အိပ်ချိန်နည်းခြင်းက သင့်ရဲ့မှတ်ဉာဏ်ကိုလည်း ထိခိုက်စေနိုင်သလို ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နိုင်ခြေကိုလည်း ပို စေပါတယ်။
တကယ်တော့ ဦးနှောက်ဆိုတာ သင့်ရဲ့တနေ့တာ စားသုံးထားတဲ့ အာဟာရတွေကနေ ရရှိတဲ့ စွမ်းအင်ပမာဏရဲ့ ၂၀ ရာ ခိုင်နှုန်း လောက်ထိအောင် အသုံးပြု လည်ပတ်နေတဲ့ အပိုင်းတခုပါ။ ပြီးရင် အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ဓာတ်တွေကို ပြန်လည် ချေဖျက်မှုတွေကိုပါ လုပ်ဆောင်ပါတယ်။
ဓာတ်ပြောင်းလဲမှုတွေနဲ့အတူ အဆိုပါ အဆိပ်အတောက်ဓာတ်တွေက မှတ်ဉာဏ်ပိုင်းကိုလည်း ထိရောက်မှု ရှိလာစေပါ တယ်။
အထူးသဖြင့်တော့ ဦးနှောက်ကနေ စွန့်ထုတ်ဓာတ်တွေထဲမှာ Amyloid ဆိုတဲ့ အသားဓာတ်တမျိုးက ဦးနှောက်အမြှေးရောင် ရောဂါဖြစ်စေဖို့ အားပေးပါတယ်။
တနေ့တာ အချိန်အတွင်း အဆိုပါ Amyloid တွေက ဦးနှောက်အတွင်းပိုင်း ဆဲလ်တွေကြားမှာ တည်ရှိ ကပ်ညိနေတတ်ပါ တယ်။ အဆိုပါ Amyloid တွေနဲ့ အခြား အဆိပ်အတောက် ဓာတ်တွေကို ဖယ်ထုတ်မှုကို ဦးနှောက်က ကျနော်တို့ အိပ်စက် ချိန်မှာ လုပ်ဆောင်လေ့ရှိပါတယ်။
နောက်ပြီး အိပ်စက်ခြင်းက ကျနော်တို့ဦးနှောက်ကို အနားပေးရာကျသလို နောက်တရက် မနက်မှာ လန်းဆန်း ကြည်လင် မှုကို ပေးနိုင်ပါတယ်။
ဒါကြောင့် အိပ်ရေး၀၀ အိပ်မယ်၊ အိပ်ချိန် ပေးမယ်ဆိုရင် အထက်မှာ ပြောခဲ့တဲ့ Amyloidတွေ ကိုလည်း ကောင်းကောင်း ဖယ်ထုတ်နိုင်မယ်၊ အိပ်ရေးဝလို့ လူရော စိတ်ရောလည်း လန်းဆန်းသလို Amyloidတွေ ကင်းစင်မှုကနေ ဦးနှောက်အမြှေး ရောင်ရောဂါ ဖြစ်နိင်ခြေလည်း လျော့ကျလာစေတာ ဖြစ်ပါတယ်။
တကယ်လို့ အိပ်ရေးဝအောင် မအိပ်ဘူး ဆိုရင်တော့ ဖြစ်လာနိုင်တာတွေက ဦးနှောက်ကို ကျုံ့သွားစေနိုင်ပါတယ်။ အသက် ၂၀နှစ်ကနေ ၈၀အတွင်းရှိ လူ ၁၄၇ဦးကို လေ့လာချက်တွေအရ အိပ်ရေးဝအောင် မအိပ်ဖြစ်သူတွေရဲ့ ဦးနှောက်ဟာ အိပ် ရေးဝအောင် အိပ်သူတွေထက် ကျုံ့သွားတယ်ဆိုတာ တွေ့ရှိတယ်လို့ ဆိုပါတယ်။
