• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီခေါင်းဆောင် ပုံရိပ်မြှင့်တင်ရန် ရစ်ချတ်ဆန် ခရီးစဉ်ကို အသုံးချ

by ဧရာဝတီ
13 November 2021
in ဆောင်းပါး
A A
နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံသည့် အစိုးရကိုယ်စားလှယ်မဟုတ်သူမှာ ဘီလ်ရစ်ချတ်ဆန် ပထဆုံးဖြစ်မည်

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံသည့် အစိုးရကိုယ်စားလှယ်မဟုတ်သူမှာ ဘီလ်ရစ်ချတ်ဆန် ပထဆုံးဖြစ်မည်

25.2k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းထားသော မြန်မာနိုင်ငံသို့လွန်ခဲ့သောအပတ်က သွားရောက်ပြီးနောက် အမေရိကန် သံတမန်ဟောင်း ဘေလ် ရစ်ချတ်ဆန်က သူ၏ခရီးစဉ်သည် ရည်မှန်းချက်များ အောင်မြင်ကြောင်း ကြွားလုံးထုတ်သည်။ ထိုရည်မှန်းချက်များမှာ ပြည်တွင်းမှ သူ၏ဝန်ထမ်းဟောင်းတဦး လွတ်မြောက်ရေး၊ မြန်မာသို့ လူသားချင်းစာနာမှုအကူအညီနှင့် ကိုဗစ်ကာကွယ်ဆေး ပိုမိုပေးရေး၊ ထောင်များသို့ ကြက်ခြေနီအဖွဲ့ ခရီးစဉ်များ ပြန်လည်စတင်ရေးတို့ဖြစ်သည်။

၁၉၉၄ ခုနှစ်ကပင် မြန်မာ့ရေးရာများတွင် ပါဝင်ပတ်သက်နေသည့် နယူးမက္ကစီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ရစ်ချတ်ဆန်က သူ၏ခရီးစဉ်သည် လူသားချင်းစာနာမှု ခရီးစဉ်ဖြစ်ကြောင်း ပြောသည်။ သူ၏ခရီးစဉ်ကို ပုဂ္ဂလိကခရီးစဉ်အဖြစ် သွားရောက်ခဲ့သော်လည်း ရစ်ချတ်ဆန်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖေဖေါ်ဝါရီလတွင်ဖြုတ်ချပြီး ထိုစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၁၀၀၀ ကျော်ကို သတ်ဖြတ်ထားသည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တွေ့ဆုံသည့် ပထမဆုံး လူသိများသော အမေရိကန် နိုင်ငံရေးသမား ဖြစ်နေသည်။ ရစ်ချတ်ဆန်သည် ဖမ်းဆီးခံထားသော မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မေတ္တာမရှိပေ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားသည့် မင်းအောင်လှိုင်သည်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မေတ္တာမရှိပေ။ ထိုကြောင့် ထိုသို့သောသူနှစ်ဦး တွေ့ဆုံပြီး မိနစ် ၉၀ ကြာဆွေးနွေးသောအခါ သဘောထားတိုက်ဆိုင်စရာ များစွာရှိသည်။

မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး အေပီ သတင်းဌာနနှင့်ပြောဆိုသောအခါ ရစ်ချတ်ဆန်က သူရရှိခဲ့သော အောင်မြင်မှုများအတွက် ကျေနပ်ကြောင်းပြောသည်။

ထိုသို့ဆိုလျှင် စစ်ကောင်စီက ရစ်ချတ်ဆန် ခရီးစဉ်မှ သူပြောသည့် လူသားချင်းစာနာမှု အကူအညီနှင့် ကာကွယ်ဆေးအပြင် အကျိုးအမြတ် မည်မျှရသည်ကို မေးခွန်းထုတ်စရာရှိသည်။

အတိုချုပ်ပြောရလျှင် ဝါဒဖြန့်ချိစရာ ကြီးကြီးမားမား ရသွားသည်။

စစ်ကောင်စီခေါင်းဆောင်နှင့် ရစ်ချတ်ဆန်တွေ့ဆုံခြင်းသည် စိတ်ဓါတ်ရေးအရ အရေးပါပြီး စစ်ကောင်စီကို အကြီးအကျယ် ဝေဖန်နေသည့် အမေရိကန်ပြည်ထောင်စုမှ “သံတမန်ဟောင်း”က သူ့ကို လာရောက်တွေ့ဆုံသည်ဟု စစ်ကောင်စီခေါင်းဆောင်က သူ၏ နောက်လိုက် စစ်ဗိုလ်များနှင့် စစ်သားများအား ယုံကြည်အောင် လိမ်လည်လှည့်စားနိုင်စေခဲ့သည်။

အချိန်ကောင်း

သတင်းရင်းမြစ်များ၏အဆိုအရ ရစ်ချတ်ဆန်နှင့်သိကျွမ်းသော ယခင်စစ်ထောက်လှမ်းရေး အရာရှိများ၏ အကူအညီဖြင့် သူ၏ ခရီးစဉ်ကို စီစဉ်ရသည်မှာ ၂ လကြာကြောင်း သိရသည်။ သို့သော် သူလာရောက်သော အချိန်သည် စစ်ကောင်စီက အလိုအပ်ဆုံးဖြစ်နေသော အချိန်ဖြစ်ကြောင်း သတိပြုသင့်သည်။ ထိုအချိန်သည် အာဏာသိမ်းခေါင်းဆောင်က လွန်စွာတက်လိုသော ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွင် ဖယ်ထုတ်ခံရသည့် ဒဏ်ရာဒဏ်ချက်များကို လျှာဖြင့်လျက် နေရချိန်ဖြစ်သည်။ သူ၏ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံရေးအကျပ်အတည်း ပြေလည်စေရန် လုပ်ဆောင်မည့် သူ့ပေးထားသည့် ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်သောကြောင့် မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ထိပ်သီးဆွေးနွေးပွဲတွင် သူ့ကိုလက်မခံပေ။ သူသည် ဒေသတွင်း အိမ်နီးချင်းများ၏ ထောက်ခံမှုကို အားကိုးသောကြောင့် ထိုထိပ်သီးဆွေးနွေပွဲတက်ခွင့်မရခြင်းသည် အာဏာသိမ်း ခေါင်းဆောင်အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံသည့် အစိုးရကိုယ်စားလှယ်မဟုတ်သူမှာ ဘီလ်ရစ်ချတ်ဆန် ပထဆုံးဖြစ်မည်

ASEAN ထိပ်သီးဆွေးနွေးပွဲအပြီး ၅ ရက်မျှသာကြာသေးသည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရစ်ချတ်ဆန်ကို နေပြည်တော်ရှိ စစ်ကောင်စီရုံးမှ သံတမန်ခန်းမတွင် အာဏာသိမ်းခေါင်းဆောင်က လက်ခံတွေ့ဆုံသည်။ စစ်အာဏာသိမ်းမှုမတိုင်မီက မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင်သည့် သင်္ကေတဖြစ်သော ရွှေပုလ္လင် တခုကို ပြသထားသည့် သမ္မတ အိမ်တော်မှ ထိုခန်းမသည် နိုင်ငံတော်သမ္မတက အမေရိကန် သမ္မတ ဘားရက်အိုဘားမားနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်မှသည် အသစ်ခန့်အပ်လိုက်သည့် သံအမတ်များအပါအဝင် နိုင်ငံတကာဂုဏ်သရေရှိ လူကြီးမင်းများကို လက်ခံတွေ့ဆုံသောနေရာဖြစ်သည်။ ရစ်ချတ်ဆန်သည် ထိုခန်းမတွင် ပထမဆုံး လက်ခံတွေ့ဆုံခြင်းခံရသည့် အစိုးရ ကိုယ်စားမပြုသူဖြစ်နိုင်သည်။

နောက်တနေ့တွင် ရစ်ချတ်ဆန်သည် စစ်ကောင်စီဝါဒဖြန့်သတင်းစာမျက်နှာဖုံးမှ သူတို့တွေ့ဆုံသော ဓါတ်ပုံကိုကြည့်ပြီး စိတ်လှုပ်ရှားကောင်းလှုပ်ရှားနေမည်ဖြစ်သည်။ ထိုသတင်းခေါင်းစဉ်မှာ စစ်ကောင်စီဥက္ကဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်နိုင်ငံ နယူးမက္ကစီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းအား လက်ခံတွေ့ဆုံ ဟုဖြစ်သည်။

