• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ကာကွယ်ရေးဝန်ကြီး အရပ်သားတွေ ပြန်ဖြစ်တဲ့အခါ

by ကြည်ရှိန်
14 May 2020
in သူ့အတွေး သူ့အမြင်
A A
ဝန်ကြီးချုပ်ဟောင်း၊ ဒုတိယဝန်ကြီးချုပ်ဟောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဖြစ်ခဲ့တဲ့ ဦးဗဆွေ

ဝန်ကြီးချုပ်ဟောင်း၊ ဒုတိယဝန်ကြီးချုပ်ဟောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဖြစ်ခဲ့တဲ့ ဦးဗဆွေ

12.8k
VIEWS
Share on FacebookShare on Twitter

အရပ်သားလွှမ်းမိုးတဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ် (Civilian Supremacy-oriented Democratic Federal System) အကောင်အထည်ပေါ်လာတဲ့နေ့ ရောက်လာခဲ့ရင် အရပ်သားကာကွယ်ရေးဝန်ကြီး ခန့်အပ်ခံရမယ့် နိုင်ငံရေးသမားဟာ ဒီမိုကရေစီစနစ်ကို နှစ်နှစ်ကာကာ ယုံကြည်သူဖြစ်ပြီး မိမိရဲ့ တကိုယ်ရေ နိုင်ငံရေးအကျိုးစီးပွားအတွက် စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲမသွင်းသူဖြစ်ဖို့ လိုအပ်တယ်လို့ ဆွေးနွေးချင်ပါတယ်။

ဒီရက်ပိုင်း စာရေးသူအနေနဲ့ မြန်မာပြည် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယနေ့အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာကွယ်ရေး ဝန်ကြီးစာရင်းကို အင်တာနက်ကနေ ကြည့်လိုက်တဲ့အခါမှာ ၁၅ ဦး ရှိတာတွေ့ရပြီး ယင်းတို့အနက် စစ်မှုထမ်းဘဝနဲ့ ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်သူက ၁၀ ဦး၊ ကျန် ၅ ဦးမှာ အငြိမ်းစားစစ်မှုထမ်းဘဝနဲ့ ကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့သူက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မှူးအောင် ၂ ယောက်သာဖြစ်ပါတယ်။

စစ်မှုထမ်းအဖြစ် တကြိမ်မှ တာဝန် မထမ်းဆောင်ခဲ့ဘူးပဲ အရပ်သားကာကွယ်ရေး ဝန်ကြီးစစ်စစ် ဖြစ်ခဲ့တဲ့သူဆိုလို့ မြန်မာပြည်ရဲ့ ပထမ ဒီမိုကရေစီခေတ် (၁၉၄၈ – ၁၉၅၈) နဲ့ ဒုတိယ ဒီမိုကရေစီခေတ် (၁၉၆၀ – ၁၉၆၂) မှာ စုစုပေါင်း အနေနဲ့ ဦးနု၊ ဦးဝင်း၊ ဦးဗဆွေ တို့ အရပ်သား ၃ ယောက်ပဲ ရှိပါတယ် (Myanmar National Portal, 2020)။ အဲဒီမှာမှ ဝန်ကြီးချုပ်ဦးနုက အရပ်သားကာကွယ်ရေးဝန်ကြီးအဖြစ် သူ့ရဲ့ ဝန်ကြီးချုပ်ရာထူးနဲ့ ပူးတွဲကိုင်တွယ်တဲ့နေ့ရက်က မတူညီတဲ့ကာလ ၂ ကြိမ်ပေါင်းမှ ၂ နှစ် ၅ လနဲ့ ၃ ရက်ပဲ ကြာပါတယ်။

၁၉၆၁ ဒီဇင်ဘာလ အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီယန်နှင့် ဦးဗဆွေ

နောက်ထပ် အရပ်သား တဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဦးဝင်း တာဝန်ယူခဲ့ရတဲ့ နေ့ရက်က စုစုပေါင်း ၁ နှစ် ၅ လနဲ့ ၂၆ ရက်ပဲကြာပါတယ်။ ဒါကြောင့် အရပ်သား ၃ ယောက်ထဲ သက်တမ်းအရှည်ဆုံး အရပ်သားကာကွယ်ရေးဝန်ကြီးက ကျားကြီးဗဆွေလို့ ခေါ်ကြတဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ ဆိုရှယ်လစ်ဂိုဏ်းအုပ်စုခေါင်းဆောင် ဦးဗဆွေ ဖြစ်ပါတယ်။ အရပ်သားကာကွယ်ရေးဝန်ကြီးအဖြစ် သူတာဝန်ယူခဲ့ရတဲ့နေ့ရက်က စုစုပေါင်း ၆ နှစ် ၂ လနဲ့ ၂၃ ရက် ကြာပါတယ်။

တနည်းအားဖြင့်ပြောရရင် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ဖူးသူ ၁၅ ဦးမှာ အရပ်သားဖြစ်တဲ့ ဦးဗဆွေဟာ စတုတ္ထမြောက် သက်တမ်းအရှည်ဆုံး ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး သူ့ထက်ပိုတဲ့ သက်တမ်းအရှည်ဆုံး ၃ ဦးက စစ်ဗိုလ်တွေသာဖြစ်ပါတယ်။

မှတ်ချက်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၈ နှစ် ၁၁ လနဲ့ ၆ ရက် ရှိပြီး သက်တမ်းအရှည်ဆုံးကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကြီးနေဝင်းက ၁၃ နှစ်နဲ့ ၁၄ ရက်အဖြစ် ဒုတိယသက်တမ်းအရှည်ဆုံး ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်က ၁၂ နှစ် ၄ လနဲ့ ၂၀ ရက်အဖြစ် တတိယသက်တမ်း အရှည်ဆုံးကာကွယ်ရေးဝန်ကြီး ဖြစ်ခဲ့ကြပါတယ်။

အထက်ပါ ကိန်းဂဏန်းတွေအရ ပြောရမယ်ဆိုရင် အရပ်သားဖြစ်တဲ့ ကျားကြီးဦးဗဆွေ အနေနဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ၆ နှစ် ၂ လနဲ့ ၂၃ ရက်ကြာ တာဝန်ယူရတဲ့ သက်တမ်းမှာ စစ်တပ်က စစ်အရာရှိတွေကို ဖဆပလ ၂ ခြမ်းကွဲချိန်မှာ သူနဲ့ ဦးကျော်ငြိမ်း ဦးဆောင်တဲ့ တည်မြဲဖဆပလအုပ်စုကို ထောက်ခံသူ ဖြစ်လာစေဖို့၊ သူ့ရဲ့ ဩဇာကို ကောင်းကောင်းချဲ့ထွင်ဖို့ ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး ရတဲ့အာဏာပါဝါကို တာဝန်ယူခွင့်ရတုန်း အပြည့်အဝ အသုံးချနိုင်ခဲ့တဲ့ သဘောရှိပါတယ်။

ဘာလို့ ဒီလိုပြောရသလဲဆိုတော့ ဦးနုရဲ့အတ္ထုပ္ပတိရေးသူ နိုင်ငံရေးသိပ္ပံပညာရှင် တဦးဖြစ်တဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်က ပါရဂူဘွဲ့ရ ဒေါက်တာရစ်ချတ်ဒ်ဘတ်ဝဲလ် (Richard Butwell) ရေးတဲ့ အကယ်ဒမစ် သုတေသနစာတမ်း တခု အရဆိုလျှင် အိမ်စောင့်အစိုးရက အာဏာသိမ်းပြီး ကျင်းပတဲ့ ၁၉၆၀ ရွေးကောက်ပွဲမှာဆိုရင် စစ်တပ်အရာရှိတွေဟာ လူအများစု ကြိုက်တဲ့ ပြည်ထောင်စုပါတီ ခေါင်းဆောင်ဟောင်း ဦးနုထက် သူတို့ရဲ့ဆရာလို သူတို့အမြင်မှာ ခံစားခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း၊ ဒုတိယဝန်ကြီးချုပ်ဟောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဖြစ်ခဲ့တဲ့ ဦးဗဆွေပါတီ ဥက္ကဋ္ဌ လုပ်ပြီး ဒုတိယဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း ဦးဆောင်တဲ့ တည်မြဲဖဆပလပါတီကိုသာ မဲပေးခဲ့ကြတယ်လို့ ဆိုပါတယ် (Butwell and Mehden, 1960, p. 144 – 157) ။

ဝန်ကြီးချုပ်ဟောင်း ဦးနု

အဲဒီလို စစ်အရာရှိတွေရဲ့ထောက်ခံမှု ရလောက်တဲ့အထိ အရပ်သားကာကွယ်ရေး ဝန်ကြီးဖြစ်ခဲ့တဲ့ ကျားကြီး ဦးဗဆွေဟာ သူကာကွယ်ရေးဝန်ကြီး တာဝန်ယူရတဲ့ ၆ နှစ် ၂ လနဲ့ ၂၃ ရက်အတွင်းမှာ စစ်တပ်အရာရှိတွေအပေါ် ဩဇာလွှမ်းမိုးမှု ရယူနိုင်ခဲ့တာကို ဒီ ၆ နှစ် ၂ လနဲ့ ၂၃ ရက်ဆိုတဲ့ ကိန်းဂဏန်းပါ အချိန်ကာလ တခုက ဝန်ကြီး ၁ ဦး အနေနဲ့ မိမိကိုင်တွယ်ရတဲ့ ဝန်ကြီးဌာနအပေါ် သြဇာအပြည့်အ၀ ညောင်းအောင်လုပ်ဖို့ အင်မတန်များပြားလုံလောက်တဲ့ အချိန်ကာလ ပမာဏဖြစ်ကြောင်း သက်သေပြလျက် ရှိပါတယ်။

နောက်ဆုံး ဒီအခြေအနေကပဲ စစ်တပ်ဟာ သူတို့ထောက်ခံတဲ့ သူတို့ရဲ့ဆရာဟောင်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဗဆွေဟာ ထောက်ခံမှု ဘယ်လိုမှ မရနိုင်မှန်း သိသာခြင်းအရ အာဏာပြန်သိမ်းနိုင်ချေ ရှိတယ်လို့ ရစ်ချက်ဘတ်ဝဲလ်က ၁၉၆၀ ဇူလိုင်လ သူရေးတဲ့စာတမ်းမှာ ထောက်ပြခဲ့သလိုပဲ ၁၉၆၂ မတ်လ၂ ရက်မှာ စစ်တပ်ဟာ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဖြစ်နေတဲ့ ဦးနုဆီကနေ အာဏာပြန်သိမ်းခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်ရဲ့ တတိယ ဒီမိုကရေစီခေတ်လို့ တင်စားပြောလို့ရတဲ့ စပ်ကြား ဖားတပိုင်း ငါးတပိုင်း ဒီမိုကရေစီစနစ် (Hybrid Democracy) စနစ်အောက်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်မှူးကြီးဖြစ်တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ စစ်အရာရှိ ၁ ဦးကို သမ္မတက ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရတဲ့ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် ၂ အရ ကာကွယ်ရေး ဝန်ကြီးရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်ဟာ ပရိုတိုကောလ် Protocol အရကြည့်ရင် တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ထက် ပိုနိမ့်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် တချိန်ချိန်မှာ မြန်မာ့တပ်မတော်အနေနဲ့ လွှတ်တော်နိုင်ငံရေးကနေ ဆုတ်ခွာရပြီး အရပ်ဘက် ပြည်သူလူထု လက်ထဲကို ဒီမိုကရေစီအပြည့်အဝ ပေးရတဲ့အထိ စတုတ္ထ ဒီမိုကရေစီခေတ် (သို့မဟုတ်) ပထမဆုံး ဒီမိုကရေစီ ဖက်ဒရယ် ခေတ်လို့ တင်စားပြောဆိုရလောက်တဲ့ အချိန်အခါသမယကို ကျရောက်လာခဲ့မယ်ဆိုရင် အရပ်သား ရွေးကောက်ခံ သမ္မတဟာ ဥသျှောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) ကာကွယ်ရေး ဦးစီးချုပ် [Supreme Commander-in-Chief or Commander-in-Chief] အဖြစ် တာဝန်ယူရမှာဖြစ်ပြီး သူ့အောက်မှာ အရပ်သား နိုင်ငံရေးသမား (သို့မဟုတ်) စစ်မှုထမ်းဟောင်း ဖြစ်ခဲ့တဲ့ အရပ်သားနိုင်ငံရေးသမား ကာကွယ်ရေးဝန်ကြီး (Civilian/Ex-Military Defence Minister)က စစ်မှုရေးရာနဲ့ တိုင်းပြည်လုံခြုံရေးကို အဓိကကြီးကြပ်ကွပ်ကဲရတဲ့ အရပ်သားနိုင်ငံရေးသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

