• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

“ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်လို့ မကျေအေးပေးနိုင်ဘူး”လို့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ပြော

by ယုဖြူဟန်
17 January 2020
in Crime
A A
ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ ခင်မြတ်နိုး / ယုဖြူဟန် / ဧရာဝတီ

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ ခင်မြတ်နိုး / ယုဖြူဟန် / ဧရာဝတီ

13.7k
VIEWS
Share on FacebookShare on Twitter

ရည်းစားဟောင်းဖြစ်သူ မိုးအောင်ရင်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ ခင်မြတ်နိုးကတော့ မိုးအောင်ရင် မူးယစ်ဆေးဝါးမှုဖြင့် အချုပ်ကျစဉ် အချိန်ကတည်းက ဖြူဖြူစင်စင် ပေးဆပ်ခဲ့တာလို့ ဒီကနေ့ ၄ ကြိမ်မြောက် ရုံးချိန်းမှာ ပြောပါတယ်။

“ဆုံးရှုံးရတာက အများကြီးပဲ။ အခုအချိန်ထိလည်း ဆုံးရှုံးရတာပါပဲ။ ကိုယ့်ရဲ့သိက္ခာတွေ ကိုယ့်ရဲ့အချိန်တွေရော အများကြီးပေးဆပ်ခဲ့ရတာ။ ဒီလောက်ကြီးလည်း ရိုင်းမယ်။ ဒီလောက်လည်း လုပ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ကိုယ်ပေးဆပ်ထားတာက ဖြူဖြူစင်စင်နဲ့ ပေးဆပ်ထားတာ” လို့ ခင်မြတ်နိုးကပြောပါတယ်။

RelatedPosts

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

20 May 2025
152
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
82
အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
1.6k

ယခင်အချုပ်ကျပြီး တရားရင်ဆိုင်နေစဉ်အတွင်းမှာလည်း မိုးအောင်ရင်ရဲ့မိဘများက သားဖြစ်သူကိုကြည့်ရှုရန် မှာတာကြောင့်လည်း အမြဲတမ်းရှိနေပေးခဲ့တယ်လို့ ဆိုပါတယ်။

“အလုပ်ကလည်း သူထောင်ကျသွားပြီဆိုကတည်းက အလုပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်။ ငါအလုပ်လုပ်လိုက်ရင် သူ့ကိုသွားကြည့်ပေးမယ့်သူလည်း မရှိဘူး။ သူတယောက်တည်း ဖြစ်နေမယ် သွားလုပ်ပေးမှဖြစ်မယ်ဆိုပြီးတော့ အဲ့အချိန်မှာလည်း သူ့ရဲ့အဖေ၊ အမေကလည်း ဒီမှာမရှိခဲ့ဘူး။ သမီးကိုယ်တိုင်သွားပေးပါ။ သူ့သားလေးကို ကြည့်ပေးပါဆိုပြီး ပြောခဲ့တယ်ပေါ့” လို့ ခင်မြတ်နိုးက ပြောပါတယ်။

လက်ရှိ တရားစွဲဆိုထားမှုမှာတော့ တရားရုံးဘက်မှ အမှုကို နှစ်ဦးနှစ်ဖက် ကျေအေးဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုမှာတော့ နှစ်ဖက်စလုံးမှ ကျေအေးဖို့ အစီအစဉ် မရှိကြောင်း ပြောခဲ့ပါတယ်။

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ မိုးအောင်ရင် (ဓာတ်ပုံ – ယုဖြူဟန်/ဧရာဝတီ)

“ဆုံးဖြတ်ထားတဲ့ ကိစ္စဖြစ်လို့ မကျေအေးပေးပါဘူး။ သူ့ဘက်ကလည်း မရှိပါဘူး။ အမြန်ဆုံးစစ်မယ်ဆိုတော့ ဝမ်းသာတယ်။ ပျော်လည်း ပျော်တယ်။ မဟုတ်ရင် အမှုတခုက အရမ်းကြာတယ်။ အဆင်မပြေဘူး။ အခုက ရက်ပေါင်း ၁၈၀ အတွင်း ပြီးအောင် စစ်မယ်ဆိုတော့ ကိုယ့်အတွက်လည်း စိတ်ချမ်းသာရတာပေါ့” လို့ ခင်မြတ်နိုးက ပြောပါတယ်။

