မြန်မာ့ဂုဏ်ဆောင် အလှမယ်တဦးအဖြစ် ရပ်တည်နေတဲ့ အလှမယ် ရွှေအိမ်စည်က လတ်တလော ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတဲ့ နေပြည်တော်က သက်ငယ် မုဒိမ်းမှုကို မြန်မြန်ပြီးစေချင်တယ်လို့ ပြောပါတယ်။
“သက်ငယ် မုဒိမ်းမှုအပေါ် အမြင်ဆိုရင် အိမ်စည်က မြန်မြန်ပြီးစေချင်တယ်။ တရားခံကို ရှာချင်ရင် အိမ်စည်သာဆို ကလေးကို အရင်မေးမှာပဲလေ။ အိမ်စည် အရှင်းလင်းဆုံး တွေးတာပေါ့။ အခုတော့ ဘာဖြစ်နေမှန်း မသိဘူး။ ရှုပ်သင့်တာထက် ပိုရှုပ်နေတယ်လို့ ထင်တယ်။ အဓိက DNA စစ်တဲ့အခါမှာ ဘယ်သူနဲ့ လိင်ဆက်ဆံတယ် ဆိုတာကိုပဲ ဖော်ပြတာလေ”
“ဗစ်တိုးရီးယားလေး ကိစ္စမှာ ကလေးဖြစ်တဲ့အတွက် ခွင့်ပြုချက် မရှိဘူး။ သက်ငယ်မုဒိမ်း အကုန်လုံးကို ခြုံကြည့်လိုက်ရင်တော့ ခွင့်ပြုချက် ရှိလား၊ မရှိဘူးလားကို စစ်ဖို့က Rape Case နဲ့ စစ်မှ ရမှာ။ DNA စစ်တာကတော့ ဖြစ်ခဲ့ကြတယ် ဆိုတာကိုပဲ ဖော်ပြတာပေါ့”လို့ ရွှေအိမ်စည်က ပြောပါတယ်။
ပြစ်မှုကျူးလွန်သူတွေကို ရွှေအိမ်စည်က သေဒဏ် မပေးသင့်ဘူးလို့ ဆိုပြီး မသေစေချင်ဘဲ တရားခံအနေနဲ့ အရှင်လတ်လတ် ခံစားရအောင် လုပ်သင့်တယ်လို့ ဆိုပါတယ်။
“ကျူးလွန်သူကို အရူးထောင် ပို့သင့်တယ် ထင်တယ်။ လူတယောက်က ကလေး တယောက်ကို လုပ်တာမို့ အရူးဖြစ်တဲ့အတွက် ပို့စေချင်တာပါ။ သူကို သေဒဏ်ပေးကြပါ ပြောနေတာတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ လူတယောက်ရဲ့ အသက်က မလွယ်ဘူးလေ။ တသက်တကျွန်း ချတာက တကယ်တမ်းတော့ သေလို့ ရှိရင် ဘာမှ မခံစားရတော့ဘူးလေ”
“ခံလိုက်ရတဲ့ ကလေးကတော့ ဒါကြီးကို မှတ်မိပြီးတော့ အားငယ်စိတ်တွေတော့ ခံစားရမှာပဲ။ ဒီလူတွေကို ဘယ်လို ပြစ်ဒဏ်ပေးသင့်လဲဆို မသေဘဲနဲ့ အရှင်လတ်လတ် ခံစားလို့ရအောင် လုပ်သင့်တယ် ထင်တယ်” လို့ ရွှေအိမ်စည်က ပြောပါတယ်။
အလှမယ် ရွှေအိမ်စည်ကတော့ ယခုအခါမှာ ရုပ်ရှင် ဇာတ်ကားတွေလည်း လက်ခံရိုက်ကူးနေပြီး ဒါရိုက်တာ မေဘရဏီ ရိုက်ကူးမယ့် “ခေါ်သံ” ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
You May Also Like These Stories:
သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ပညာပေးရုပ်ရှင်တွေ ရိုက်ကူးထားတဲ့ နေတိုး
“သက်ငယ်မုဒိမ်းနဲ့ ပတ်သက်ပြီး လူတွေ အသိဉာဏ်မဲ့လာတဲ့အတွက် ဝမ်းနည်းမိတယ်”
“သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ လုပ်ရပ်ဟာ လူ့ပတ်ဝန်းကျင်မှာ ရှိမနေသင့်ဘူး”
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို သေဒဏ် ပေးစေချင်တယ်”လို့ ပြောတဲ့ မအေးသောင်း
“သက်ငယ်မုဒိမ်း ကျူးလွန်သူတွေကို မြန်မြန်ဖော်ထုတ်ပြီး ပြစ်ဒဏ်ပေးသင့်တယ်”လို့ ဖြိုးငွေစိုး ပြော