အဆိုတော် လေဒီဂါဂါဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ထူးဆန်းတဲ့ အမျိုးသားတဦးနဲ့ နီးနီးကပ်ကပ် ရှိနေခဲ့တာကို အကြိမ်ရေ တော်တော်များများ မြင်တွေ့ခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လေဒီဂါဂါနဲ့ အတူတွဲနေတဲ့ ပုဂ္ဂိုလ်ဟာ Parker Group ရဲ့ စီအီးအို Michael Polansky ဖြစ်ကြောင်း သိရှိခဲ့ရပြီးတဲ့နောက် သူတို့နှစ်ယောက် အတူတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ပထမဆုံးအကြိမ်အနေနဲ့ လူမှုကွန်ရက် မီဒီယာပေါ်မှာ မျှဝေခဲ့ပါတယ်။
အဲ့ဒီဓာတ်ပုံထဲမှာ အသက် ၃၃ နှစ်အရွယ် အဆိုတော်ဂါဂါ ဟာ Michael ရဲ့ ပေါင်ပေါ်မှာထိုင်နေပြီး သူ့ကို ဖက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဆိုတော် ဂါဂါ ကတော့ သူ့ချစ်သူရဲ့ နာမည်ကို ထုတ်ဖော်ပြောတာ မျိုးမရှိခဲ့တဲ့အပြင် အဲ့ဒီဓာတ်ပုံကိုလည်း ဘယ်သူနဲ့မှ Tag တွဲခဲ့ခြင်း မရှိခဲ့ပါဘူး။
ပုံစာမှာတော့ “မီယာမီမှာ ကျမတို့ တော်တော်လေး ပျော်ခဲ့ကြပါတယ်။ ကျမရဲ့ Monsters လေးတွေနဲ့ ပရိသတ်တွေကို ချစ်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းကလည်း မီယာမီမြို့မှာ ရှိတဲ့ ဟိုတယ် လသာဆောင်မှာ နမ်းရနေခဲ့ တာကို မြင်တွေ့ခဲ့ရပြီး နှစ်သစ်ကူးနေ့ မတိုင်မီ ညပိုင်းမှာလည်း လတ်စ်ဗေးဂတ်မြို့မှာ သူတို့နှစ်ဦး လက်ချင်းချိတ်ပြီး အနမ်းချင်း ဖလှယ်နေခဲ့တာကို မြင်တွေ့ခဲ့ရဖူးပါတယ်။ အတွင်းသတင်းတခုအရ လေဒီဂါဂါဟာ သူ့ရဲ့ ချစ်သူအသစ်နဲ့ ပတ်သက်လို့ တော်တော်လေး အရူးအမူးဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
သတင်းရင်းမြစ်တခုက “ဂါဂါဟာ အမျိုးသားတယောက်နဲ့ တွဲနေတာ ၁ လကျော်လောက် ရှိပါပြီ။ သူတို့နှစ်ယောက်ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ပိတ်ရက်တွေမတိုင်ခင်ကတည်းက တွဲနေကြတာပါ။ ဂါဂါက သူ့ ချစ်သူကို အရူးအမူးဖြစ်နေပါပြီ”လို့ ဆိုပါတယ်။
အဆိုတော် လေဒီဂါဂါဟာ ၂၀၁၉ ခုနှစ်မှာ အချစ်ရေး အခြေအနေ တော်တော်လေး ဆိုးရွားခဲ့ပါတယ်။ အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာ Dan Horton နဲ့ လအနည်းငယ်လောက် တွဲခဲ့ပြီး လမ်းမခွဲခင် ဖေဖော်ဝါရီလမှတော့ Christian Carino နဲ့စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပါတယ်။
အချစ်ရေးနဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေခဲ့တဲ့ ဂါဂါက Instagram ကနေ တဆင့် Dan နဲ့ လမ်းခွဲလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဂါဂါဟာ မင်းသား Taylor Kinney နဲ့ စေ့စပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
Ref: asiaone
You may also like these stories:
Gucci ဖက်ရှင် မိသားစုအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်မှာ ပါဝင်မယ့် အဆိုတော် လေဒီဂါဂါ
ပရိသတ်နဲ့ အတူတူ ဖျော်ဖြေရင်း စင်အောက်ကို ပြုတ်ကျသွားတဲ့ လေဒီဂါဂါ
အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာတဦးနဲ့ တွဲနေတဲ့ အဆိုတော်လေဒီဂါဂါ