ဒီအမှုကိုတော့ ရက်ပေါင်း ၁၈၀အတွင်း အပြီးသတ်စစ်ဆေးသွားဖို့ အမိန့်ချခဲ့ပြီး တရားလိုဘက် အခြမ်းမှ သက်သေများကိုတော့ ရုံးချိန်း ၃ချိန်းအတွင်း အပြီးစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“အရင်ဆိုရင် အမှုတခုက အရမ်းကြာတယ်။ သူ့အမှုတွေ လိုက်ပေးခဲ့တော့ ကိုယ်ကသိတာပေါ့နော်။ ရုံးချိန်းတွေ ရုံးချိန်းတွေဆိုတာ ၂ နှစ်ခွဲလောက် ရှိတယ်။ အဲ့လောက်ထိတော့ မကြာစေချင်ဘူး။ မြန်မြန်ဆန်ဆန် ပြီးသွားတော့လည်း ပြီးတာပဲ” လို့ ခင်မြတ်နိုးက ပြောပါတယ်။

အဆိုပါရုံးချိန်းများကိုတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ ၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့များကို ချိန်းဆိုထားပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက နိုဝင်ဘာလ ၂၂ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာ ဖြစ်ပြီး အဆိုပါ ကာမလိမ်လည်မှုကတော့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

You may also like these stories:

“မိုးအောင်ရင်အမှု ပြစ်မှု ထင်ရှားရင် ပြစ်ဒဏ် စီရင်မယ်”လို့ တရားရုံးပြန်ကြာရေး အရာရှိ ပြော

ဝေဖန်တာတွေကို ဂရုမစိုက်ဘဲ မှန်တဲ့အတိုင်း ဆက်လုပ်သွားမယ့် မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း

“နောက်ကွယ်က ကြိုးကိုင်နေတဲ့သူတွေကို မိုးအောင်ရင် မလွန်ဆန်နိုင်ခဲ့ဘူး”လို့ ခင်မြတ်နိုး ပြော

Your Thoughts …
Tags: ကာမလိမ်လည်မှုခင်မြတ်နိုးမိုးအောင်ရင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့ လက်နက်တခုဖြစ်နေသလား / www.coindesk.com

ကာမလိမ်လည်မှုဆိုတာ

by မယ်လွန်း
9 January 2019
14.2k

မြန်မာနိုင်ငံလိုမျိုး ပုံစံခွက် အစွဲအလမ်းကြီးမားတဲ့ လူမှုအဖွဲ့အစည်းရဲ့ အနေအထားအရတော့ “သူ့ အရပ်နဲ့ သူ့ဇာတ်”မို့ ထိုက်တန်တဲ့ ဥပဒေလို့ ပြောရမယ်ထင်ပါတယ်။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

စွပ်စွဲခံထားရသူ ဦးဝရဉာဏ ခေါ် ဦးဝင်းနိုင်ကို ယနေ့ကန့်ဘလူမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

နတ်တလူက ဘုန်းကြီးကာမလိမ်လည်မှု စတင်စစ်ဆေး

by ဒီလှိုင်းဝင်း
19 February 2019
43.1k

ရာဇသတ်ပုဒ်မ ၃၆၆ အရ တရားလိုကလည်း အမှုဖွင့်ထားတာ ရှိတယ်၊ မိခင်ကလည်း ဖွင့်ထားတာရှိတယ်၊ အဲဒီအမှုတွေကိုတော့ လာမယ့်ရုံးချိန်း တွေမှာ စပြီးတော့ စစ်ဆေးသွားပါမယ်

သရုပ်ဆောင် မိုးအောင်ရင်  / Moe Aung Yin's Facebook

မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံလိုက်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်

by ယုဖြူဟန်
27 November 2018
19.8k

“မိုးအောင်ရင်ကို အမိန့် မချဖြစ်လိုက်ဘူး။ အမိန့်မချဖြစ်တာကတော့ မိုးအောင်ရင် ထွက်မလာဘူး။ တရားခံ ၂ယောက်ပဲ ပါလာတယ်။ ၃ယောက်စုံမှ အမိန့်ချလို့ရမယ်။

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ် သင်းသင်းနဲ့ သရုပ်ဆောင် ဝေဠုကျော်  / ဧရာဝတီ

“သက်သေအဖြစ် တင်သွင်းတဲ့ ဗီဒီယိုဖိုင်က ၁ မိနစ်စာ ရှိတယ်”လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ပြော

by ယုဖြူဟန်
5 September 2019
17k

“ကျနော်တို့က အမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တဲ့အခါမှာလည်း အမှုနဲ့ ပတ်သက်ပြီးတော့ အမှုသည်ကို မထိခိုက်အောင် စကားကို ထိန်းပြောရတာမျိုး ရှိတယ်။

Next Post
ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လှူှပ်ရှားနေသည့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်များ / ကျော်ခ / ဧရာဝတီ

တရုတ်နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များ BRI အတွက် နားလည်မှု ယူထားပြီးပြီလား

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ဆိပ်ကမ်းအနီး တွေ့ရသော ဒေသခံ ငါးဖမ်းလှေများ  / ဇော်ဇော်

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း ရပ်တန့်ထားရန် ရခိုင် သယံဇာတ ကွန်ရက် တောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate