အင်ဒိုနီးရှားနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူအများအပြားတွင် စတင်ထိုးနေပြီး ထိုစီမံကိန်းအရ လူအုပ်စုလိုက်ရောဂါခံနိုင်ရည် အလျင်အမြန်ရှိလာရန်နှင့် စီးပွားရေးကို ပြန်လည်ရှင်သန်စေရန် သက်ကြီးရွယ်အိုများကို ဦးစားပေးခြင်းမပြုဘဲ အလုပ်လုပ်သော အရွယ်ရောက်ပြီးသူများကိုသာ ဦးစားပေးသောကြောင့် အခြားနိုင်ငံအများအပြားက အင်ဒိုနီးရှားကို အနီးကပ်စောင့်ကြည့်နေကြသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့သော နိုင်ငံအများအပြားသည် ကိုဗစ်-၁၉ ရောဂါကြောင့် ပိုမိုထိခိုက်နိုင်ခြေရှိသော သက်ကြီးရွယ်အိုများကို ဦးစားပေးကာ ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်သည်။
ရှေ့တန်းမှ လုပ်ကိုင်နေရသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုပေးသူများပြီးလျှင် အလုပ်လုပ်နိုင်သော အသက်အရွယ်ရှိသူများကို ဦးစားပေးသည့် အင်ဒိုနီးရှားနိုင်ငံ ၏ နည်းလမ်းနှင့်ပတ်သက်သည့် ကောင်းမွန်သော အချက်များနှင့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များအပေါ် ကျွမ်းကျင်သူများ၏ အမြင်များကို အောက်တွင်ဖေါ်ပြထားသည်။
အသက် ၁၈ နှစ်မှ ၅၉ နှစ်အထိကို မည်သည့်အတွက် ဦးစားပေးသနည်း
နိုင်ငံတွင် အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြားအရွယ်များကို စမ်းသပ်နေစဉ် အသက်အရွယ်ကြီးရင့်သူများတွင် ကာကွယ်ဆေး၏ ထိရောက်မှုနှင့်ပတ်သက်သည့် လုံလောက်သော အချက်အလက်မရသေးကြောင်း တရုတ်နိုင်ငံ၏ Sinovac Biotech မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများကို အလုံးအရင်းဖြင့် စတင်ထိုးပေးနေသည့် အင်ဒိုနီရှားနိုင်ငံကပြောသည်။
“ကျနော်တို့က အများလက်ခံထားတဲ့ အယူအဆကို ဆန့်ကျင်နေတာ မဟုတ်ဘူး” ဟု ကျန်းမာရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတဦးကပြောပြီး အသက်အရွယ်ကြီးရင့်သူများအတွက် ကာကွယ်ဆေး စီမံချက်များကို ဆုံးဖြတ်ရန် အာဏာပိုင်များသည် နိုင်ငံ၏ ဆေးဝါးလုပ်ထုံးလုပ်နည်း ကြီးကြပ်သည့်အဖွဲ့ထံမှ ထောက်ခံချက်များကို စောင့်နေမည်ဖြစ်ကြောင်း ပြောသည်။
အင်ဒိုနီရှားနိုင်ငံသည် Sinovac ၏ CoronaVac ၁၂၅.၅ သန်း ဝယ်ယူမည့် သဘောတူညီချက် ရရှိထားပြီး ပထမဆုံး ပေးပို့သည် ဆေး ၃ သန်းမှာ နိုင်ငံသို့ရောက်နေပြီးဖြစ်သည်။
ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုသည် အသက်အရွယ်အားလုံးတွင် ထိရောက်မှုရှိကြောင်း ပြသသည့် Pfizer Inc နှင့်၎င်း၏ မိတ်ဖက် BioNTech တို့က ထုတ်လုပ်သည့် ကာကွယ်ဆေးများကို စတင်ထိုးပေးနေသော်လည်း အင်ဒိုနီးရှားနိုင်ငံမှာ ကနဦးအားဖြင့် Sinovac ကာကွယ်ဆေးကိုသာ ရရှိသေးသည်။
အင်ဒိုနီရှားနိုင်ငံသည် Sinovac ၏ CoronaVac ၁၂၅.၅ သန်း ဝယ်ယူမည့် သဘောတူညီချက် ရရှိထားပြီး ပထမဆုံး ပေးပို့သည် ဆေး ၃ သန်းမှာ နိုင်ငံသို့ရောက်နေပြီးဖြစ်သည်။
Pfizer ကာကွယ်ဆေးမှာ အင်ဒိုနီးရှားသို့ တတိယသုံးလပတ်မှသာ ရောက်ရှိမည်ဟု မျှော်လင့်ရပြီး AstraZeneca နှင် Oxford တက္ကသိုလ်တို့က ထုတ်လုပ်သည့် ကာကွယ်ဆေးကို ဒုတိယ သုံးလပတ်တွင် စတင်ဖြန့်ချိမည်ဖြစ်သည်။
“မှန်ကန်တဲ့နည်းလမ်းနဲ့ပတ်သက်ပြီး ဘယ်သူမှ တရားသေမှတ်လို့ မရဘူးလို့ ကျနော်ထင်တယ်” ဟု သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ ပီတာ ကိုလစ်ဂ်နွန် ပြောကြားပြီး အင်ဒိုနီးရှားနိုင်ငံ၏ နည်းလမ်းသည် ကူးစက်မှုနှေးကွေးသွားစေနိုင်သော်လည်း သေဆုံးမှုနှုန်းအပေါ် သက်ရောက်မှု မရှိနိုင်ကြောင်းပြောသည်။
“အင်ဒိုနီးရှားက အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနဲ့မတူတဲ့ နည်းလမ်းကိုသုံးတဲ့အတွက် အင်ဒိုနီးရှား မှာ ထူးခြားတဲ့ထိရောက်မှုရှိလား အမေရိကနဲ့ ဥရောပမှာ သုံးတဲ့နည်းလမ်းကြောင့် ပိုမိုထိရောက်တဲ့ သက်ရောက်မှုရှိလားဆိုတာကို သိရမှာ ဖြစ်လို့ တန်ဖိုးရှိတယ်။ ဒါပေမယ့် ဘယ်သူမှ အဖြေကို မသိသေးဘူး” ဟုလည်း သူပြောသည်။
“ငယ်ရွယ်ပြီး အလုပ်လုပ်နေတဲ့သူတွေပိုမို တက်ကြွလှုပ်ရှားတယ်၊ လူမှုဆက်ဆံရေး ပိုများတယ်။ ခရီးပိုသွားတယ်။ ဒါကြောင့် ဒီသေနင်္ဂဗျူဟာဟာ အသက်ကြီးပိုင်းကို ကာကွယ်ဆေးထိုးတာထက် ပိုမိုပြီး ရောဂါကူးစက်မှု လျှော့ချပေးနိုင်တယ်”
အင်ဒိုနီးရှား နိုင်ငံ အသုံးပြုသောနည်းလမ်း၏ သဘောတရား အကြောင်းရင်းကို နားလည်နိုင်ကြောင်း စင်္ကာပူအမျိုးသား တက္ကသိုလ် Yong Loo Lin ဆေးကျောင်းမှ ပါမေက္ခ ဒေးလ်ဖစ်ရှာပြောသည်။
“ငယ်ရွယ်ပြီး အလုပ်လုပ်နေတဲ့သူတွေပိုမို တက်ကြွလှုပ်ရှားတယ်၊ လူမှုဆက်ဆံရေး ပိုများတယ်။ ခရီးပိုသွားတယ်။ ဒါကြောင့် ဒီသေနင်္ဂဗျူဟာဟာ အသက်ကြီးပိုင်းကို ကာကွယ်ဆေးထိုးတာထက် ပိုမိုပြီး ရောဂါကူးစက်မှု လျှော့ချပေးနိုင်တယ်” ဟု သူပြောသည်။
“အသက်ကြီးတဲ့သူတွေဟာ ပြင်းထန်တဲ့ရောဂါနဲ့သေဆုံးမှုအန္တရာယ် ပိုမိုများပြားတယ်၊ ဒါကြောင့် သူတို့ကို ကာကွယ်ဆေးထိုးရမယ်ဆိုတာလည်း နောက်ထပ်သဘောတရား အကြောင်းရင်းတခုပေါ့။ ဒီသေနင်္ဂဗျူဟာ နှစ်ခုလုံးမှာ သူ့တန်ဖိုးနဲ့သူ ရှိတယ်” ဟုလည်း သူပြောသည်။
ရောဂါခံနိုင်ရည် အလျင်အမြန် ရနိုင်မည်လား
