အကျိုးအမြတ်များလှသော ကျောက်မျက်လုပ်ငန်းမှ ဝင်ငွေကို ကန့်သတ်ခြင်းဖြင့် မြန်မာစစ်ကောင်စီ ခေါင်းဆောင်များကို ဖိအားပေးသည့်အနေဖြင့် မြန်မာမှထွက်သော ကျောက်မျက်များကို ဝယ်ယူမှု ရပ်ဆိုင်းရန် အဓိက လက်ဝတ်ရတနာ လုပ်ငန်းများကို လူ့အခွင့်အရေးအဖွဲ့များက တိုက်တွန်းနေသည်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု မတိုင်ခင်ကပင် လိုင်စင်သစ်များချပေးခြင်းကို ရပ်ဆိုင်းထားသော်လည်း မြန်မာစစ်အုပ်စုက ကျောက်မျက်လုပ်ငန်းတွင် မည်သို့ ပါဝင်ပတ်သက်နေသည်ကို Global Witness အဖွဲ့က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာ့ကျောက်မျက်များ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းခြင်းကို ပိတ်ပင်မည့် မြန်မာနိုင်ငံအက်ဥပဒေ ၂၀၂၁ (Burma Act of 2021) ကို အမေရိကန် ကွန်ဂရက်တွင် အတည်ပြုရန်စောင့်ဆိုင်းနေစဉ် ထိုအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ကျင့်ဝတ်နဲ့အညီ ထုတ်လုပ်တဲ့ မြန်မာ့ပတ္တမြားဆိုတာ မရှိဘူး” ဟု Global Witness အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာ ဝါရင့် တက်ကြွလှုပ်ရှားသူ ကလဲ ဟန်မွန်း ပြောသည်။ “ဒီကျောက်မျက်တွေကို လူသားတွေရဲ့ ဆက်စပ်မှုနဲ့ မေတ္တာတရား သင်္ကေတအဖြစ် ရောင်းကြတယ်။ ဒါပေမယ့် ဖြန့်ချိရေးကွင်းဆက်က နက်ရှိုင်းတဲ့ အဂတိ လိုက်စားမှုနဲ့ ကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်နေတယ်” ဟု သူကပြောသည်။
မည်သည့်အချိန်က တင်သွင်းခဲ့သည်ဖြစ်စေ မြန်မာမှလာသော ကျောက်မျက်များကို ရောင်းချတော့မည် မဟုတ်ကြောင်း အဆင့်မြင့် လက်ဝတ်ရတနာရောင်းချသော Harry Winston က လွန်ခဲ့သော သီတင်းပတ်က ကြေညာသည်။
ကျောက်မျက်များ၏ ရင်းမြစ်များကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း မြန်မာ့ကျောက်မျက်ပါဝင်သော ပစ္စည်းများကို အရောင်းစာရင်းမှ ပယ်ဖျက်ထားမည်ဖြစ်ကြောင်း အိန္ဒိယကျောက်မျက် ကုမ္ပဏီ Vaibhav Global က နိုဝင်ဘာလ နှောင်းပိုင်းတွင် ကြေညာသည်။
ကျောက်မျက်များ၏ ရင်းမြစ်များကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း မြန်မာ့ကျောက်မျက်ပါဝင်သော ပစ္စည်းများကို အရောင်းစာရင်းမှ ပယ်ဖျက်ထားမည်ဖြစ်ကြောင်း အိန္ဒိယကျောက်မျက် ကုမ္ပဏီ Vaibhav Global က နိုဝင်ဘာလ နှောင်းပိုင်းတွင် ကြေညာသည်။ Vaibhav Global ၏ ထုတ်ကုန်များကို Amazon, Overstock နှင့် Walmart အပါအဝင် အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချသည်။
စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာအပြီး မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သောကြောင့် အရေးယူပိတ်ဆို့မှုများကို ၂၀၁၆ ခုနှစ်တွင် ရုတ်သိမ်းခဲ့သော်လည်း Tiffany & Co. သည် မြန်မာကျောက်မျက်များ တင်သွင်းခြင်းကို ပြန်လည်စတင်ခဲ့ခြင်း မရှိပေ။ Cartier, Zales, Kay Jewelers နှင့် Jared chains ပိုင်ရှင် Signet Jewelers နှင့် Boodles တို့ကလည်း မြန်မာမှ ကျောက်မျက်များကို မဝယ်ကြောင်း ကြေညာထားသည်။
ပဋိပက္ခ ဖြစ်ပွားနေသည့် မိုးကုတ်နှင့် အခြား ကျောက်မျက်ရတနာ လုပ်ကွက်များမှ ထုတ်လုပ်သည့် ကျောက်မျက်များဖြင့် ပြုလုပ်သော လက်ဝတ် ရတနာများသည် အဖိုးတန်သောကြောင့် တန်ဖိုးကြီးသည့် မြန်မာမှ ခိုသွေးပတ္တမြားများနှင့် အခြားလှပသော ကျောက်မျက်များကို အွန်လိုင်းတွင် အလွယ်တကူ ရနိုင်သေးသည်။
သို့သော် ပဋိပက္ခ ဖြစ်ပွားနေသည့် မိုးကုတ်နှင့် အခြား ကျောက်မျက်ရတနာ လုပ်ကွက်များမှ ထုတ်လုပ်သည့် ကျောက်မျက်များဖြင့် ပြုလုပ်သော လက်ဝတ် ရတနာများသည် အဖိုးတန်သောကြောင့် တန်ဖိုးကြီးသည့် မြန်မာမှ ခိုသွေးရောင် ပတ္တမြားများနှင့် အခြားလှပသော ကျောက်မျက်များကို အွန်လိုင်းတွင် အလွယ်တကူ ရနိုင်သေးသည်။
ကျောက်မျက်နှင့် လက်ဝတ်ရတနာ လက်လီရောင်းသူများ အားလုံးအနေဖြင့် ထိုသို့သော ရောင်းဝယ်မှုများ ရပ်တန့်ရန် Global Witness နှင့် အခြားအဖွဲ့အစည်းများက တိုက်တွန်းနေပြီး ကျောက်စိမ်းနှင့် ကျောက်မျက် လုပ်ငန်းသည် စစ်အုပ်စုအတွက် အထူးသဖြင့် ကျယ်ပြန့်သော နိုင်ငံရေး ဖရိုဖရဲဖြစ်စေသည့် လွန်ခဲ့သော ၁၀ လက အာဏာသိမ်းပြီးနောက်တွင် အဓိက ဝင်ငွေရင်းမြစ်ဖြစ်နေကြောင်း ပြောသည်။
မှောင်ခိုမှုနှင့် တရားမဝင် ရောင်းဝယ်မှုများကြောင့် ကျောက်မျက်လုပ်ငန်းသည် မည်မျှကျယ်ပြန့်သည်ကို မသိနိုင်သော်လည်း ကျောက်စိမ်း၊ ပုလဲနှင့်ကျောက်မျက် ရောင်းချမှုသည် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနိုင်ကြောင်း ခန့်မှန်းရသည်။
“မြန်မာနိုင်ငံတွင် သဘာ၀ သယံဇာတ ပေါကြွယ်ဝခြင်းသည် ဗိုလ်ချုပ်များအတွက် အသက်သွေးကြော ဖြစ်နေသည်။ စစ်အုပ်စုသည် နိုင်ငံ၏အဖိုးတန် သယံဇာတများကို လုယက်ခြင်းဖြင့် ၎င်းတို့အုပ်ချုပ်ရေးကို ဆယ်စုနှစ်ပေါင်းများစွာကြာ ခိုင်မာအောင်လုပ်နိုင်ကြသည်”
“မြန်မာနိုင်ငံတွင် သဘာ၀ သယံဇာတ ပေါကြွယ်ဝခြင်းသည် ဗိုလ်ချုပ်များအတွက် အသက်သွေးကြော ဖြစ်နေသည်။ စစ်တပ်သည် နိုင်ငံ၏အဖိုးတန် သယံဇာတများကို လုယက်ခြင်းဖြင့် ၎င်းတို့အုပ်ချုပ်ရေးကို ဆယ်စုနှစ်ပေါင်းများစွာကြာ ခိုင်မာအောင်လုပ်နိုင်ကြသည်” ဟုလည်း ထိုအစီရင်ခံစာက ဖော်ပြထားသည်။
၎င်းတို့ စစ်အာဏာသိမ်းခြင်းကို ကျယ်ပြန့်သည့် ပြည်သူလူထု ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရသောကြောင့် စစ်တပ်သည် အစုလိုက်အပြုံလိုက် ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ပြီး ဆေးဝန်ထမ်းများကို တိုက်ခိုက်ကာ လူထောင်ပေါင်းများစွာကို ပျောက်ကွယ်စေခဲ့သည်။ ဖေဖော်ဝါရီလမှ စတင်ပြီး စစ်သားများသည် လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ပြီး အခြားသူ ၁၀,၈၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း သေဆုံးမှုနှင့် ဖမ်းဆီးမှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ သိရသည်။
စစ်တပ်ပိုင် လုပ်ငန်းနှစ်ခုဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သည် လုပ်ငန်းခွဲ အများအပြားဖြင့် ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းများကို ချုပ်ကိုင်ထားသည်။ အခြားကျောက်မျက် ကုန်သည်များသည်လည်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပတ်သက်သည်ဟု ယူဆရသည်။
စစ်တပ်နှင့်ပတ်သက်သော လုပ်ငန်းများ၊ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုများကို အမေရိကန်နှင့် အခြား အစိုးရများက အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။ ထိုသို့အရေးယူခံရသော ကုမ္ပဏီများအနက် တခုမှာ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းသည် ကျောက်မျက်နှင့် ကျောက်စိမ်းတူးဖော်ခွင့် လိုင်စင်များ ချထားပေးကာ ရောင်းချမှုများဖြင့် ဝင်ငွေရှာသောလုပ်ငန်း ဖြစ်သည်။
လုပ်ငန်းအပြည့်အဝ လည်ပတ်သောအခါ ကျောက်မျက်လုပ်ငန်း တခုတည်းကပင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းအထိ ရှိကြောင်း တရားဝင်စာရင်းများကို သုတေသနပြုသည့် Global Witness အစီရင်ခံစာက ဖော်ပြသော်လည်း ကျောက်မျက်အများစုကို တရားမဝင်လမ်းကြောင်းများမှ ရောင်းဝယ်နေခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ကျောက်မျက်တူးဖော်ရေး လိုင်စင်သစ်ချပေးခြင်း၊ လိုင်စင်သက်တမ်း တိုးပေးခြင်းများကို ၂၀၁၆ ခုနှစ်က ရပ်ဆိုင်းခဲ့ပြီး နောက်ဆုံးသက်တမ်းကျန် လိုင်စင်များသည် ၂၀၂၀ ပြည့်နှစ်က သက်တမ်းကုန်ဆုံးသည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ကျောက်မျက်တူးဖော်ရေး လိုင်စင်သစ်ချပေးခြင်း၊ လိုင်စင်သက်တမ်း တိုးပေးခြင်းများကို ၂၀၁၆ ခုနှစ်က ရပ်ဆိုင်းခဲ့ပြီး နောက်ဆုံးသက်တမ်းကျန် လိုင်စင်များသည် ၂၀၂၀ ပြည့်နှစ်က သက်တမ်းကုန်ဆုံးသည်။ ထို့ကြောင့် လက်ရှိ ကျောက်မျက်တူးဖော်သော လုပ်ငန်းများသည် တရားမဝင်ဘဲ အနည်းဆုံးဆိုရပါက လူသိရှင်ကြား လိုင်စင်ချထားပေးခြင်း မဟုတ်ပေ။
မြန်မာ့ပတ္တမြား၊ နီလာနှင့် အခြားကျောက်မျက်များကို မိုးကုတ်မြို့နယ်မှ တူးဖော်ရရှိသည်။ ကျောက်မျက်လုပ်ငန်းကြီးများသည် ဆက်လက် လုပ်ကိုင်ခြင်းမရှိဘဲ ကျောက်တူးဖော်ခြင်းကို အန္တရာယ်များသည့် အခြေအနေတွင် လက်ဖြင့်သာ တူးဖော်နေကြသည်ဟုလည်း အထက်ပါ အစီရင်ခံစာက ဆိုသည်။
ကျောက်မျက် အများအပြားကို ထိုင်းနိုင်ငံတွင် ပြုပြင်မွမ်းမံပြီး ၎င်းတို့ကို တင်သွင်းသောအခါ မူရင်းဒေသကို ရှင်းရှင်းလင်းလင်း မသိရတော့ကြောင်းလည်း ထိုအစီရင်ခံစာက ဖော်ပြသည်။
ကိုးကား။. ။ AP ၏ Myanmar gems industry targeted in push for sanctions
You may also like these stories:
ကျောက်မျက်ရတနာ ရောင်းချပြီး ငွေရှာရန် စစ်ကောင်စီ တိတ်တဆိတ်စီစဉ်နေ
မန္တလေးကျောက်ဝိုင်းအနီး ပေါက်ကွဲမှုဖြစ်
စစ်ကောင်စီလက်အောက် သယံဇာတ ခွင့်ပြုမိန့်၊ လိုင်စင်များ အာမ မခံဟု NUG ဆို
တိုက်ပွဲများကြားမှ ကျောက်စိမ်းအမြတ်အစွန်းကို စစ်ကောင်စီထိန်းချုပ်ထား
စစ်ကောင်စီအား အလုံးစုံ စီးပွားရေး ပိတ်ဆို့ရန် အရပ်ဖက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို