နိုင်ငံတကာမှာ သွားလာခွင့်တွေ ပိတ်ဆို့ပြီးနောက် ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကို ကြည့်ရှုသူ များလာပါတယ်။ ကမ္ဘာတဝှမ်းက ရုပ်ရှင်ကုမ္ပဏီတွေဟာ ကပ်ရောဂါအကြောင်းရုပ်ရှင်တွေကို ရိုက်ကူးလေ့ရှိပြီး အခုလို အချိန်မှာ လူတွေရဲ့ စိတ်ဝင်စားမှုကို အထူးတလည်ခံနေရပါတယ်။ ဒါကြောင့် ကပ်ရောဂါအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲက ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Contagion
၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားမှာ အမျိုးသမီးတဦးကနေ ဗိုင်းရပ်စ်ပိုးပျံ့နှံ့သွားပြီး ကမ္ဘာအနှံ့ကူးစက်သွားတဲ့ အကြောင်းအရင်းကို ရိုက်ပြထားပါတယ်။ ရောဂါရဲ့ လက္ခဏာကပြင်းထန်စွာ ချောင်းဆိုးတာဖြစ်ပြီး မြန်ဆန်စွာ အသက်ဆုံးရှုံးလေ့ရှိတာ ဖြစ်ပါတယ်။ ဇာတ်ကားမှာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့လူဦးရေ သန်း ၂၀ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ MEV-1 လို့ အမည်ရတဲ့ ဗိုင်းရပ်စ်အကြောင်းကို ရိုက်ထားတဲ့ ရုပ်ရှင်ဟာ လက်ရှိအဖြစ်တဲ့ တူလွန်းတာကြောင့် ကြည့်ရှုသူအများဆုံး ရုပ်ရှင်တကားဖြစ်လာပါတယ်။
(၂) 12 Monkeys
အချိန်ခရီးသွားရင်း ကပ်ရောဂါကြုံတွေ့ရမှုအကြောင်း ရိုက်ကူးထားတဲ့ 12 Monkeys ရုပ်ရှင်ကလည်း ကြည့်ရှုသူတွေရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံနေရပါတယ်။ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကို မင်းသားဘရုစ်ဝီလ်လစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဇာတ်ကားမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်အကြောင်းကို သိရဖို့ အချိန်ခရီးသွားတာတွေ ပါဝင်ပြီး အချိန်ခရီးသွားချိန် မှာ မူလဗိုင်းရပ်စ်နဲ့ တွေ့ကြုံရတာတွေကို ရိုက်ကူးထားပါတယ်။
(၃) 93 Days
၂၀၁၄ ခုနှစ်က ပျံ့နှံ့ခဲ့တဲ့ အီဘိုလာရောဂါအကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ 93 Days ရုပ်ရှင်ကလည်း လက်ရှိမှာ ကြည့်ရှုသူများနေပါတယ်။ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့ချိန်မှာ နိုင်ဂျီးရီးယားနိုင်ငံကို သွားရောက်ပြီး ဆေးကုသမှုတွေ ပြုလုပ်ပေး ရတဲ့ ဆရာဝန်တွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့ပုံတွေနဲ့ လူသေဆုံးမှု တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ တူညီတာကြောင့် ကြည့်ရှုသူများလာတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။
(၄) 28 Days Later
၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ 28 Days Later ဆိုတဲ့ ရုပ်ရှင်ဟာလည်း ကပ်ရောဂါကြောင့် သွားလာခွင့်တွေ ပိတ်ပင်ပြီး နောက်မှာ ကြည့်ရှုသူများလာတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဖုတ်ကောင်များရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့ ရုပ်ရှင်ဖြစ်ပြီး ရောဂါကူးစက်မှုခံရသူများအနေနဲ့ မကူးစက်သေးသူများကို လိုက်လံတိုက်ခိုက်ခံရတာတွေကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
Ref;hyperallergic.com
You may also like these stories:
“Game of Thrones” မင်းသမီး Indira Varma မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ
COVID-19 ကြောင့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဇွန်လကုန်အထိ ရွှေ့ဆိုင်းထား
COVID-19 အကြောင်း ခန့်မှန်းခဲ့တဲ့ အကြားအမြင်ဆရာမ Sylvia Brown ရဲ့ စာအုပ်