လူမှုရေးအရ ပိုမိုလှုပ်ရှားသွားလာပြီး စီးပွားရေးအရ တက်ကြွသော အုပ်စုကို ပထမဦးစားပေး ကာကွယ်ဆေးထိုးပေးခြင်းဖြင့် herd immunity လူအုပ်စုလိုက်ရောဂါခံနိုင်ရည် ပေါ်ပေါက်မှုကို အလျင်အမြန်ဖြစ်စေမည်ဟု အင်ဒိုနီးရှား အစိုးရ မျှော်လင့်နေသည်။
အုပ်စုလိုက်ရောဂါခံနိုင်ရည် ဖြစ်ပေါ်လာရန် နိုင်ငံလူဦးရေ၏ ၆၇ ရာခိုင်နှုန်းဖြစ်သော လူ ၁၈၁.၅ သန်းကို ကာကွယ်ဆေးထိုးရန် လိုကြောင်းနှင့် ကာကွယ်ဆေး ၄၂၇ သန်းလိုကြောင်း အင်ဒိုနီးရှား ကျန်းမာရေး ဝန်ကြီး ဘူဒီ ဂန်နာဒီ ဆာဒီခင် ပြောသည်။ ဆေးကို နှစ်ကြိမ်ထိုးရသည့် စနစ်နှင့် ၁၅ ရာခိုင်နှုန်းကို လေလွင့်ဆုံးရှုံးမှုအဖြစ် သတ်မှတ်ရသောကြောင့် ထိိုအရေအတွက်လိုခြင်းဖြစ်သည်။
ကာကွယ်ဆေးထိုးပြီးသူများသည် ဗိုင်းရပ်စ်ကို ဖြန့်ချိနိုင်ခြင်း ရှိ မရှိ သေချာပေါက်သိရန် သုတေသနများကို ပိုမိုလုပ်ဆောင်ရန် လိုနေသေးသောကြောင့် လူအုပ်စုလိုက်ရောဂါခံနိုင်ရည်ပေါ်ပေါက်ခြင်းနှင့် ပတ်သက်ပြီး အချို့ကျွမ်းကျင်သူများ သံသယရှိသည်။
“လူတွေက ရောဂါကို တခြားသူတွေဆီ သယ်ဆောင် ကူးစက်စေနိုင်မယ့် အန္တရာယ်ကလည်း ရှိန်ိုင်တယ်” ဟု အင်ဒိုနီးရှား ကျန်းမာရေးဆိုင်ရာ စီးပွားရေးအသင်း အကြီးအကဲ ဟက်စ်ဘူလာ သာဘရန်နီ ပြောသည်။
စီးပွားရေးနာလန်ထရန် အထောက်အကူပြုမည်လား
အသက် ၁၈ နှစ်မှ ၅၉ နှစ်အရွယ်များသည် အခြားအသက်အရွယ်အုပ်စုများထက် စားသုံးမှု လိုအပ်ချက် ပိုမိုမြင့်မားကြောင်း မန်ဒီရီ ဘဏ်မှ စီးပွားရေး ပညာရှင် ဖိုင်ဆယ်ရက်ချ်မင်းပြောသည်။
“အိမ်ထောင်စုတွေရဲ့ ဝယ်ယူစားသုံးမှုတွေက အင်ဒိုနီးရှားစီးပွားရေးမှာ ၅၀ ရာခိုင်နှုန်းရှိတော့ သူတို့တွေက စီးပွားရေးနာလန်ထမှုကို မြန်အောင် အထောက်အကူပြုနိုင်တယ်” ဟု သူပြောပြီး ကိုဗစ်-၁၉ ကူးစက်မှု နိုင်ငံတွင် များပြားနေခြင်းကြောင့် အများပြည်သူ ယုံကြည်မှုကျဆင်းမည့် အန္တရာယ်လည်း ရှိကြောင်း သူသတိပေးသည်။
ကမ္ဘာ့ကပ်ရောဂါသည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး စီးပွားရေးဖြစ်သော အင်ဒိုနီးရှားကို ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် လွန်ခဲ့သောနှစ်က စီးပွားဆုတ်ကပ်အတွင်း ကျရောက်စေခဲ့ပြီး အစိုးရ၏ခန့်မှန်းချက်အရ စီးပွားရေး ၂.၂ ရာခိုင်နှုန်း ကျုံ့သွားသည်။
ကိုးကား။ ။ Reuters ၏ Why Indonesia is vaccinating its working population first, not elderly
You may also like these stories:
အန္တရာယ်ကင်းစွာနဲ့ ကာကွယ်ဆေးထိုးနိုင်အောင် စီစဉ်ထားတယ်
အင်ဒိုနီးရှားမှာ COVID-19 ကူးစက်လူနာပေါင်း ၁ သန်း ပြည့်ပြီ
ဆမွတ်ဆခွန်မှာ တရက်တည်း COVID-19 ကူးစက်ခံထားရသူ ၉၁၄ ဦး တွေ့ရှိ