၁။ မြန်မာဂီတပွဲတော် (Myanmar Music Festival) ကို မြို့မကျောင်းလမ်းရှိ အမျိုးသားပြဇာတ်ရုံတွင် ၁၈.၆.၂၀၁၇ ရက်နေ့ ညနေ ၇ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ ဝင်းကြေးအခမဲ့ ဖြစ်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များနှင့် နိုင်ငံတကာမှ အနုပညာများ၏ တီးခတ်သီဆို ဖျော်ဖြေမှုများကို ခံစားနားဆင်နိုင်မည် ဖြစ်ကြောင်း သိရသည်။
၂။ ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာန ိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့၊ ဝဇီရာရုပ်ရှင်ရုံနှင့် Junction City ရုပ်ရှင်ရုံများတွင် ၁၄.၆.၂၀၁၇ မှ ၁၉.၆.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ပွဲတော်တွင် နိုင်ငံတကာရုပ်ရှင်ကား ၁၅ ကားနှင့် ပြည်တွင်းရုပ်ရှင် ၅၄ ကား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၃။ ရန်ကုန် အလုပ်အကိုင် ပြပွဲကြီး (Yangon Employment Fair 2017) ကို ပန်းဆိုးတန်း အထက်လမ်းရှိ Rose Garden Hotel တွင် ၁၈.၆.၂၀၁၇ ရက်နေ့ နံနက် ၉ နာရီတွင် ပြုလုပ်သွားမည် ဖြစ်သည်။ အလုပ်အကိုင်ပေါင်း ၅၀၀ ကျော် ခေါ်ယူသွားမည် ဖြစ်သဖြင့် အလုပ် လျှောက်လိုသူများသည် အလုပ်လျှောက်ရန် လိုအပ်သည့် အချက်အလက်များ ယူဆောင် လာနိုင်ကြောင်း သိရသည်။
၄။ မြန်မာစွန့်ဦးတီထွင်ပွဲတော် (First Myanmar Entrepreneurs Festival) ကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၁၆.၆.၂၀၁၇ မှ ၁၈.၆.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြည်တွင်း စွန့်ဦးလုပ်ငန်းရှင်များ အကြား ကွန်ရက် ချိတ်ဆက်မှု ကောင်းစေရန် ရည်ရွယ်ကျင်းပသည့် အဆိုပါ ပွဲတော်တွင် စီးပွားရေး လုပ်ငန်းကြီးများနှင့် အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ပြခန်းပေါင်း ၆၀ ခန့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၅။ ဟိန်းဇော်၊ မိုးသောက်၊ စိုးမိုး၊ ထက်အိမ်တို့ ယှဉ်ပြိုင်ကြမည့် အိပ်မက်ဆုံရာ ရာသက်ပန် Season-5 GRAND FINAL ပြိုင်ပွဲကြီးကို မရမ်းကုန်းမြို့နယ်၊ အောင်သိဒ္ဓိလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ Myanmar Event Park တွင် ၁၇.၆.၂၀၁၇ ရက်နေ့ည ၇ နာရီတွင် စတင်ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ဧည့်သည်အဆိုတော်များ အဖြစ် ဇော်ပိုင်၊ L ဆိုင်းဇီ တို့ ဖျော်ဖြေပေးသွားမည် ဖြစ်ပြီး လက်မှတ်ဈေးနှုန်းမှာ ၅ ထောင်ကျပ် သတ်မှတ်ထားကြောင်းသိရသည်။ 4TV Showroom များ၊ ဖုန်းနံပါတ် ၀၁၅၄၉၂၉၇၊ ၀၁၅၅၆၈၁၇ တို့တွင် ဝယ်ယူနိုင်ပါသည်။
၆။ Let my voice be heard-Photography ဓာတ်ပုံပြပွဲကို ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ Myanmar Deetta အနုပညာ ပြခန်းတွင် ၉.၆.၂၀၁၇ မှ ၁၈.၆.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် ကချင်စစ်ဘေးရှောင် ကလေးများ ကိုယ်တိုင်ရိုက်ကူးထားသော ဓာတ်ပုံများကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၇။ ကလေးများနေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်သော Hello Kitty`s Fantastic World ပွဲတော်ကို ရန်ကင်းလမ်းရှိ Golden City Myanmar အဆောက်အဦးတွင် ၁.၆.၂၀၁၇ မှ ၃၀.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ကလေးငယ်များ အတွက် ပျော်ရွင်ဖွယ် အစီအစဉ်များစွာ ပါဝင်မည် ဖြစ်ပြီး အမှတ်တရ လက်ဆောင်လေးများလည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
၈။ ပန်းချီနေမျိုး၏ Myo Haung Road ပန်းချီပြပွဲကို တက္ကသိုလ်ရိပ်သာ လမ်းရှိ အလှသစ် ပန်းချီပြခန်းတွင် ၁၇.၆.၂၀၁၇ မှ ၂၁.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ ပန်းချီပြပွဲတွင် ရေဆေး၊ အရိုင်းလစ်ပန်ချီကား ၅၀ ခန့် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
၉။ ပန်းချီအမ်ပီပီရဲမြင့် MINGALARBAR 72 ပန်းချီပြပွဲကို ပန်းပဲတန်းမြို့နယ် ၃၁ လမ်းရှိ Cloud 31 ပန်းချီပြခန်းတွင် ၁၇.၆.၂၀၁၇ မှ ၂၁.၆.၂၀၁၇ ရက်နေ့ အထိ ပြုလုပ်သွားမည် ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၂ နှစ်မြောက် မွေးနေ့ကို ရည်ရွယ်ကျင်းပသည့် အဆိုပါပန်းချီပြပွဲတွင် အခရိုင်းလစ်ပန်းချီကား ၅၄ ကားပြသသွားမည် ဖြစ်ကြောင်းသိရသည်။
၁၀။ ပန်းချီထိန်လင်း၏ Bespoke: An installation by Htein Lin အင်စတော်လေးရှင်းပြပွဲကို ဘိုကလေးဈေးလမ်းရှိ Myanmar/Art အနုပညာပြခန်း တွင် ၁၀.၆.၂၀၁၇ မှ ၂၀.၆.၂၀၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ ပြပွဲတွင် လယ်ယာသုံး ပစ္စည်းများ၊ ပန်းချီကားများနှင့် ဖန်တီးထားသည့် အင်စတော်လေးရှင်း အနုပညာလက်ရာ ၃ ခု ပြသသွားမည် ဖြစ်ပြီး ထိုပြကွက်များတွင် ပရိတ်သတ်များ ကိုယ်တိုင်လည်း အနုပညာ ဖန်တီးမှုမှာ ပါဝင်သည့် ဖန်တီးမှုမျိုး ဖြစ်အောင် စီစဉ်ထားကြောင်း သိရသည်။