• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သက်ငယ် မုဒိမ်းမှုတွင် လာဘ်စားသည်ဟု ရဲစခန်းမှူး တဦး စွပ်စွဲခံရ

by လဝီဝမ်
28 May 2019
in သတင်း
A A
မွန်ပြည်နယ် မုဒုံမြို့ အဝင် ဆိုင်းဘုတ် / Nann Ma Naik

မွန်ပြည်နယ် မုဒုံမြို့ အဝင် ဆိုင်းဘုတ် / Nann Ma Naik

36.2k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ် မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူး တဦးသည် သက်ငယ် မုဒိမ်းမှုတခု၌ လာဘ်ယူသည်ဟု စွပ်စွဲခံရပြီးနောက် စုံစမ်း စစ်ဆေးခံနေရကြောင်း သတင်း ရင်းမြစ်များက ပြောဆိုကြသည်။

ထိုဖြစ်ရပ်သည် မုဒုံမြို့နယ် ကော့ခပုံ ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး အသက် ၁၂ နှစ် အရွယ် မိန်းကလေးကို တအိမ်တည်း နေ အဖေတူ အမေကွဲ အစ်ကို ဖြစ်သူက အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
116
ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

ကွယ်လွန်သွားတဲ့ ကလေးတွေအတွက် အမိန့်ပြန် (ရုပ်/သံ)

14 May 2025
60
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

14 May 2025
317

ပြုကျင့်ခံရသော မိန်းကလေး၏ မိခင်က အမှုကို မုဒုံမြို့နယ် ရဲစခန်းသို့ မေလ ၁၈ ရက်က တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ပြုကျင့်သူကို ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ရဲစခန်းမှူး ဦးခင်မောင်ထွန်းသည် ပြုကျင့်ခံရသူ၏ မိခင်နှင့် စွပ်စွဲခံရသူ နှစ်ဦးစလုံးထံမှ တဦးလျှင် ငွေ တသိန်းကျပ်စီ တောင်းခံခဲ့သည်ဟု ဆိုသည်။

အဓမ္မမှု ဖြစ်စဉ် အများစုက ကျူးလွန်သူကို အရေးယူရန် အတွက် ခံရသူထံမှ လာဘ်တောင်းခြင်းသည် မုဒုံမြို့နယ်တွင် ထုံးစံလိုလို ဖြစ်နေကြောင်း သိရသည်။

ကျူးလွန်ခံရသူ၏ မိသားစုမှာမူ ရဲတပ်ဖွဲ့တွင် ချုပ်နှောင်ခံရစဉ် အတွင်း ကောင်းမွန်စွာထားရန် အတွက် လာဘ်ပေးရ သည် မှာလည်း ထုံးစံဖြစ်နေသည်ဟု ဆိုသည်။

မိသားစုတွင် ငွေကြေး အခက်အခဲကြောင့် မေလ ၁၉ ရက်တွင် ကျူးလွန်ခံရသူနှင့် ကျူးလွန်သူ ၂ ဦးစလုံး၏ ဖခင် ဦးအောင်ဝင်းက ငွေကျပ် ၁ သိန်း ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ရဲစခန်းမှူး လာဘ်ယူခြင်းနှင့် ပတ်သက်သည့် မကျေနပ်မှုများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် မော်လမြိုင်ရှိ ခရိုင်ရဲ တပ်ဖွဲ့မှ စုံစမ်း စစ်ဆေးရေး ကော်မရှင်က ထိုစွပ်စွဲမှုကို မေလ ၂၂ ရက်တွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးသူများသည် လာဘ်ယူသည်ဟု စွပ်စွဲခံရသူ ဦးခင်မောင်ထွန်းနှင့် လာဘ်ပေးသူ ဦးအောင်ဝင်းတို့ကို စုံစမ်း စစ်ဆေးခဲ့သည်။

အဖမ်းခံထားရသော သားဖြစ်သူ အတွက် အစားအသောက် ဝယ်ရာတွင် သုံးစွဲရန် ဖြစ်သည်ဟု ထင်သောကြောင့် စွပ်စွဲခံရသူ၏ ဖခင်ထံမှ ငွေကို ယူခဲ့ကြောင်း ဦးခင်မောင်ထွန်းက ပြောသည်ဟု စုံစမ်းစစ်ဆေးမှုကို ဦးဆောင်သူ ရဲမှူး အောင်မင်းက ဧရာဝတီ သတင်းဌာနသို့ မေလ ၂၇ ရက်က ပြောသည်။

သို့သော် ဦးအောင်ဝင်းသည် သူ၏ ထွက်ဆိုချက်တွင် စခန်းမှူးက တောင်း၍ ပေးလိုက်ရကြောင်း ပြောဆိုသည်။

ဦးခင်မောင်ထွန်း ကမူ လာဘ်တောင်းသည် ဆိုခြင်းကို ငြင်းခဲ့ကြောင်း ရဲမှူး ဦးအောင်မင်း က ဆိုသည်။

“လာဘ်ငွေကို တကယ်ယူခဲ့လား၊ မယူခဲ့ဘူးလား ဆိုတာကို စစ်ဆေးရမှာက စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့တာဝန်ပဲ”ဟု ရဲမှူး အောင်မင်း ပြောသည်။

စွပ်စွဲခံရသူ နှစ်ဦးစလုံး၏ ထွက်ဆိုချက်များကို မွန်ပြည်နယ် အစိုးရသို့ အရင်ပေးပို့မည် ဖြစ်ပြီး ထို့နောက်တွင် နေပြည်တော် ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ ပေးပို့မည်ဟု သိရသည်။

ထိုနောက် ဦးခင်မောင်ထွန်းကို အရေးယူ သင့်မသင့် နေပြည်တော်က ဆုံးဖြတ်မည် ဖြစ်သည်ဟု ဆိုသည်။

အစိုးရသည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ကော်မရှင်သည် အဂတိ လိုက်စားသော ရဲအရာရှိများ အပါအဝင် အရာရှိ အများအပြားကို အရေးယူခဲ့သည်။

သို့သော် အဂတိလိုက်စားမှုမှာ အစိုးရ အရာရှိများကြားတွင် ပြဿနာ တရပ် အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော်လည်း အရာရှိ အများစုသည် စစ်အစိုးရ ခေတ် ကတည်းက ခန့်အပ်ထားသူများ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ဒလတွင် သက်ငယ်မုဒိမ်းကျူးလွန်ခံရသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြား

မုဒိမ်းမှုကို တိုင်ချက်ဖွင့်တာနဲ့ ချက်ချင်းဖမ်းသင့်သလား

သက်ငယ်မုဒိမ်းမှု ထောင်ဒဏ်တသက်ဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြု

မြန်မာ့လူကုန်ကူးမှုပြဿနာ စိုးရိမ်ဖွယ်ရှိနေ

Your Thoughts …
Tags: သက်ငယ် မုဒိမ်းမှု
လဝီဝမ်

လဝီဝမ်

ဧရာဝတီ

Similar Picks:

ဘဝ အနာဂတ်အတွက် စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေရတဲ့ မပြည့်ပြည့် / ထက်ခေါင်လင်း / ဧရာဝတီ

ဖခင်ရင်း၏ ကာမရမက်အတွင်း ကြွေကျခဲ့ရသော ပန်းကလေးတပွင့်

by ထက်ခေါင်လင်း
14 August 2019
213.7k

ဒါပေမယ့် မြောက်ဥက္ကလာပမြို့နယ်က ရပ်ကွက်တခုမှာ ဖြစ်ပွားသွားခဲ့တဲ့ အဖြစ်အပျက်တခုကတော့ ဖခင်အများစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဖခင်အရင်းဖြစ်သူ ကိုယ်တိုင်က အပျိုဖော်ဝင်စ သမီးအရင်းကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းပါ။

သမီးလေး အရွယ်နှင့်မမျှအောင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားခဲ့ရသည်ကို သူ ဘယ်သော အခါမှ မေ့နိုင်လိမ့်မည် မဟုတ်  / ဧရာဝတီ

အညွန့်ချိုး ခံလိုက်ရသော ပန်းကလေးတပွင့်

by ဇူးဇူး
10 December 2017
59k

မျက်ဝန်းအိမ်မှ လျှံကျလာသော မျက်ရည်စကို လက်နှစ်ဘက်နှင့် ခပ်ကြမ်းကြမ်း သုတ်ဖယ်လိုက်ရင်း ယခုနှစ် မေလ က ဖြစ်ပျက်ခဲ့သော ပန်းကောင်း အညွန့်ချိုး ဖြစ်ရပ်ကို ပြန်လည်ပြောပြရန်

သမီးငယ်၏ စိတ်ကူးအိပ်မက်များ ရိုက်ချိုးခံလိုက်ရသည့် အတွက် ယူကျုံးမရ ဖြစ်ရသည်ဟုလည်း  / ဧရာဝတီ

အပျံသင်စ ငှက်ကလေးများ၏ စိတ်ကူး အိပ်မက်များ ကြွေပျက်မသွားစေချင်

by ဇူးဇူး
17 January 2018
20.6k

အပျံသင်စ ငှက်ကလေး အရွယ်တွင် တောင်ပံ ရိုက်ချိုးခံလိုက်ရသည့် ဖြစ်ရပ်ဆိုးမျိုးကို ဒေါ်သူသူမာ (အမည်လွှဲ) တို့ မိသားစု မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသည်။

သံသယ တရားခံ ဗိုလ်ဝင်း  / Khual Suante

တွန်းဇံမြို့နယ် သက်ငယ်မုဒိမ်း သံသယ တရားခံကို ဖမ်းဆီး စစ်ဆေးနေ

by လဲ့လဲ့
24 July 2019
30.9k

ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီးတုမ်း ကျေးရွာအုပ်စုနေ ၉ နှစ်အရွယ် မိန်းကလေး ငယ်အား အဓမ္မ ပြုကျင့် သည်ဟု သံသယရှိသူ လမ်းလုပ်သား ဗိုလ်ဝင်း ဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အရွယ်မရောက်သေးသော ကလေး သူငယ်များ အပေါ် အဓမ္မပြုကျင့်မှုများနှင့် ပတ်သက်သည့် ဆန္ဒပြ လှုပ်ရှားမှုတခု / ပြေကျော် / ဧရာဝတီ

သက်ငယ် မုဒိမ်းမှု ခရိုင်အဆင့် တရားရုံးများတွင် စစ်ဆေးစီရင်မည်

by ထက်နိုင်ဇော်
31 January 2017
43.6k

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရေး အတွက် ခရိုင် အဆင့် တရားရုံးများတွင်သာ စစ်ဆေးစီရင်ရန်နှင့် ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ရန် ညွှန်ကြားချက် တခု ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်လိုက်ကြောင်း သိရသည်

သက်ငယ် မုဒိမ်းမှုနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်က နေပြည်တော် Park Royal ဟိုတယ်၌ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး နေစဉ်  / ဒေါ်မေစိုး

သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးသင့်၊ မပေးသင့် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေး

by သဇင်လှိုင်
22 February 2017
10.3k

သက်ငယ်မုဒိမ်းမှုကို သေဒဏ်ပေးသင့်၊ မပေးသင့် နှင့် ပတ်သက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များ နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးကြကြောင်း သတင်းရသည်

Next Post
ပြည်တွင်း ထွက်ကုန်တခုဖြစ်နေသော နွားများ  / ဧရာဝတီ

ကျွဲ၊ နွား ရောင်း/ဝယ်ကဏ္ဍ လုံခြုံရေးနှင့် အုပ်ချုပ်ရေးထံ အာဏာပေးထားမှု ပယ်ဖျက်

နေပြည်တော်ရှိ ဒက္ခိဏခရိုင် တရားရုံး  / ဧရာဝတီ

တရားသူကြီးများ ကျမ်းကျိန်ရမည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော် အတည်ပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
6.2k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate