေ ဝေကျ၊ ဆောင်း ဟေမန္တ၊ ပြောင်း…နှောင်းပြန်တော့လေ…ဟောင်းရွက်တွေ…မြေမှာခ ကြွေကာကျတဲ့ အခါသမယမှာပဲလေ…သြော်…နွေဦးရောက်ပြီ နှင်းလည်း ပျောက်ပြီလေ…”

အဲဒီလို နွေဦးရောက်လို့ နှင်းလည်း ပျောက် ဆိုသလိုပဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက် မနက်အစောပိုင်း အသက် ၈၁ နှစ် အရွယ်မှာတော့ ဂန္ထဝင် တေးသီချင်းသည်ကြီး ဒေါ်မာမာအေးဟာ အမိမြေမဟုတ်တဲ့ အမေရိကန် နိုင်ငံမှာ ကွယ်လွန် ခဲ့ရပါတယ်။

သူချစ်တဲ့ အမိမြေမှာ အသက်ငယ်ငယ် ၁၃ နှစ် အရွယ်လောက်မှာ သီဆိုခဲ့တဲ့ “သက်တံပေါ်မှာ ကစားမယ်” တေးသီချင်းနဲ့ စတင် အောင်မြင်ခဲ့ပြီး များစွာသော တေးသံတွေကို သီကျူးနေရင်းနဲ့ ၁၉၉၈ ခုနှစ်က အမေရိကန်ကို ရောက်ရှိသွားခဲ့သူ ဖြစ်ပါတယ်။

ပြည်ပမှာ နေထိုင်စဉ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ဂီတနဲ့ ပါဝင် အားဖြည့်ရင်း ပြည်သူ့ဘက်က ရပ်တည်မှုတွေ ကြောင့် မြန်မာ စစ်အာဏာပိုင်တွေရဲ့ ညိုညင် အမျက်ရှမှု ကိုလည်း ခံခဲ့ရပါတယ်။

သံဃာတော်တွေ ဦးဆောင်တဲ့ ၂၀၀၇ ရွှေဝါတော်လှန်ရေး ကာလမှာတော့ “အသည်းနာ ကမ္ဘာမကြေ” ဆိုတဲ့ မတရားမှုရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကို ဖော်ထုတ် ကျူးရင့်ခဲ့ပါသေးတယ်။

၁၉၈၈ အရေးအခင်း ကာလမှာလည်း အလားတူ ဂီတနဲ့ ပါဝင် အားဖြည့်ခဲ့သူလို့ သိရပါတယ်။

သူဟာ တပါတီ အာဏာရှင်ကြီး ဦးနေဝင်းထံ ဖိအားကြောင့် ဂီတနဲ့ ခစားခဲ့ရဖူးပေမယ့် နိုင်ငံနဲ့ပြည်သူကို ဆင်းရဲဒုက္ခ တွင်းထဲ ဆွဲချတဲ့ အာဏာရှင်တွေကို ရွံရှာ မုန်းတီးသူ တယောက် ဖြစ်တယ် ဆိုတာကိုလည်း သက်သေ ပြလိုက်တာပါပဲ။

မြခြူသံ၊ သူ့ကိုမှ ချစ်သည်၊ မန်ဒါလီ စတဲ့ ရုပ်ရှင် ကားတွေမှာလည်း ပါဝင် သရုပ်ဆောင်၊ ကဗျာ၊ စာညွန့်၊ ဝတ္ထု တေးသီချင်းတွေ ရေးသား၊ သီဆို၊ အဆို သင်တန်းပေး၊ တေးသံသွင်း လုပ်ငန်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရေစီရေး၊ အာဏာရှင် အမြစ်ပြတ်ရေး တို့မှာလည်း ပါဝင် အားဖြည့်ရင်း ဘဝရဲ့ နောက်ဆုံး ကာလများ အထိ သူ စွမ်းနိုင်သလောက် အနုပညာ အလုပ်တွေနဲ့ အကျိုးပြုသွားတဲ့ ဂန္ထဝင် ဂီတ ပညာရှင်ကြီး အဆိုတော် မာမာအေး တယောက် အေးမြသော ငြိမ်းချမ်းရေး ရေစင်ကို သောက်သုံးရပါစေလို့ ဂါရဝပြု နှုတ်ဆက် လိုက်ရပါတယ်….။ ။

နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာအေး၏ ကိုယ်ရေးရာဇဝင်အကျဉ်း

ငယ်ရွယ်စဉ်အခါက ဒေါ်မာမာအေးကို တွေ့ရစဉ်

မြန်မာသက္ကရာဇ် ၁၃၀၄ ခုနှစ် ဒုတိယဝါဆိုလ မြောင်းမြမြို့ ရှမ်းကုန်းပိုင်းတွင် မွေးဖွားသည်။ အမည်အရင်း မအေးမြင့်ဖြစ်သည်။

ဖခင် နှဲဆရာ ဦးအေး မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း)ဖြစ်ပြီး အသက် ၃ နှစ်ကျော်မှစ၍ ခေတ်သစ် ရာဇဝင် ပြဇတ်အဖွဲ့တွင် သီချင်းဆို ပြဇတ်ကခဲ့ပြီး အသက် ၈နှစ်တွင် စတင်အသံလွှင့်ခဲ့သည်။

သန်းသန်းမြင့် အမည်ဖြင့် စန္ဒယား မြမြအေး အပျော်တမ်းတူရိယာအဖွဲ့၊ မြင့်မြင့်အေး အမည်ဖြင့် ပွင့်ဦးတေးသံ အပျော်တမ်း တူရိယာအဖွဲ့နှင့် မြင့်သီရိ အပျော်တမ်းတူရိယာအဖွဲ့၊ မာမာအေးအမည်ဖြင့် ရဲသီဟ အပျော်တမ်း တူရိယာအဖွဲ့၊ စစ်ရဲ ဂီတတူရိယာအဖွဲ့၊ ကေသီပန် တူရိယာအဖွဲ့၊ ဂီတမာလာ သီချင်းကြီး တူရိယာအဖွဲ့၊ စောင်းဦးခင်မြင့် သီချင်းကြီး တူရိယာအဖွဲ့၊ မန္တလေး စန္ဒယား ဦးအုန်းမောင် သီချင်းကြီး တူရိယာအဖွဲ့ တို့တွင် သီဆိုဖျော်ဖြေခဲ့သည်။

၁၉၅၅ ခုနှစ်တွင် သက်တန့် ပေါ်မှာ ကစားမယ် သီချင်းဖြင့် နိုင်ငံသိ အဆိုတော်ဖြစ်လာသည်။

၁၉၅၆၊ ၅၇၊ ၅၈ ကျောင်းပေါင်းစုံ ကဗျာရွတ်ပြိုင်ပွဲတွင် အလယ်တန်း ပထမဆု သုံးနှစ်ဆက်တိုက်ရ၍ တံခွန်စိုက်ဆု နှင်းခြင်းခံရသည်။

၁၉၅၇ခုနှစ်တွင် လေးမာ ကလောင်အမည်ဖြင့် ကဗျာ စာညွှန့် သီချင်းများ ရေးခဲ့သည်။

၁၉၆၁မှ ၆၄ ခုနှစ်အထိ မြန်မာ့အသံ ဒုတိယ မြန်မာပိုင်းအစီအစဉ် လက်ထောက် ထုတ်လွှင့်ရေးမှူး၊ ၁၉၆၄မှ ၆၅ မြန်မာနိုင်ငံခေတ်ပေါ် တေးဂီတ ကောင်စီအမှုဆောင်အဖွဲ့ဝင်၊ ၁၉၆၄မှ ၇၇- မြန်မာအသံ လက်ထောက်ထုတ်လွှင့်ရေးမှူး (အလုပ်သမား ပညာပေးအစီအစဉ်)တို့ကို လုပ်ဆောင်သည်။