စစ်ကောင်စီက ရစ်ချတ်ဆန်ကို အထူးဆက်ဆံရခြင်းနောက်ကွယ်တွင် အကြောင်းရင်းများ ရှိနေသည်။

သံတမန်ဟောင်းက စစ်ကောင်စီခေါင်းဆောင်ကို ထိုခမ်းနားလှသော ခန်းမတွင် လာရောက်တွေ့ဆုံသည့် ဓါတ်ပုံသည် ရှေးမြန်မာဘုရင်က ပြည်ပဧည့်သည် လက်ခံတွေ့ဆုံသည့် ပုံစံများ မြင်ယောင်စေကြောင်း ယခင်စစ်အုပ်စုမှ အငြိမ်းစား စစ်အရာရှိအချို့က ပြောသည်။ ရစ်ချတ်ဆန်က ထိုင်ခုံတလုံးတွင် ထိုင်နေပြီး စစ်ကောင်စီခေါင်းဆောင်က ရွှေပုလ္လင်ရှေ့မှ ရွှေချအလှဆင်ထားသည့် ဆိုဖါတွင် ထိုင်နေသည်။ ထို့အပြင် ဓါတ်ပုံထဲတွင် ရစ်ချတ်ဆန်သည် ကျုံ့ကျုံ့ ထိုင်နေရသကဲ့သို့ ဖြစ်နေသည်။

တချိန်တည်းတွင် စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးယန္တရားကလည်း ဝါဒဖြန့်ချိမှုများကို အရှိန်မြှင့်တင်လိုက်သည်။ ထိုဓါတ်ပုံကို ၎င်းတို့၏ လူမှုကွန်ရက်များတွင် ဖြန့်ချိကြရန် စစ်တပ်မှူးများကို အမိန့်ပေးခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက သိရသည်။ ထိုတပ်မှူးများကလည်း ၎င်းတို့လက်အောက်ငယ်သားများနှင့် မိသားစုများကို ထိုအတိုင်း ဆက်လက်လုပ်ဆောင်ရန် ပြောကြာသည်။ ထိုသို့လုပ်ဆောင်ကြခြင်းမှာ နိုင်ငံတကာ ဝေဖန်မှုများကို ရင်ဆိုင်နေရပြီး ASEAN က ထိပ်သီးဆွေးနွေးပွဲတွင် လက်မခံသော်လည်း စစ်ကောင်စီတွင် မိတ်ဆွေများ ရှိသည်ဆိုသည့် ထင်မြင်ချက်မျိုးကို စစ်တပ်အတွင်းဖန်တီးရန် ကြိုးစားခြင်းပင်။ ယခုတကြိမ်တွင် စစ်ကောင်စီ၏ မိတ်ဆွေမှာ အမေရိကန် နိုင်ငံသားပင်ဖြစ်နေသေးသည်။

သတင်းအချက်အလက် ပူပေါင်းများ

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
493
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
803

စစ်ကောင်စီက သူ့လူများကို အလွန် လွယ်ကူစွာ ပုံမှားရိုက်နိုင်သည်ကို အထူးသဖြင့် ယခုကဲ့သို့ မိုဘိုင်း အင်တာနက်ခေတ်တွင် လုပ်နိုင်သည်ကို အချို့က မယုံနိုင်လောက်အောင် ဖြစ်နေသည်။

၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရစ်ချတ်ဆန် တွေ့ဆုံစဉ်

အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်ပြီး လွတ်လပ်သော သတင်းမီဒီယာများမှ သတင်းအများစုကို စစ်အရာရှိများ၊ စစ်သားများနှင့် စစ်တပ်အတွင်း နေထိုင်သော ၎င်းတို့၏ မိသားစုများ မကြည်ရှုရန် ပိတ်ပင်ထားသည်။ တပ်တွင်း ညီညွတ်မှု မပြိုကွဲစေရန်ဟုဆိုကာ ၎င်းတို့၏ Facebook အကောင့်များကို စောင့်ကြည့်နေသည်။ ၎င်းတို့ကို စစ်ကောင်စီထုတ် သတင်းများကိုသာ ဖတ်ခွင့်ပေးပြီး စစ်အုပ်စု၏ မြဝတီရုပ်သံကိုသာ ကြည့်ရှုစေသည်။ အခြားလွတ်လပ်သော ပြည်တွင်းသတင်းဌာနများမှ သတင်းများကို ပြည်ဖျက်မီဒီယာများ၏ သတင်းတုများအဖြစ် သတ်မှတ်ငြင်းဆိုသည်။ ထိုသို့သော သတင်းအမှောင်ချထားသည့် အခြေအနေတွင် စစ်ကောင်စီသည် ၎င်းတို့တပ်များသို့ ပေးလိုသော သတင်းများကိုသာ စစ်ထုတ်နိုင်သည်။ ထိုကြောင့် ရစ်ချတ်ဆန်က စစ်ကောင်စီခေါင်းဆောင်ကို သမ္မတအိမ်တော်ခန်းမတွင် တွေ့ဆုံသည့်ပုံများအား စစ်ကောင်စီက ထုတ်ပြန်လိုက်သောအခါ စစ်တပ်အတွင်းမှ လူအများစုတို့သည် ရစ်ချတ်ဆန်၏ နောက်ကြောင်းရာဇဝင်ကိုလည်း မသိဘဲ စစ်ခေါင်းဆောင်ကို အမေရိကန်ပြည်ထောင်စုမှ လွန်စွာအရေးပါသူက လာရောက်တွေ့ဆုံသည်ဟု ထင်လိုက်ကြတော့သည်။ အမှန်တရားမှာမူ အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုကို နှစ်ပေါင်းရှည်ကြာ ထောက်ခံပြီး စစ်တပ်နှင့် နွေးထွေးသော ဆက်ဆံရေး မရှိသလောက်ပင်။

သူမြန်မာနိုင်ငံသို့လာရောက်ခြင်းကို အချို့က အသုံးချကောင်းချမည်ကို သဘောပေါက်နိုင်ကြောင်း သူသိသည်ဟု ရစ်ချတ်ဆန်က အေပီသတင်းဌာနသို့ပြောသည်။ လွန်စွာမှန်သည်၊ စစ်ကောင်စီ ခေါင်းဆောင်က သူ့ကို ဝါဒဖြန့်ရန်သာမက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို သတ်ဖြတ်နှိမ်နင်းသောကြောင့် နိုင်ငံတဝှမ်း မုန်းတီးခံရပြီး စိတ်ဓါတ်ပျက်ပြားနေသည့် စစ်ကောင်စီတပ်များ၏ စ်ိတ်ဓါတ်ကို မြှင့်တင်ပေးသည်။ စစ်ကောင်စီတပ်များအတွက် ပိုမိုတုန်လှုပ်စရာကောင်းသော အရာမှာ ၎င်းတို့ကို ဆန့်ကျင်သည့် အရပ်သားလက်နက်ခုခံမှုသည် ပိုမိုကြီးထွားလာနေပြီး အသေအပျောက်များစေခြင်းကြောင့် စစ်ကောင်စီတပ်များ ပိုမိုမလုံမခြုံဖြစ်လာကာ စစ်ပမ်းလာခြင်းဖြစ်သည်။ သူ၏တပ်သားများ စိတ်ဓါတ်မြင့်မား နေစေရေးအတွက် စစ်ကောင်စီခေါင်းဆောင်အနေဖြင့် သူသည် အထီးကျန်မဟုတ်ဘဲ မိတ်ဆွေများ ရှိနေသေးကြောင်း ပြသရန် လိုသည်။ အထူးအဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်းတွင် အရှက်တကွဲ အကျိုးနည်းဖြစ်ပြီးနောက် ထိုသို့လုပ်ရန် လိုအပ်နေသည်။ အမေရိကန်တဦးဖြစ်သော ရစ်ချတ်ဆန်သည်အပြီးပြည့်စုုံဆုံးသော ရွေးချယ်စရာ ဖြစ်လာသည်။

၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရစ်ချတ်ဆန် တွေ့ဆုံစဉ်

ထိုအမေရိကန် သံတမန်ဟောင်း၏ မြန်မာစစ်ခေါင်းဆောင်နှင့်တွေ့ဆုံခြင်းသည် ဝေဖန်မှုအများအပြား အထူးသဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ဝေဖန်မှုများနှင့်် ရင်ဆိုင်ရခြင်းကို အံ့သြစရာမရှိပေ။ လူ့အခွင့်အရေးလှုပ်ရှားသူများက ရစ်ချတ်ဆန်သည် စစ်ကောင်စီကို တရားဝင်မှု ပေးသည်ဟု စွပ်စွဲသည်။ သို့သော် ထိုအချက်ကို ရစ်ချတ်ဆန်က ငြင်းဆိုသည်။ သို့သော် အာဏာသိမ်း ခေါင်းဆောင်အပေါ် သူ၏အမြင်ကို မေးသောအခါ ရစ်ချတ်ဆန်က လုပ်ဇာတ်ခင်းပြီး ထိုသွေးစက်စက်နစ်နေသော စစ်အာဏာရှင်သည် နွေးထွေးပွင့်လင်းပြီး နောက်ထပ်ဆက်သွယ်မှုများကို တံခါးဖွင့်ထားကြောင်း ပြောသောကြောင့် ထိုစစ်ခေါင်းဆောင်အောက်တွင် မြန်မာနိုင်ငံခံစားရသည့် ကံကြမ္မာဆိုးကို သူတို့ကဲ့သို့နားမလည် သို့မဟုတ် စစ်ကောင်စီကို အထီးကျန်အောင်လုပ်ခြင်းသည် မြန်မာ့အကျပ်အတည်းအတွက် အဖြေမဟုတ်ဟု မျက်ကမ်းသဖွယ် ယူဆနေသည့် အခြားသူများကို လမ်းကြောင်းပေးခြင်းလည်း ဖြစ်နိုင်သည်။

ထိုးခရီးစဉ်အတွင်း သူ၏လုပ်ဆောင်မှုများသည့် အနည်းငယ်သော တိုးတက်မှုအဖြစ်ဖေါ်ပြပြီး ရစ်ချတ်ဆန်က သူ အကောင်းမြင်ကြောင်းနှင့် ပိုမိုကောင်းမွန်သော အခြေအနေသို့ ဦးတည်နိုင်ကြောင်းပြောသည်။ သို့သော် သူသည် အလိုအပ်ဆုံးအချိန်တွင်ရောက်လာပြီး လွန်စွာလည်း အသုံးဝင်သောကြောင့် စစ်ကောင်စီ ခေါင်းဆောင်၏ ကျေးဇူတင်မှုကိုလည်း ရရှိမည်မှာ သံသယရှိစရာမလိုပေ။ အနည်းဆုံးတော့ ၎င်းတို့ခေါင်းဆောင်သည် အထီးကျန်အပစ်ပယ်ခံ ခေါင်းဆောင်မဟုတ်ကြောင်း စစ်သားများကို လိမ်လည်ရာတွင် အသုံးဝင်သည်မှာ သေချာသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ How Myanmar Junta Chief Uses Richardson’s Visit to Boost His Image ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ရွေးကောက်ပွဲရလဒ် ဖျောက်ဖျက်လျှင် ဒီမိုကရေစီ မဟုတ်

ပြည်သူ့ဆန္ဒ ပယ်ဖျက်ခံလိုက်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ၁ နှစ်ပြည့် စကားသံများ

ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP စတင် သက်ဝင်ရာတွင် မြန်မာ ချန်လှပ်ထားခြင်း ခံရ

စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

Your Thoughts …
Tags: ဒေါ်အောင်ဆန်းစုကြည်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘေလ် ရစ်ချတ်ဆန်အမေရိကန် သံတမန်ဟောင်းအာဏာသိမ်းစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

Next Post
ချင်းတောင်တန်းပေါ်က စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများ  / CDF

စစ်ရှိန်မြင့်လာတဲ့ ချင်းတောင်တန်း

၂၀၁၆ ဇူလိုင်လအတွင်း ကချင်ပြည်နယ်တွင် ကျင်းပခဲ့သော တိုင်းရင်းသားထိပ်သီးအစည်းအဝေးတွင် တွေ့ရသော တရုတ်အထူးသံတမန် ဆွန်ကော့ရှန်  / ဧရာဝတီ

တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော့ရှန် မြန်မာနိုင်ငံသို့ ရောက်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved