ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ရောက်ရှိနေသော သမ္မတ ဦးထင်ကျော်သည် ဗီယက်နမ် ရင်းနှီးမြှုပ်နှံ မှုနှင့် ဖွံ့ဖြိုးရေး တိုးတက်ရေးဘဏ် (BIDV) ဒါရိုက်တာများဘုတ်အဖွဲ့ ယာယီဥက္ကဋ္ဌ မစ္စတာ ကျန်အိုင်းသွမ် နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ရန် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဆွေးနွေးကြောင်း သမ္မတရုံးမှ ထုတ်ပြန်သည်။
အလားတူ Viettel Telecom Corporation ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ငုယင်မင့်ဟုန် နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ပိုမို ဖြန့်ကျက်ဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။
ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ်း၏ ဖိတ်ကြားချက်အရ သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင် တို့ရဲ့ ၃ရက်ကြာ ချစ်ကြည်ရေးခရီးစဉ် အောက်တိုဘာ ၂၅ရက်နေ့က စတင်ခြင်းဖြစ်သည်။
ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးနဲ့ ခရီသွားလုပ်ငန်း အပါအဝင် လေ ကြောင်းပို့ဆောင်ရေး ပတ်သက်ပြီး ပိုမိုပူးပေါင်းလုပ် ဆောင်ဖို့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ဗီယက်နမ်သတင်းက ဆိုသည်။
ဗီယက်နမ်အနေနဲ့ မြန်မာ့စီးပွားရေးကဏ္ဍမှာ လယ်ယာ၊ ပင်လယ်ရေထွက်၊ ဘဏ္ဍာရေးနှင့် ဘဏ် လုပ်ငန်း၊ လေကြောင်းပျံသန်းမှု၊ ဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေး၊ အီလက်ထရော်နစ်ပစ္စည်းများ ထုတ်လုပ်ရေး၊ ကားနှင့် အပိုပစ္စည်းထုတ်လုပ်မှု၊ ဆောက်လုပ်ရေး စတဲ့ လုပ်ငန်း ၁၂ခုခန့်ကို ဦးစားပေးလုပ်ကိုင်နေပြီး၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၅၇သန်း ရင်းနှီးမြုပ်နှံထားသည်။