၁၉၆၈မှ ၇၀ခုနှစ်အထိ မြန်မာနိုင်ငံ ဂီတကောင်စီအမှုဆောင်နှင့် ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်ဖြစ် တာဝန်ယူခဲ့ပြီး ၁၉၆၉ မှ ၇၃ အတွင်း မြခြူသံ၊ သူ့ကိုမှ ချစ်သည်၊ မန်ဒါလီ ရုပ်ရှင်ဇတ်ကားကြီးများတွင် သရုပ်ဆောင်အဖြစ် ပါဝင် ရိုက်ကူးခဲ့ သည်။

၁၉၇၁ ခုနှစ်တွင် တေးသံရှင် ဓာတ်ပြားထုတ်လုပ်ရေး တည်ထောင်ခဲ့ပြီး၊ ၁၉၇၄ခုနှစ်တွင် သိုးကလေးမေမေ လုံးချင်းဝတ္တု ရေးသားခဲ့သည်

၁၉၇၆ အေး အဆိုလေ့ကျင့်ရေး ကျောင်းတည်ထောင်ခဲ့သလို ၁၉၇၇ မာမာအေး တေးဂီတလုပ်ငန်း တည်ထောင်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် အမျိုးသား ဂီတပညာရှင်များ အဖွဲ့ချုပ် အတွင်းရေးမှူး ၁ နှင့် ၁၉၉၅ ယဉ်ကျေးမှု ဝန်ကြီးဌာန မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြု ရေးရာ ကော်မတီ အဖွဲ့ဝင် စည်းဝါးသံကျ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ၁၉၉၅၊ ၉၆၊ ၉၇ ခုနှစ်များတွင် ဆိုကရေးတီပြိုင်ပွဲ အဆိုအဖွဲ့ အတွင်းရေးမှူး (မဟာဂီတ) အဖြစ် တာဝန်ယူသည်။

၁၉၉၇ ခုနှစ်တွင် Studio A အသံသွင်းခန်းတည်ထောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ခေတ္တနေထိုင်လျှက် ဂီတမှတ်တမ်းများ ရေးသားပြုစုကာ ဆေးပညာသင်တန်းများ တက်ရောက်သင်ကြားရင်း အမေရိကန်နိုင်ငံရှိ ပြည်နယ်များနှင့် အင်္ဂလန်၊ သြစတးလျား၊ ဂျပန်နိုင်ငံများသို့ သွားရောက်ကာ မြန်မာဂီတ ချစ်သူများ ကို သွားရောက် ဖျော်ဖြေလည်ပတ်ရင်း အင်္ဂလန်ဘီဘီစီ မြန်မာပိုင်းအစီအစဉ်မှ တဆင့် သောတရှင် ပြည်သူများ အတွက် ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ် ခေါင်းစဉ်ဖြင့် ရေးသားပေးပို့ အသံလွှင့်ခဲ့သည်။

၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ မြန်မာပြည် ပြန်လာပြီး ပရိသတ် အတွက် “မြို့မနှင့် မာမာအေး” ကဲ့သို့ ဖျော်ဖြေပွဲများ ပြုလုပ်သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက် အသက် ၈၁နှစ်အရွယ်တွင် အမေရိကန်နိုင်ငံ ဖို့ဝိန်းမြို့၌ ကွယ်လွန်သည်။

Your Thoughts …
Tags: Mar Mar Aye Meets JazzSliderကမ္ဘာ့ငြိမ်းချမ်းရေးငြိမ်းချမ်းရေးသံစဉ်မာမာအေး
စိုးအောင်ဆန်း

စိုးအောင်ဆန်း

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.9k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
မျက်မြင်သက်သေတွေ ပြောတဲ့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု

မျက်မြင်သက်သေတွေ ပြောတဲ့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု

မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း

မြန်မာ့ပြည်တွင်းစစ်မှ တရုတ်က ဘာလိုချင်သနည်း

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.7k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved