• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငွေစက္ကူအတု ပြုလုပ်သူကို သက်ဆိုင်ရာနိုင်ငံနှင့် ပူးပေါင်း၍ အရေးယူမည်

by ကျော်မျိုး
8 December 2018
in သတင်း
A A
သထုံမြို့နယ်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ဖမ်းမိခဲ့သော ကျပ်တသောင်းတန် အတုများနှင့် ပြုလုပ်သည့်စက်  / မွန်ပြည်နယ်ရဲတပ်ဖွဲ့

သထုံမြို့နယ်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ဖမ်းမိခဲ့သော ကျပ်တသောင်းတန် အတုများနှင့် ပြုလုပ်သည့်စက် / မွန်ပြည်နယ်ရဲတပ်ဖွဲ့

22.8k
VIEWS
Share on FacebookShare on Twitter

ငွေစက္ကူအတုပြုလုပ်သူများကို သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်သမ္မတရုံးတွင် ဒီဇင်ဘာလ ၈ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ လက်ရှိဖြစ်ပွားနေသော စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သူများထံမှ ကျပ်တသောင်းတန် မြန်မာငွေစက္ကူအတုများ ဖမ်းဆီးရမိသည့်ဖြစ်စဉ်များနှင့် ပတ်သက်၍  မေးမြန်းမှုအပေါ် ပြောကြားခဲ့ခြင်းဖြစ်သည်။

RelatedPosts

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

14 July 2025
1.4k
အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

14 July 2025
621
မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

မော်ချီး ခဲလုပ်ငန်းကို စစ်ကောင်စီ ဗုံးထပ်ကြဲ ၆ ဦးသေဆုံး (ရုပ်/သံ)

14 July 2025
41

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ငွေစက္ကူ အတုလုပ်တဲ့လူတွေကိုတော့ ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန် အရေးယူမယ်။ ပေါ်ပေါက်အောင် စစ်ဆေးဆောင်ရွက်မယ်” ဟု ပြောသည်။

ဆက်လက်ပြီး “ နိုင်ငံချင်း ပူးပေါင်းဆောင်ရွက်ဖို့လည်း ရှိပါတယ်။ ဒီဟာတွေက ဘယ်ကလာလဲ။ ဘယ်က ထွက်လဲဆိုတာ ကျနော်တို့က ဥပမာ ပြည်တွင်း မဟုတ်ဘူးဆို ပြည်ပနဲ့ ဆက်စပ်လား၊ ဆက်စပ်တယ်ဆို ကျနော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ဖော်ထုတ်သွားဖို့ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်သော စင်္ကာပူနိုင်ငံသားစုံတွဲထံမှ ကျပ်တသောင်းတန် ငွေစက္ကူ အတုများတွေ့ရှိသဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ထိုငွေများမှာ စင်္ကာပူနိုင်ငံရှိ ငွေလှဲလှယ်ရေးလုပ်ငန်းများမှ လဲလှယ် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး စင်္ကာပူရဲများကလည်း ငွေလဲလှယ်ရေးလုပ်ငန်း ၁၈ ခုကို ရှာဖွေခဲ့ရာ AG နှင့် AE အက္ခရာတို့ဖြင့် စပြီး အမှတ်စဉ်နံပါတ်များ တထပ်တည်းတူညီနေသည့်  တသောင်းတန် မြန်မာငွေစက္ကူများကို တွေ့ရှိခဲ့ကြောင်း Channel News Asia သတင်းတွင် ဖော်ပြထားသည်။

အဆိုပါစင်္ကာပူနိုင်ငံသားနှစ်ဦးသည် လက်ရှိတွင် စင်္ကာပူသံရုံး၏ အကူအညီရယူနေကြောင်း သိရသည်။

အလားတူဖြစ်စဉ်အနေဖြင့် ငွေစက္ကူအတု သတင်းအရ ရဲတပ်ဖွဲ့မှ ရှာဖွေစစ်ဆေးစဉ် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်နေ အမျိုးသမီးငယ်တဦးထံမှ ကျပ်တသောင်းတန် ငွေစက္ကူအတု သိန်း ၃၀ ခန့်ကို ဒီဇင်ဘာလ ၆ ရက်က တွေ့ရှိခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါငွေစက္ကူ အတုများကို  စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ခြင်းအတွက် ရရှိခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ဖြစ်သူက စင်္ကာပူနိုင်ငံရှိ ငွေလဲလှယ်ရေးလုပ်ငန်းတခုတွင် လဲလှယ်ကာ လုပ်အားခအဖြစ်ပေးချေခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း သိရသည်။

ယင်းအမျိုးသမီးငယ်ကို ဒိုက်ဦးမြို့မရဲစခန်း (ပ) ၁၄၂၀/ ၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ငွေကြေး လည်ပတ်စီးဆင်းမှုရာ၌ ပြည်သူများလက်တွင်းသို့ ငွေကြေးအတုများ ရောက်ရှိလာတတ်ပြီး ဘဏ်ငွေလွှဲခြင်းကဲ့သို့သော ကိစ္စများတွင် ငွေအတုဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ နစ်နာဆုံးရှုံးမှုများရှိနေကြောင်း၊ ငွေအတုပြုလုပ်သူများကို အဓိက ဖမ်းမိစေလိုကြောင်း လူမှုကွန်ယက်သုံးစွဲသူများက  ဝေဖန်မှုများရှိနေသည်။

ငွေစက္ကူအတုပြုလုပ်ခြင်းသည် ရာဇဝတ်ပြစ်မှုဖြစ်ပြီး အတုတွေ့ရှိသည်နှင့် ဖမ်းဆီးထိန်းသိမ်း၍ အမှုပေါ်ပေါက်မှုအရ ကွင်းဆက်ဖော်ထုတ် အရေးယူနေကြောင်း၊ ပြည်သူများအနေဖြင့် ငွေအတုမလုပ်သော်လည်း လက်ဝယ်ရောက်ရှိလာသည့် ငွေအတုအချို့အတွက် နစ်နာဆုံးရှုံးမှုရှိနိုင်ပြီး ပြည်သူတဦးချင်း၏ နစ်နာမှုအပေါ် အစိုးရက လိုက်လံံဖြေရှင်းရန် ခက်ခဲကြောင်း ဦးဇော်ဌေးက ပြောသည်။

“ကာယကံရှင်တွေကတော့ ဒီအပေါ်မှာ အတုရလာတဲ့အတွက် နစ်နာမှုကတော့ ကျနော်တို့ အစိုးရအနေနဲ့ လူတိုင်းလူတိုင်းကို လိုက်ပြီးတော့ ဖြေရှင်းဖို့တော့ ခက်တယ်လို့ ကျနော်ပြောချင်တယ်”ဟု ဆိုသည်။

ဥပဒေတွင် ငွေအတုကို ကိုင်ဆောင်ခွင့်မရှိဟု ပြဌာန်းထားသည့်အတွက်  ပြည်သူများအနေဖြင့် ငွေအတုကို သတိပြုရန်လိုမည်ဖြစ်ကြောင်း၊ ငွေအတုနှင့် ပတ်သက်ပြီး စွပ်စွဲခံရပါက မိမိတွင် အပြစ်မရှိလျှင် ခိုင်လုံသောအထောက်အထားများ တင်ပြနိုင်ရမည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးဖြစ်သည့် လယ်ဝေးမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ပြောသည်။

ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ကလည်း “ငွေအတုက အပြင်မှာ အတုဖြစ်ပြီး ဝင်သလား၊ တိုင်းပြည်ထဲမှာပဲ အတု ထုတ်သလား ဆိုတာကလည်း သိဖို့ ခက်ခဲပါတယ်။ ကိုယ့်ပြည်တွင်းလူပဲ ဖြစ်ဖြစ် ပြည်ပက လူပဲဖြစ်ဖြစ် ကိုယ်တိုင်မလုပ်ဘဲနဲ့ မသိနားမလည်လို့ ဖြစ်လာရတဲ့ ကိစ္စမျိုးဆို နစ်နာမှု မရှိအောင် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြည်သူတွေဘက်က ပြောချင်ပါတယ်” ဟု ပြောသည်။

ငွေစက္ကူအတု ပြဿနာနှင့်ပတ်သက်ပြီး အတုပြုလုပ်သူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားသကဲ့သို့ လက်ရှိအသုံးပြုနေသော ငွေကြေးများကို တရားမဝင်ဟု ကြေငြာသည့် ကိစ္စမျိုး ပြုလုပ်မည်မဟုတ်ကြောင်းလည်း ဦးဇော်ဌေးက ဆိုသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေတွင် မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တမျိုးမျိုးကို အတုမှန်းသိလျှက်နှင့် သုံးစွဲခြင်းမပြုလုပ်ရဟု တားမြစ်ထားပြီး ပုဒ်မ ၁၀၅ ၌ ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ထို့အပြင် မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းတမျိုးမျိုးကို အတုပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း မပြုလုပ်ရဟု ဗဟိုဘဏ်ဥပဒေတွင် တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ပုဒ်မ ၁၀၆ အရ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး အနှစ် ၂၀ အထိ ချမှတ်ရမည်ဖြစ်ပြီး သက်သေခံပစ္စည်းများကို သိမ်းယူရမည်ဟု ပြဌာန်းထားသည်။

ဆက်စပ်ဖတ်ရှုရန် 

မြန်မာငွေစက္ကူအတုကြောင့် ငွေလဲလှယ်ရေးလုပ်ငန်းများကို စင်ကာပူရဲက ရှာဖွေစစ်ဆေးနေ

သထုံတွင် ကျပ် သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ ၁ သောင်းတန် အတုများဖမ်းမိ

၁ သောင်းတန် ငွေတုထုတ်ပြီး ငွေချေးလုပ်ငန်း လုပ်သူ ပျဉ်းမနားတွင် ဖမ်းမိ

Your Thoughts …
Tags: ငွေစက္ကူအတုစင်္ကာပူတသောင်းတန်ဦးဇော်ဌေး
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

ငွေကြေးခဝါချသူနှင့်အတူ ညစာစားပွဲ တက်၍ စင်္ကာပူ နိုင်ငံရေးသမားများ ဖိအားပေးခံနေရ

ငွေကြေးခဝါချသူနှင့်အတူ ညစာစားပွဲ တက်၍ စင်္ကာပူ နိုင်ငံရေးသမားများ ဖိအားပေးခံနေရ

by ဧရာဝတီ
7 May 2025
3.2k

ဝန်ကြီးချုပ်ရုံးနှင့် PAP က အဆိုပါ ဓာတ်ပုံများနှင့် ပတ်သက်ပြီး လတ်တလော မှတ်ချက်မပေးသေးပေ။

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

by ဧရာဝတီ
15 December 2023
2.2k

စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးမြှင့်ခြင်းနှင့် သံရုံးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စင်္ကာပူရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

စာရေးဆရာမကြီး ခင်စောတင့်

အပြစ်ကင်းစွာဖြင့်

by ခင်စောတင့်
9 July 2023
3.7k

ပွဲစားတွေက အလုပ်ရမယ်၊ လခကောင်းမယ် ဆိုပြီး ခေါ်လာကြပြီး စင်္ကာပူကျတော့ ထင်တဲ့အတိုင်း ဖြစ်မလာကြဘူး၊ ဒီမှာလည်း စီးပွားရေးတွေ ကျနေတယ်။ အပြစ်ကင်းစင်တာလေး ပျောက်ကွယ် မသွားစေနဲ့…။

သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး  / ထက်နိုင်ဇော် /  ဧရာဝတီ

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွတ်မြောက်

by ဧရာဝတီ
26 June 2021
96.8k

အာဏာမသိမ်းမီ နောက်ဆုံးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူပြောတာတွေကို တပ် ချုပ်က တော်တော် စိတ်ဆိုးတယ်လို့ ကျနော်တို့ သိရတယ်။ ရွေးကောက်ပွဲရလဒ်ကို ဝေဖန်တဲ့လူတွေ၊ အဖွဲ့အစည်းတွေက Political Suicide နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်မယ်ဆိုပြီး ပြောတာ။ သူက...

လူသေကောင်တွေနဲ့ စကားပြောတဲ့ အာဆီယံ (ရုပ်/သံ)

လူသေကောင်တွေနဲ့ စကားပြောတဲ့ အာဆီယံ (ရုပ်/သံ)

by ဧရာဝတီ
31 May 2025
60

Editorial Talk

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ်သစ် ပွန်ပီမို ကန်ချလာနက် / Bangkok Post

မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး

by ဧရာဝတီ
13 June 2022
12.8k

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာစစ်ကောင်စီနှင့်ပတ်သက်ပြီး ဝိုင်းကျဉ်သည့် စကားမျိုးပြောနေခြင်းသာ မလုပ်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ်သစ်က ပြောသည်။

Next Post
ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဟိန်း  / မိုးမိုး / ဧရာဝတီ

“ရွာတွေ ခြောက်ပြီး စီးပွားရေးတွေ ထိကုန်ပြီ”

အစာစားပုံကနေ အခြားလူတယောက်ရဲ့ အကျင့်ကို ခန့်မှန်းကြည့်လို့ ရပါတယ်

အစားစားတဲ့ပုံစံက ပြောနေတဲ့ သင့်ရဲ့ အကျင့်များ

No Result
View All Result

Recommended

NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

6 days ago
3.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate