မျိုးဆက်သစ် 5G ကွန်ရက် အသုံးပြုနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး တက်ဘလက် “Samsung Galaxy Tab S6 5G” ထွက်ရှိလာပါပြီ။ ဆက်သွယ်ရေးကွန်ရက် နည်းပညာသစ် 5G ကို တက်ဘလက်နဲ့ အသုံးပြုချင်သူတွေအတွက် ယမန်နှစ်က မိတ်ဆက်ပေးခဲ့တဲ့ ရိုးရိုး Galaxy Tab S6 ကို 5G မော်ဒယ်အဖြစ် အဆင့်မြှင့်တင် ထုတ်လုပ်ပေးလိုက်တာပါ။ Samsung အခြေစိုက်ရာ တောင်ကိုရီးယားဈေးကွက်အတွင်း ဇန်နဝါရီ ၃၀ ရက်နေ့ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ယခု ထွက်ရှိလာတဲ့ Samsung Galaxy Tab S6 5G ဟာ Snapdragon X50 5G Modem ပါဝင်လာတာကလွဲလို့ ကျန်အချက်အလက် အားလုံး အရင် Tab S6 မော်ဒယ်တွေနဲ့ ကွာခြားမှု မရှိပါဘူး။ ဒီဇိုင်းပိုင်းအနေနဲ့လည်း 5G မော်ဒယ်မှာ စပီကာအပေါက် ပုံစံလေး အနည်းငယ် ပြောင်းသွားတာပဲ ရှိပါတယ်။
ဒါပေမဲ့ အရင်မော်ဒယ်တွေလို ကမ္ဘာ့အနှံ့ ရောင်းချသွားမှာ မဟုတ်ဘဲ တောင်ကိုရီးယားနိုင်ငံ တနိုင်ငံတည်းမှာပဲ သီးသန့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ အခြားနိုင်ငံတွေကို တင်ပို့ရောင်းချဖို့ အစီအစဉ် ရှိ၊မရှိ မသိရသေးပါဘူး။
QHD+ အရည်အသွေးရှိ ၁၀ ဒဿမ ၅ လက်မအရွယ် Super AMOLED HDR မျက်နှာပြင်၊ Snapdragon 855 Chipset ၊ စပီကာ ၄ လုံး၊ 7,040mAh ဘက်ထရီတွေ ပါဝင်တဲ့ Galaxy Tab S6 5G ကို တောင်ကိုရီးယား ဝမ် ၉၉၉,၉၀၀ (ဒေါ်လာ ၈၅၀ ခန့်) ဈေးနှုန်း သတ်မှတ်ထားပါတယ်။ 6GB RAM နဲ့ 128GB Storage မော်ဒယ်တမျိုးပဲ ထုတ်လုပ်သွားမှာဖြစ်သလို၊ အရောင်လည်း မီးခိုးရောင်တမျိုးပဲ ရရှိမှာပါ။
ဦးဆုံး ဝယ်ယူသူတွေကို ကီးဘုတ် Book Cover ၊ အထူးထုတ် S-Pen ၊ Whitestone အကြမ်းခံမှန်သား စသဖြင့် မေတ္တာလက်ဆောင် အများအပြား ပေးအပ်သွားဖို့ ရှိကြောင်း သိရှိရပါတယ်။
Ref: Gizmochina, GSM Arena
You may also like these stories:
Apple မိတ်ဖက် Pegatron ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းများ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်သို့ ပြောင်းရွှေ့
HTC က Meizu နဲ့ Gionee ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆို
Realme Buds Air ကြိုးမဲ့နားကြပ်နဲ့ Realme 5i စမတ်ဖုန်းတို့ကို မြန်မာနိုင်ငံမှာ မိတ်ဆက်