Marvel နဲ့ Sony တို့ရဲ့ တင်းမာမှုဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတင် ပြေလည်ခဲ့ပြီဖြစ်ပြီး Spider-Man ကို MCU မှာ ပြန်လည်တွေ့မြင်နိုင်ကြရတော့မှာ ဖြစ်ပါတယ်။ “Spider-Man 3” ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ရုံတင်ဖို့ Sony နဲ့ Marvel တို့က ကြေညာထားကြောင်း သတင်းတွေ ထွက်ပေါ်နေတာပဲဖြစ်ပြီး Spider-Man ပရိသတ်တွေအတွက်တော့ စောင့်မျှော်ချင်စရာပဲ ဖြစ်ပါတယ်။
Charlie Cox သရုပ်ဆောင်ခဲ့တဲ့ Daredevil ရုပ်ရှင်စီးရီးကို Netflix မှာ ပြသခဲ့ဖူးတာဖြစ်ပြီး မင်းသား Ben Affleck သရုပ်ဆောင်ခဲ့တဲ့ Daredevil ကိုလည်း ကြည့်ရှုဖူးကြမယ်လို့ ထင်ပါတယ်။
“Spider-Man: Far From Home” ရုပ်ရှင်အဆုံးမှာ Mysterio ဟာ Spider-Man ဆိုတာ Peter Parker ဖြစ်ကြောင်း ဖွင့်ချခဲ့တာဖြစ်ပြီး Peter Parker အနေနဲ့ ရှေ့နေတယောက်ဖြစ်တဲ့ Mr.Murdock (Daredevil) ကို ဥပဒေအကြံပေးအဖြစ် ကမ်းလှမ်းဖို့ရှိနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။
တကယ်လို့များ Marvel အနေနဲ့ Spider-Man 3 မှာ Daredevil ကို ပါဝင်လာဖို့ ရည်ရွယ်တယ်ဆိုရင်တော့ မင်းသား Charlie Cox ကိုသာ ဦးစားပေးရွေးချယ်သွားမယ်လို့ သိရပါတယ်။ Peter ရဲ့ရှေ့နေအဖြစ် နောက်ထပ်ထင်ကြေးပေးခံရတဲ့ ဇာတ်ကောင်ကတော့ She-Hulk ဖြစ်ပြီး Marvel အနေနဲ့ နောက်လာမယ့် ရုပ်ရှင်တွေမှာ ချိတ်ဆက်နိုင်ဖို့ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ ဆိုတာကိုတော့ အခုချိန်ထိ မသိရသေးဘူး။
Marvel နဲ့ Sony ကြားမှာ ပျောက်ဆုံးလုနီးပါး ဖြစ်ခဲ့ရတဲ့ Spider-Man ဇာတ်ကောင်နဲ့ ရုပ်ရှင်ဇာတ်ကားတွေကတော့ ရုပ်ရှင်ပရိသတ်တွေဆီ ပြန်လာဖို့ သေချာသလောက် ရှိနေပါတယ်။ နောက်ထပ် Spider-Man ရုပ်ရှင်တွေကို ဘယ်လို ဇာတ်လမ်း တည်ဆောက်ပုံမျိုးနဲ့ ဘယ်လိုအခက်အခဲတွေကို Peter Parker တယောက် ကြုံတွေ့ရမလဲဆိုတာကတော့ တွေးဆမျှော်လင့်ချင်စရာပါ။
Sony နဲ့ Marvel တို့ ဘယ်လို သဘောတူညီချက်တွေနဲ့ ညှိနှိုင်းပြီး နောက်ထပ် ဘယ်နှကားရိုက်ဖို့ သတင်းတွေ အတိအကျ မထွက်သေးပေမယ့် Spider-Man 3 တကားကတော့ သေချာပေါက် ရိုက်ကူးထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Marvel ကို ပြန်ရောက်လာခဲ့တဲ့ “Spider-Man” ရုပ်ရှင်
“Venom 3” ရုပ်ရှင်မှာ ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Spider-Man
ခန့်မှန်းထားတာထက် ဝင်ငွေ ပိုရပြီး စံချိန်တင်ခဲ့တဲ့ “Spider-Man: Far From Home” ရုပ်ရှင်
ကမ္ဘာအနှံ့ ရုံဝင်ငွေ အကောင်းဆုံး ပင့်ကူလူသားရုပ်ရှင် ဖြစ်လာတဲ့ “Spider-Man: Far From Home”