အက်ဆစ်နဲ့ အပက်ခံရတဲ့ မိန်းကလေးတွေ ဖွင့်လှစ်ထားတဲ့ အိန္ဒိယက ကော်ဖီဆိုင်
အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် Taj Mahal ကနေ တမိုင်လောက် အကွာမှာရှိတဲ့ Sheroes’ Hangout ဆိုတဲ့ ကော်ဖီဆိုင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတနေရာ ဖြစ်ပါတယ်။ အဲဒီကော်ဖီဆိုင်ကို အက်ဆစ်နဲ့ ပက်ခံရတဲ့ အမျိုးသမီးတွေက ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်မှာ စတင်ဖွင့်ထားတဲ့ ဒီဆိုင်ကို လာတဲ့သူတွေ သဘောကျရတဲ့ အကြောင်းအရင်းကတော့ ကော်ဖီက ကောင်းမွန်လွန်းတဲ့ အပြင် အစားအသောက်တွေ အဆင်ပြေတာကြောင့် ဖြစ်ပါတယ်။ စိတ်ထဲရှိလောက်ပဲ ပေးရတဲ့ဆိုင် ဖြစ်လို့ ဈေးနှုန်းတွေကို သတ်မှတ်ထားတာမျိုး မရှိဘူးလို့ သိရပါတယ်။
“ကျမတို့ ဆိုင်ကို လာတဲ့ အထဲမှာ ကမ္ဘာအရပ်ရပ်က ဧည့်သည်တွေပါတယ်။ ကျမတို့ သတင်းကို ကြားဖူးတဲ့ သူတွေပေါ့။ သူတို့က ကျမတို့လို အက်ဆစ်နဲ့ ပက်ခံခဲ့ရသူတွေ ဘယ်လို ရှင်သန်နေထိုင်နေကြတယ်ဆိုတာကို သိချင်လို့ လာလေ့လာကြတာ” လို့ အသက် ၂၀ အရွယ် Chanchal Kumari ကပြောပါတယ်။
သူဟာ လက်ထပ်ခွင့်ကို လက်မခံခဲ့လို့ အက်ဆစ်နဲ့ အပက်ခံခဲ့ရတဲ့ မိန်းကလေးတယောက်ဖြစ်ပြီး ဆိုင်ကို အဓိက လည်ပတ်နေသူတွေထဲက တယောက်လည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေက အက်ဆစ်နဲ့ ပက်ခံရတဲ့ အဓိက ပစ်မှတ်ဖြစ်လေ့ရှိပြီး အိမ်တွင်းအကြမ်းဖက်မှုတွေကို ခံရလေ့ရှိသူတွေလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုသေသနတွေ အရ အက်ဆစ်ပက်ခံရတဲ့ အမျိုးသမီး အရေအတွက်ဟာ တနှစ်မှာ ၁ထောင်ထက် မနည်းရှိတယ်လို့ ဆိုပါတယ်။
Ref; globalcitizen
You may also like these stories: