အဆိုတော် ထူးအယ်လင်း ဦးဆောင်ပြီး အလှူရှင်များ စုပေါင်းကာ ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ဘေးရှောင် စခန်းများအတွက် လိုအပ်နေတဲ့ စားနပ် ရိက္ခာများ သွားရောက် လှူဒါန်းခဲ့ပါတယ်။
“၅.၆.၂၀၂၁ (စနေနေ့) မနက် ၁၀ နာရီခန့်မှာ ကျနော် မင်းတပ်မြို့ကို ရောက်ခဲ့ပါတယ်။ မြို့မှာ စစ်ဘေးရှောင်နေရာ ၁၀ နေရာ ရှိပါတယ်။ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာပါ”
“ကျနော်တို့ နောက်တခေါက် ထပ်မံ ပြန်လာပြီး မြို့ပေါ်ရှိ စစ်ဘေးရှောင် နေရာများသို့ ဆန်၊ ဆီ၊ စားနပ်ရိက္ခာများ လာရောက် ကူညီပါမယ်ဆိုတဲ့ အကြောင်းကို ပြောထားခဲ့ပါတယ်။ ဌာနဆိုင်ရာများမှလည်း မင်းတပ်မြို့သူ/မြို့သားများ မြို့ကို လာရောက်ပြန်နေကြဖို့ကို ပြောပြလာလို့ သိခဲ့ရပါတယ်”လို့ ထူးအယ်လင်းက ဆိုပါတယ်။
ဆက်လက်ပြီး ထူးအယ်လင်းက မင်းတပ်မြို့ကို နောက်တခေါက် ပြန်လာဖို့ စားနပ်ရိက္ခာများ စုဆောင်း ပြင်ဆင်မှာဖြစ်ပြီး၊ စားရေးသောက်ရေး ကျပ်တည်းနေသူတွေကို ထပ်မံ ကူညီသွားမယ်လို့ ဆိုပါတယ်။
“မင်းတပ်မြို့ကြီး အမြန် နေကောင်းကျန်းမာ သာယာစေဖို့ ဆန္ဒပြုပါတယ်။ ကျေးဇူးတော်အားဖြင့် နောက်တခေါက် ထပ်မံ တက်ရောက် ကူညီဖို့ စုဆောင်း ပြင်ဆင်ရပါမယ်ခင်ဗျာ။ သယ်ယူလာမယ့် စားသောက်ကုန် စာရင်းကို သတ်မှတ်ထားတဲ့ စည်းမျဉ်းအတိုင်း စာရင်းပြု၍ ပြရပါမယ်။ မည်သို့ပင်ဆိုစေပါဗျာ စားရေးသောက်ရေး ကျပ်တည်းနေတဲ့သူတွေကို ထပ်မံကူညီမယ်”လို့ ထူးအယ်လင်းက ပြောထားပါတယ်။
You may also like these stories:
အစ်မဖြစ်သူ ကွယ်လွန်မှု တလပြည့် ကုသိုလ်အမျှ ပေးဝေခဲ့တဲ့ ထူးအယ်လင်း
“အစ်မဖြစ်သူအတွက် သတိရတိုင်း ကုသိုလ် လုပ်ပေးမယ်”လို့ ထူးအယ်လင်း ဆို
ကျိုက်ထီးရိုးရှိ ချို့တဲ့အထမ်းသမား မိသားစု ၉၀၀ ကျော်ကို သွားလှူမယ့် ထူးအယ်လင်း