နာမည်ကျော် တရုတ်မင်းသမီး ဖန်ပင်းပင်းကို အမျိုးသားတဦးက အွန်လိုင်းကနေ လက်ထပ်ခွင့် တောင်းခဲ့ပေမယ့် မင်းသမီးရဲ့ အလိုဆန္ဒအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Weibo ဆိုရှယ်မီဒီယာမှာ မင်းသမီးဖန်ရဲ့ သစ္စာရှိ ပရိသတ်တယောက်လို့ဆိုတဲ့ တရုတ်အမျိုးသားတဦးရဲ့ ဗီဒီယို တက်လာခဲ့ပြီး သူဟာ ယွမ်သန်း ၂၀ ပိုင်ဆိုင်ကြောင်းနဲ့ မင်းသမီးကို လက်ထပ်ချင်ကြောင်း ပြောဆိုထားပါတယ်။
ငွေကြေးတချို့ပိုင်ဆိုင်ထားသူ သက်လတ်ပိုင်းအရွယ် အဲ့ဒီအမျိုးသားဟာ တရုတ်အင်တာနက် သုံးစွဲသူတွေရဲ့ လှောင်ပြောင်မှုကိုလည်း ခံနေရပါတယ်။ အင်တာနက် အသုံးပြုသူတွေကတော့ အဲ့ဒီအမျိုးသားဟာ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းအောင် အရင်ပြင်ဆင်သင့်ပြီး မင်းသမီးကိုတော့ သူလက်လှမ်းမီနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုနေကြပါတယ်။
တခြားအင်တာနက်အသုံးပြုသူတွေကတော့ အဲ့ဒီအမျိုးသားရဲ့ ကြွယ်၀ ချမ်းသာမှုဟာ တနှစ်ကို ဝင်ငွေ ယွမ် သန်း ၃၀၀ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က Forbes မဂ္ဂဇင်းရဲ့ China Celebrity List မှာ ထိပ်ဆုံးက ရှိခဲ့တဲ့ မင်းသမီးကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။
နောက်တော့ အဲ့ဒီအမျိုးသားဟာ ဟာသနဲ့ အစားအသောက်အကြောင်း ပြောဆိုတာတွေ ပါဝင်တဲ့ ဗီဒီယိုတွေ ဖန်တီးရတာ ကြိုက်နှစ်သက်တဲ့သူဖြစ်တယ်လို့ အင်တာနက်အသုံးပြုသူတွေက ဆိုပါတယ်။
လာမယ့် စက်တင်ဘာလမှာ အသက် ၃၉ နှစ်ပြည့်မယ့် မင်းသမီး ဖန်ကတော့ အဲ့ဒီဗီဒီယိုနဲ့ ပတ်သက်လို့ မှတ်ချက် တစုံတရာ မပေးခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက် ညပိုင်းမှာတော့ သူဟာ ညစာစားနေပုံကို Weibo မှာ တင်ခဲ့ပါတယ်။ ပုံစာမှာတော့ “နွေရာသီမှာ ညစာစားတယ်။ နည်းနည်းလေးတော့ ဗိုက်ပြည့်နေပြီ” လို့ ပုံစာရေးသားခဲ့ပါတယ်။
လက်ရှိမှာတော့ မင်းသမီးဖန်ဟာ ၂ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ အနုပညာလောကထဲကို ပြန်လည် ရောက်ရှိလာဖို့ ပြင်ဆင်နေပါတယ်။ သူဟာ တရုတ်ဗီဒီယိုဝန်ဆောင်မှု Youku ကနေ ထုတ်လွှင့်မယ့် “Win the World” ဒရာမာ စီးရီးမှာ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။
ဒေါ်လာ သန်း ၇၀ အကုန်ကျခံ ရိုက်ကူးမယ့် အဲ့ဒီစီးရီးမှာ မင်းသမီးဟာ ၂၀၆ ဘီစီမှာ အဆုံးသတ်ခဲ့တဲ့ ချင်မင်းဆက်ရဲ့ သမိုင်းဝင် လူပုဂ္ဂိုလ်တဦးအကြောင်းကို ဖော်ပြမှာလည်း ဖြစ်ပါတယ်။
မင်းသမီးဟာ ၂၀၁၈ ခုနှစ်မှာ အခွန်ရှောင်အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် တရုတ်အနုပညာလုပ်ငန်းထဲကို ပြန်မလာနိုင်သေးတဲ့အပြင် သူဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ “Air Strike” ရုပ်ရှင်ဟာလည်း တရုတ်နိုင်ငံမှာ ရုံတင်ခွင့်မရခဲ့ပါဘူး။ မင်းသမီးဟာ ၂၀၁၉ ခုနှစ် ဇွန်လမှာ ခင်ပွန်းလောင်း မင်းသား Li Chen နဲ့ လမ်းခွဲခဲ့ပါတယ်။
Ref: straitstimes
You may also like these stories:
“Aquaman 2” ရုပ်ရှင်ကို Horror ပုံစံ ရိုက်ကူးမည်
နာမည်ကျော် “Ellen DeGeneres” အစီအစဉ်မှ ထုတ်လုပ်သူ ၃ ဦး နုတ်ထွက်
“Jurassic World” ရိုက်ကူးရေး အဖွဲ့သားတွေကို တပတ် ၃ ကြိမ် COVID-19 စစ်ဆေး