နောက်ပြီး မစ်ရှီဂန်တက္ကသိုလ်နဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က အဖွဲတွေ ပူးပေါင်းလေ့လာမှုမှာ တရက်ကို ၅နာရီနဲ့ အောက်ဘက် အချိန်လောက်ပဲ အိပ်ရသူတွေက နေ့စဉ်ဘဝမှာ အမှားတွေ ပိုပြီး လုပ်မိ၊ ကျူးလွန်မိတယ်လို့လည်း တွေ့ရ ပါတယ်။
နောက်ဆုံး တချက်ကတော့ ဆွီဒင်နိုင်ငံ၊ အက်ဆာလာ တက္ကသိုလ်ရဲ့ လေ့လာချက်အရ အိပ်ရေးမဝသူတွေက အိပ်ရေး၀ အောင် အိပ်စက်သူတွေထက် ဦးနှောက်အမြှေးရောင်ရောဂါဖြစ်နိုင်ခြေ ၁ဆခွဲလောက်ထိအောင် ပိုတာလည်း တွေ့လာရတာပဲ ဖြစ်ပါတယ်။
ဒါဆို သေချာတာကတော့ အိပ်ရေး၀၀ အိပ်ဖို့ လိုအပ်ပါပြီ။ ဒါပေမယ့် ပညာရှင်တွေက နောက်ထပ်တချက် ထောက်ပြတာက တချို့ဟာ အိပ်ချိန်မှာ အိပ်မပျော်ကြဘူးလို့ ဆိုတာပါပဲ။
တရက်မှာ အကောင်းဆုံးအနေနဲ့ ၇ နာရီကနေ ၈နာရီ အိပ်သင့်တဲ့အတွက် တချို့က အဆိုပါ အချိန်တွေကို အိပ်ချိန်အဖြစ် ပေးပေမယ့် တကယ်တမ်း အိပ်မပျော်ကြသူတွေရှိလို့ အိပ်ရာထဲမှာ ၇ နာရီ ရှိနေသည့်တိုင်အောင် အိပ်ချိန် ၇နာရီ မရှိတတ် ဘူးလို့ ဆိုပါတယ်၊
ဒီလို အိပ်မပျော်သူတွေအတွက်ကတော့ အကောင်းဆုံးအနေနဲ့လမ်းညွှန်ထားတာက မနက်ဘက် အိပ်ရာထမှာ အိမ်အပြင် ဘက် လမ်းထွက်လျှောက်တာ ကောင်းတယ်လို့ ဆိုလာပါတယ်။
ကျန်းမာရေးလည်း ကောင်းစေသလို ဇီဝဖြစ်စဉ် မှန်ကန်စေပြီး ညဘက်မှာ အိပ်ကောင်းစေတယ်လို့ ဆိုပါတယ်။ နောက်ပြီး အိပ်ခန်းကို အတတ်နိုင်ဆုံး အလင်းလုံအောင် ထားရှိ အိပ်စက်တာ အကောင်းဆုံး အိပ်ပျော်စေသလို ဖုန်းနဲ့ တက်ဘလက် တွေကနေ တီဗီလို အရာတွေထိအောင် ပိတ်ပြီး အိပ်စက်တာ အကောင်းဆုံး အိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။
မအိပ်ခင် ရေချိုးပေးခြင်းကလည်း အိပ်ပျော်ဖို့ ပိုမို လွယ်ကူစေတယ်လို့ တွေ့ရပြီး အခြား ကျန်းမာရေးဆိုင်ရာလေ့ကျင့်ခန်း တွေကိုလည်း ပုံမှန်လုပ်ပေးမယ်၊ အာဟာရ ပြည့်ဝစာတွေကို ကယ်လိုရီ အပို မဖြစ်အောင် စနစ်တကျ စားသုံးပေးမယ်ဆိုရင် အိပ်ရေးဝပြီး ကောင်းကောင်း အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။
အိပ်ရေးဝတာနဲ့အတူ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်နိုင်ခြေလည်း လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: www.rd.com