ကျနော်တို့အားလုံး သိပြီးသား ဖြစ်တဲ့အတိုင်း ခေတ်သစ် အနောက်တိုင်း အစားအစာတွေမှာ သကြားဓာတ် ဖြည့်တင်း ပါ ဝင်မှု အစားအစာတိုင်းလိုလို ဖြစ်လာပါတယ်။
ရေခဲမုန့်၊ ပေါင်မုန့်တွေကနေ အများစုသော အနောက်တိုင်း အစာတွေက သကြားဓာတ် ဖြည့်စွက်ထားပါတယ်။ ဒီတော့ အခု လို သကြားဓာတ် ဖြည့်စွက်စာတွေ အစားများရင် ဘာဖြစ်လာနိုင်ပါမလဲ။
(၁) အလေးချိန် တိုးလာပါလိမ့်မယ်
တချို့က အဆီစားများရင် ဝမယ်လို့ ဆိုပေမယ့် သကြား အစားများရင်လည်း ဝနိုင်ပါတယ်။ ၂၀၁၁ခုနှစ် လောက်ကတည်းက သိလာခဲ့ရတဲ့ အချက်တချက်က သကြားဓာတ်ပါ အချိုရည် ပုံမှန်သောက်သုံးသူတွေက အဝလွန်နိုင်ခြေ ပိုလာတာပဲ ဖြစ်ပါ တယ်။
ခန္ဓာကိုယ်က သူလိုအပ်တဲ့ သကြားပမာဏထက် ပိုပြီး ကိုယ်တွင်းကို ရောက်လာရင် ဖက်တီအက်ဆစ်(Fatty Acid) အဖြစ် ပြောင်းလဲ သိုလှောင်ထားပြီး နောက်တော့ အဝလွန်ခြင်း ဖြစ်စေဖို့ အားပေးလာပါတော့တယ်။
(၂) သွားတွေ ပျက်စီးမယ်
သကြားဓာတ်က အမှန်တကယ် ပျက်စီးစေတာ မဟုတ်ပေမယ့် သွားကြားမှာ ကျန်မယ့် အကြွင်းအကျန်တွေ အချဉ်ပေါက်လာ ချိန်မှာ သကြားဓာတ်နဲ့ တွေ့ပြီးသွားရဲ့ကြွေလွှာတွေကို ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။
(၃) အရေပြား ပျက်စီးစေနိုင်တယ်
အထူးသဖြင့် ချောကလက်လို အချိုစာ အမြဲစားသူတွေမှာ မျက်နှာပြင် ဝက်ခြံပေါက်မှုကနေ နောက်ဆုံး အမည်းစက် ကျန် ရှိမှုထိအောင် သကြားဓာတ်က အားပေးသလို ဖြစ်စေပါတယ်။
သကြားဓာတ်များတဲ့ နို့ထွက်ပစ္စည်းအစားများရင်လည်း အရေပြားကို အမှတ်၊ အမည်းစက်၊ အရာတွေ ကျန်စေနိုင်မှု ပိုစေ တာတွေ့ရတယ်လို့ ဆိုပါတယ်။
(၄) သကြား စွဲလန်းမှု ဖြစ်စေနိုင်တယ်
ဘယ်သိပ္ပံပညာရှင်ကမှတော့ အခုထိအောင် ဆေးခြောက်စွဲသလို သကြားကလည်း စွဲလန်းမှု ဖြစ်စေတယ်လို့ မပြောသေး ပေမယ့် အချိုစား များသူက အချိုကို ပိုမို နှစ်ခြိုက်စားသုံးမှု ဖြစ်စေတာတွေတော့ တွေ့ရလာရပါတယ်။
ကျနော်တို့ အငန်အစားများသူတွေ ဟင်းမှာ ဆားပေါ့ရင် မစားတတ်သလို သကြားကလည်း အစားများလာ၊ ကြာလာရင် အချိုကိုပဲ နှစ်သက်အောင် စားချင်စိတ် ဖြစ်လာစေပါတယ်။
(၅) ဆီးချို သွေးချို ဖြစ်စေမှုကို အားပေးတယ်
ကျနော်တို့ ဂလူးကို့အပါအဝင် သကြားဓာတ်အစာတွေ စားလိုက်ရင် ကိုယ်ခန္ဓာက အင်ဆူလင်ဓာတ်ကို ထုတ်ပေးတယ်၊ သ ကြားစားများရင် များသလို အင်ဆူလင် ထုတ်လုပ်မှု များလာတယ်။
ဒီလို အင်ဆူလင် ထုတ်လုပ်မှု များလာလေလေ ခန္ဓာကိုယ်က ဂလူးကို့စ်ဓာတ်ကို အကောင်းဆုံး စုပ်ယူမှု မလုပ်နိုင်တော့ပါ ဘူး။
ဒီတော့ ပိုနေတဲ့ ဂလူးကို့စ်တွေက သွေးကြောနဲ့ အသည်းမှာ သွားစုနေပါတယ်။ ဒီလို စုဖွဲ့မှု များလာခြင်းက ဆီးချို သွေးချို ဖြစ်စေနိုင်မှု အားပေးပြီး ရောဂါဖြစ်လာစေနိုင်ပါတယ်။
(၆) စိတ်ကျ၊ စိတ်မကြည်ဖြစ်နိုင်တယ်
သကြားစားသုံးမှုအတွက် ဦးနှောက်ကနေ Dopamine ဆိုတဲ့ စိတ်ပျော်ရွှင်ကျေနပ်စေမှုဓာတ်တခုကို ထုတ်ပေးပါတယ်။ ဒါ ပေမယ့် သကြားအစားများလာရင်တော့ အဆိုပါ ဓာတ်က ဦးနှောက်ကနေ ထွက်ရှိလာမှုပုံစံ မကျတော့ဘဲ စိတ်ဖိစီးမှုနဲ့ စိတ် ကျခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
(၇) နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ခြေ များစေတယ်
အဓိကအချက်ကတော့ သကြားစားများရင် ကိုယ်အလေးချိန် တက်လာတယ်၊ သူနဲ့အတူ နှလုံးသွေးကြောကျဉ်းရောဂါလို နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်လာစေပါတယ်။
သကြား အစားများသူတွေက အခြားသူတွေထက် ရောဂါ ဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်းလောက် ပိုတယ်လို့ သိရပါတယ်။
(၈) အသည်းနဲ့ ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်စေနိုင်တယ်
အရက်သောက်များရင် အသည်းပျက်စီးနိုင်တာ မှန်ပေမယ့် သကြားစားများရင် အရက်သောက် များတာထက်ကိုပဲ အသည်း ကို ပျက်စီးစေနိုင်တယ်လို့ လေ့လာချက်တွေအရ သိလာရပါတယ်။
အထက်မှာ ဆီးချို သွေးချိုနဲ့ ပတ်သက်ပြီး ပြောခဲ့သလို ဂလူးကို့စ်တွေ ပိုပြီး အသည်းမှာ လာစုတတ်တာကြောင့် ဖြစ်ပါတယ်။
(၉) ဦးနှောက်အာရုံခံမှုကို ကျဆင်းစေတယ်
သကြားစားများသူတွေက ဦးနှောက် အာရုံခံမှုအပိုင်းမှာ ဗိုက်က အစာစားနေတာ ဝပြီလား မဝသေးဘူးလား ဆိုတာကို အာ ရုံခံနိုင်ခြေ ကျဆင်းသွားတယ်လို့ သိရပြီး ရလဒ်ကတော့ အစားပိုလာစေသလို အဝလွန်မှု ဖြစ်လာစေနိုင်တာပဲ ဖြစ်ပါတယ်။
(၁၀) မှတ်ဉာဏ်ပိုင်း အားနည်းစေတယ်၊ ရူးသွပ်မှုပါ ဖြစ်စေနိုင်တယ်
၂၀၁၅ ခုနှစ်အတွင်းက အော်ရီဂွန်တက္ကသိုလ်ကနေ လေ့လာချက်တွေအရ သကြားဓာတ်ဟာ ဦးနှောက်ရဲ့မှတ်ဉာဏ်တို ရော မှတ်ဉာဏ်ရှည် မှတ်သားနိုင်မှုကိုပါ တိုက်ရိုက်ကျဆင်းစေပြီး အသက်အရွယ်ကြီးရင့်လာရင် မှတ်ဉာဏ်မကောင်းမှု ဖြစ်စေဖို့ အားပေးသလို အာရုံကြော အားနည်းသူတွေမှာ ရူးသွပ်မှု ဖြစ်စေဖို့ပါ အားပေးတယ်လို့ ဆိုပါတယ်။
www.businessinsider.com