မလေးရှားနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် ကင်ချူး ကို ၄၈နာရီအတွင်း နိုင်ငံအတွင်းမှ ထွက်ခွာသွား ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က စာပေးပို့လိုက်ပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၁၃ရက်နေ့က မြို့တော် ကွာလာလမ်ပူလေဆိပ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ ဖအေတူမအေကွဲအကို ကင်ဂျုံနမ်အသတ်ခံရပြီးနောက်မှာ နိုင်ငံအကြား ဆက်ဆံရေး တင်းမာပြီးနောက် သံတမန်နှင်ထုတ်လိုက်ခြင်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံခြားရေး ဝန်ကြီး အာမန် ပြောဆိုချက်အရ မြောက်ကိုရီးယားအစိုးရနဲ့ သံအမတ်ကြီး ကင်ချူးကိုတော့ မနေ့က စာပေးပို့ခဲ့ကြောင်း၊ ယင်းအချိန်မှ စကာ ၄၈နာရီအတွင်း ထွက်ခွာဖို့ အကြောင်းကြားထားကြောင်း သိရပါတယ်။
ကင်ဂျုံနမ် အသတ်ခံရမှုမှာ မလေးရှားရဲ့ စုံစမ်းစစ်ဆေးမှုကို သံအမတ်ကြီး ကင်ချူးက မလိုလားအပ်ဖွယ် ဝေဖန်ပြစ်တင်ခဲ့ကြောင်း၊ ဒါအပြင် မလေးရှားနိုင်ငံမှာ အခုလို အဖြစ်အပျက် တွေ လုပ်ကိုင်နေတာကို မြောက်ကိုရီးယားအနေနဲ့ တောင်းပန်ဖို့ မလေးရှားက တောင်းဆိုပေမယ့် တုံ့ပြန် ခြင်းမရှိတဲ့အတွက် ဖြစ်တယ်လို့သိရပါတယ်။