ကြည်း၊ ရေ၊ လေ တပ်မတော်တခုလုံးရဲ့ အကြီးအကဲဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) စစ်ဦးစီးချုပ် [Commander-in-Chief or Chief of Defence Staff] နေရာကို စစ်ယူနီဖောင်းဝတ်ထားတဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိ ၁ ဦးက ဗိုလ်ချုပ်မှူးကြီးအဆင့်နဲ့ ကြီးကြပ် ကွပ်ကဲရမှာ ဖြစ်ပါတယ်။

ထိုအချိန်အခါသမယကို ကျရောက်လာခဲ့ပြီဆိုရင် အရပ်သားကာကွယ်ရေးဝန်ကြီးရဲ့ အခန်းကဏ္ဏဟာ မြန်မာပြည်ကို နောက်ထပ် စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ် ပြန်လည်ကြုံတွေ့စေရတာမျိုး မဖြစ်အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရတဲ့ အရေးကြီးပုဂ္ဂိုလ် ဖြစ်လာစေသင့်ပါတယ်။

ထိုအချိန်အခါ သမယကို ကျရောက်လာခဲ့ပြီ ဆိုရင် မည်သည့်ပါတီကိုယ်စားပြုတဲ့ အရပ်သားသမ္မတအနေနဲ့ အရပ်သား ကာကွယ်ရေးဝန်ကြီးကို ခန့်အပ်ဖို့ အောက်ပါအချက် ၃ ချက်ကို အဓိက အခြေခံထားပြီး ရွေးချယ်သင့်ပါတယ်။

(၁) ခန့်အပ်ခံရမယ့် အရပ်သားကာကွယ်ရေးဝန်ကြီးဟာ စစ်အရာရှိတွေကို သေချာကျွမ်းကျင်စွာ အုပ်ချုပ်နိုင်သူ ဖြစ်ရ ပါမယ်။

(၂) ခန့်အပ်ခံရမယ့် အရပ်သားကာကွယ်ရေးဝန်ကြီးဟာ အရပ်သားသမ္မတရဲ့ အာဏာရပါတီက နိုင်ငံရေးသမားတွေထဲ ပါတီအတွင်းမှာ ကတည်းကိုက ဒီမိုကရေစီဆန်သူ နိုင်ငံရေးသမားအဖြစ် ဂုဏ်သတင်းကျော်စောသူဖြစ်ပြီး ပြည်သူလူထုနဲ့ ရွေးကောက်ခံ အရပ်သားအစိုးရအတွက် ဒီမိုကရေစီစနစ်ကို မပြိုလဲအောင်၊ စစ်အာဏာသိမ်းခံရမှုတွေ မဖြစ်ပွားအောင် မိမိရဲ့အသက်ကို စွန့်ရဲတဲ့၊ စွန့်နိုင်တဲ့အထိ ကာကွယ်စောင့်ရှောက်လိုတဲ့ ခိုင်မာတဲ့သန္ဓိဌာန်ရှိတဲ့ နိုင်ငံရေးသမား ဖြစ်ရ ပါမယ်။ (မိမိရဲ့အာဏာရရှိရေးအတွက် မိမိရဲ့ သူငယ်ချင်းနိုင်ငံရေးသမား ၁ ဦးဖြစ်တဲ့ ဦးကျော်ငြိမ်းနဲ့ပေါင်းကာ ၁၉၄၉ ပြည်တွင်းစစ် ဆိုးရွားတဲ့အချိန်ကနေစပြီး ၁၉၆၂ အာဏာအပြီးသိမ်းတဲ့အထိ ကြားကာလအတွင်း စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်းခဲ့တဲ့ ကျားကြီးဦးဗဆွေလို အရပ်သားကာကွယ်ရေးဝန်ကြီးမျိုးကို မခန့်မိဖို့ လိုအပ်ပါတယ်။)

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
487
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
187
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.1k

(၃) အခြေခံဥပဒေအရ တရားဝင်ပြဌာန်းစရာမလိုပဲနဲ့ အရပ်သားသမ္မတဟာ မိမိရဲ့ပါတီဝင်ဖြစ်တဲ့ အရပ်သား ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ထားသူကို မိမိရဲ့ အစိုးရသက်တမ်း တကြိမ် ၅ နှစ်ရှိတယ်ဆိုရင် ၂ နှစ်နဲ့ ၆ လ ကြာတဲ့အချိန် ကာကွယ်ရေးဝန်ကြီး နေရာထားတဲ့ အရပ်သားနိုင်ငံရေးသမားကို မိမိရဲ့ပါတီက တခြားအရပ်သား နိုင်ငံရေးသမားထဲက အပေါ်မှာပြောခဲ့တဲ့ အရည်အချင်း ၂ ချက်နဲ့ ပြည့်စုံသူနဲ့ အစားထိုးလှဲလှယ်သင့်ရင် လှဲလှယ်ရပါမယ်။ (အကယ်၍ ဖဆပလ ခေတ်လို အာဏာရပါတီတွင်း အာဏာအကွဲအပြဲ ဖြစ်လာခဲ့ရင် ကာကွယ်ရေးဝန်ကြီး နေရာ တာဝန်ယူထားသူဟာ ထိုကဲ့သို့ အကွဲအပြဲဖြစ်ချိန်မှာ အနည်းဆုံး ၃ နှစ်ကျော် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး အရည်အချင်းလည်းပြည့်သလို ဒီမိုကရေစီ စည်းမျဉ်းတွေကို သေချာမလိုက်နာတတ်သူဆိုရင် စစ်တပ်ကို ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းလုပ်ခဲ့သလို အရပ်ဘက်နိုင်ငံရေးထဲ ဆွဲသွင်းနိုင်တဲ့ အန္တရာယ်ရှိလို့ ဖြစ်ပါတယ်။)

အချုပ်အားဖြင့်ပြောရရင် တပ်မတော်အနေနဲ့ လွှတ်တော်နိုင်ငံရေးကနေ ဆုတ်ခွာပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အပြည့်အဝ ရလာတဲ့ အချိန်အခါသမယကို ရောက်လာခဲ့ရင် ရွေးကောက်ခံအစိုးရ အကြီးအကဲအနေနဲ့ ကာကွယ်ရေးဝန်ကြီးခန့်အပ်ဖို့ မိမိရဲ့ပါတီဝင်အရပ်သား (သို့မဟုတ်) စစ်မှုထမ်းဟောင်း အရပ်သားကို စာရေးသူ ဒီဆောင်းပါးအပေါ်မှာ ပြောခဲ့တဲ့အချက် ၃ ချက်လို သေချာရွေးချယ်စိစစ်ပြီး ခန့်အပ်မှသာ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တည်တံ့ခိုင်မြဲရေးကို သေချာထိန်းသိမ်း စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။

အထူးသဖြင့် ပင်လုံငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းလာတဲ့ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးရဲ့ စာတမ်းတွေအရ မြန်မာပြည် အနေနဲ့ သမ္မတစနစ် ကျင့်သုံးလိုသူတွေနဲ့ ဝန်ကြီးချုပ်ကြီးစိုးတဲ့ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးလိုသူ သဘောထား ၂ စု အခြေခံကွဲပြားနေမှုအရ သုံးသပ်ရမယ်ဆိုရင် သမ္မတစနစ်ကျင့်သုံးရင်တော့ အာဏာရ ပါတီ တခုအနေနဲ့ အကွဲအပြဲ ဖြစ်ခဲ့ရင်တောင် ပြသနာအထူးတလည် မရှိနိုင်ပေမယ့် ဝန်ကြီးချုပ်အုပ်ချုပ်တဲ့ ပါလီမန် ဒီမိုကရေစီ စနစ် ပြောင်းလဲကျင့်သုံးမယ် ဆိုရင်တော့ ဖဆပလခေတ်ကလို အာဏာရတဲ့ ပါတီ တခုကြား အကွဲအပြဲ ဖြစ်လာခဲ့ရင် ကာကွယ်ရေး ဝန်ကြီး ရာထူးကို တာဝန်ယူထားရတဲ့ အာဏာရ ပါတီဝင် အရပ်သားနိုင်ငံရေးသမား (သို့မဟုတ်) စစ်မှုထမ်းဟောင်း အရပ်သားနိုင်ငံရေးသမားရဲ့ အခန်းကဏ္ဏဟာ သေချာပေါက်အရေးကြီးလာမှာ ဖြစ်ပါတယ်။

ဒီအချက်အရ ရွေးကောက်ခံ အစိုးရအဖွဲ့ အကြီးအကဲ အနေနဲ့ အရပ်သားကာကွယ်ရေး ဝန်ကြီးရာထူးနေရာကို လူမှန်သူမှန် ရွေးချယ်ခန့်အပ်ရေးဟာ တပ်မတော်က လွှတ်တော်နိုင်ငံရေးကနေ ဆုတ်ခွာရတဲ့ အချိန်အခါသမယကို ကျရောက်လာတဲ့နေ့ ရောက်လာခဲ့လို့ ရှိရင် သိပ်အရေးကြီးတဲ့ကိစ္စဖြစ်ကြောင်း ကျားကြီးဦးဗဆွေရဲ့ တာဝန် ထမ်းဆောင်ခဲ့တဲ့ သက်တမ်းကာလနဲ့ စာဖတ်ပရိသတ်များနားလည်လွယ်အောင် ဥပမာပေး တင်ပြရတာဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ယနေ့အထိ ကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူ ပုဂ္ဂိုလ် ၁၅ ဦးစာရင်းကို စာဖတ်ပရိသတ်များ ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။

လွတ်လပ်ရေးမရမီကာလ ကာကွယ်ရေးဝန်ကြီးများစာရင်း (၂၀-၉-၁၉၄၆ မှ ၄-၁-၁၉၄၈)

၁။ ဦးအောင်ဆန်း = ၂၆-၉-၁၉၄၆ မှ ၁၉-၇-၁၉၄၇ (ဖဆပလပါတီ)။ မှတ်ချက် – ဗြိတိသျှဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ကာကွယ်ရေးဌာန တာဝန်ခံအဖြစ်ခေါ်။

၂။ ဗိုလ်မှူးချုပ်လကျာ်/ဦးလှဖေ = ၂၀-၇-၁၉၄၇ မှ ၄ – ၁ – ၁၉၄၈ (ဖဆပလပါတီ)။ မှတ်ချက် – ဗြိတိသျှဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ကာကွယ်ရေးဌာန တာဝန်ခံအဖြစ်ခေါ် ။

လွတ်လပ်ရေးရပီးကာလ ကာကွယ်ရေးဝန်ကြီးများစာရင်း (၄-၁-၁၉၄၈ မှ ယနေ့အထိ)

၂။ ဗိုလ်ချုပ်လကျာ်/ဦးလှဖေ = ၄-၁-၁၉၄၈ – ၁၃-၉-၁၉၄၈ (ဖဆပလပါတီ)။ မှတ်ချက်- ဒုတိယဝန်ကြီးချုပ်တာဝန်နဲ့ ပူးတွဲတာဝန်ယူ။

၃။ ဦးနု = ၁၄-၉-၁၉၄၈ မှ ၃-၄-၁၉၄၉ (ဖဆပလပါတီ) (ပထမအကြိမ်)။ မှတ်ချက် – ဝန်ကြီးချုပ်တာဝန်နဲ့ ပူးတွဲတာဝန်ယူ။

၁၆-၄-၁၉၆၀ မှ ၂-၃-၁၉၆၂ (ပထစပါတီ) (ဒုတိယအကြိမ်)။ မှတ်ချက် – ဝန်ကြီးချုပ်တာဝန်နဲ့ ပူးတွဲတာဝန်ယူ။

၄။ ဗိုလ်ချုပ်/ဗိုလ်ချုပ်ကြီးနေဝင်း = ၄-၄-၁၉၄၉ မှ ၁၇-၉-၁၉၅၀ (ပထမအကြိမ်)။ မှတ်ချက်- စစ်ဦးစီးချုပ် ဗိုလ်ချုပ်တာဝန်ဖြင့် ဒုတိယဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးတာဝန်များနဲ့ ပူးတွဲတာဝန်ယူ။

၂၉-၉-၁၉၅၈ မှ ၁၅-၃-၁၉၆၀ (ဒုတိယအကြိမ်)။ မှတ်ချက်- စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတာဝန်ဖြင့် အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတာဝန်များ ပူးတွဲတာဝန်ယူ။

၃-၃-၁၉၆၂ – ၂၀-၄-၁၉၇၂ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) (တတိယအကြိမ်)။ မှတ်ချက် – စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာဝန်ဖြင့် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ တော်လှန်ရေးကောင်စီ အစိုးရဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီး တာဝန်များ ပူးတွဲတာဝန်ယူ။

၅။ ဦးဝင်း = ၁၈-၉-၁၉၅၀ မှ ၁၅-၃-၁၉၅၂ (ဖဆပလပါတီ)။ မှတ်ချက် – ဝန်ကြီးချုပ်ဦးနု၏ လူယုံ သံအမတ်ကြီးဦးဝင်းဟု နာမည်ကြီးသူ။

၆။ ဦးဘဆွေ – ၁၆-၃-၁၉၅၂ မှ ၈-၆-၁၉၅၈ (ဖဆပလပါတီ)။ မှတ်ချက် – ၁၂-၃-၁၉၅၆နဲ့ ၁-၃-၁၉၅၇ ကြား ဝန်ကြီးချုပ်တာဝန်နဲ့ ပူးတွဲ၊ ၁၈-၉-၁၉၅၀ နဲ့ ၁၂-၃-၁၉၅၆ ကြား၊ ၂-၃-၁၉၅၇ နဲ့ ၉-၆-၁၉၅၈ ကြား၊ ဒုတိယ ဝန်ကြီးချုပ် တာဝန်နဲ့ ပူးတွဲ ၂ ကြိမ်။

၇။ ဦးအောင်/ဦးစံလှိုင် = ၉-၆-၁၉၅၈ မှ ၂၈-၉-၁၉၅၈ (ဖဆပလပါတီ)။ မှတ်ချက် – ၁၉၅၄ မှ ၁၉၅၇ အထိ ပြည်သူ့ လွှတ်တော်/အောက်လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးအောင် အဖြစ် နာမည်ကြီးသူ။

၈။ ဗိုလ်ချုပ်ကြီးစန်းယု = ၂၁-၄-၁၉၇၂ မှ ၇-၃-၁၉၇၄ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)။ မှတ်ချက်- ဒုတိယဝန်ကြီးချုပ်၊ စစ်ဦးစီးချုပ် တာဝန်များနဲ့ပူးတွဲ။

၉။ ဗိုလ်ချုပ်ကြီး သူရတင်ဦး = ၈-၃-၁၉၇၄ မှ ၆-၃-၁၉၇၆ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)။ မှတ်ချက် – စစ်ဦးစီးချုပ် တာဝန်နဲ့ပူးတွဲ၊ ၁၉၈၈ နောက်ပိုင်း အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တာဝန်များယူခဲ့ပြီး ယခုအခါ ပါတီနာယကလုပ်နေ။

၁၀။ ဗိုလ်ချုပ်ကြီးသူရကျော်ထင် = ၇-၃-၁၉၇၆ မှ ၂၇-၇-၁၉၈၈ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)။ မှတ်ချက် – ၇-၃-၁၉၇၆ နဲ့ ၉-၁၁-၁၉၈၁ ကြား စစ်ဦးစီးချုပ် တာဝန်နဲ့ပူးတွဲ ၊ ၉-၁၁-၁၉၈၁ နဲ့ ၃-၁၁-၁၉၈၅ကြား ဒုတိယဝန်ကြီးချုပ်၊ စစ်ဦးစီးချုပ်တာဝန်များနဲ့ပူးတွဲ ၊ ၄-၁၁-၁၉၈၅ နဲ့ ၂၇-၇-၁၉၈၈ ကြား ဒုတိယဝန်ကြီးချုပ်တာဝန်နဲ့ပူးတွဲတာဝန်ယူ။

၁၁။ ဗိုလ်ချုပ်မှူးကြီးစောမောင် = ၂၈-၇-၁၉၈၈ မှ ၂၃-၄-၁၉၉၂ (၁၈-၉-၁၉၈၈ ရက်နေ့အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)။ မှတ်ချက်- ၂၈-၇-၁၉၈၈ မှ ၁၈-၉-၁၉၈၈ အထိ စစ်တပ်စစ်ဦးစီးချုပ် ရာထူးနဲ့ ပူးတွဲ၊ ၁၉-၉-၁၉၈၈ မှ ၁၇-၉-၁၉၉၁ အထိ နအဖကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ စစ်တပ်ကာကွယ်ရေးဦးစီးချုပ် တာဝန်များနဲ့ပူးတွဲ၊ ၁၈-၉-၁၉၉၁ မှ ၂၃-၄-၁၉၉၂ အထိ နအဖကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ စစ်တပ်ကာကွယ်ရေး ဦးစီးချုပ်တာဝန်များနဲ့ပူးတွဲ။

၁၂။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ = ၂၃-၄-၁၉၉၂ မှ၂၉-၃-၂၀၁၁ ( ၁၅-၉-၁၉၉၃ မှ ၁၅-၇-၂၀၁၀ အထိ ပြည်ခိုင်ဖြိုးအသင်း၊ ၁၅-၇-၂၀၁၀ မှ ၂၉-၃-၂၀၁၁ အထိ ပြည်ခိုင်ဖြိုးပါတီ)။ မှတ်ချက် – ၂၃-၄-၁၉၉၂ မှ ၂၅-၈-၂၀၀၃ အထိ နအဖကောင်စီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်တာဝန်များနဲ့ပူးတွဲ၊ ၂၆-၈-၂၀၀၃ မှ ၂၉-၃-၂၀၁၁ အထိ နအဖကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ် တာဝန်များနဲ့ပူးတွဲ။

၁၃။ ဒုတိယဗိုလ်ချုပ်ကြီးလှမင်း = ၃၀-၃-၂၀၁၁ မှ ၇-၉-၂၀၁၂ (ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီ အစိုးရလက်အောက်ခံ ဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်း)။

၁၄။ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် = ၈-၉-၂၀၁၂ မှ ၂၄-၈-၂၀၁၅ (ပြည်ခိုင်ဖြိုးပါတီဝင်အဖြစ် မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီ အစိုးရ လက်အောက်ခံဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်းတင်သွင်း)။

၁၅။ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း = ၂၅-၈-၂၀၁၅ မှ ယနေ့အထိ။ (ပြည်ခိုင်ဖြိုးနဲ့ အဲန်အယ်လ်ဒီပါတီဝင် အဖြစ်မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီအစိုးရနဲ့ အဲန်အယ်လ်ဒီပါတီအစိုးရများရဲ့ လက်အောက်ခံဝန်ကြီးအဖြစ် စစ်တပ်ကာကွယ်ရေး ဦးစီးချုပ်မှ အမည်စာရင်းတင်သွင်း)။

(စာရေးသူသည် နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ဆောင်းပါးများကို ရန်ကုန်အခြေစိုက် သတင်းစာ၊ ဂျာနယ်များတွင် ပုံမှန်ရေးသားနေသူတဦးဖြစ်သည်။)

You may also like these stories:

တပ်မတော် ထိပ်ပိုင်းရာထူး အပြောင်းအလဲ မျိုးဆက်သစ် အရာရှိများ နေရာပေးခံရ

Covid-19 နှင့် ပညာသင်ကြားရေးစနစ် အပြောင်းအလဲ

ကမ္ဘာကြီးအတွက် COVID-19 ကပေးတဲ့ သင်ခဏ်းစာ ၅ ခု

Your Thoughts …
Tags: ကာကွယ်ရေးဝန်ကြီးကျားကြီး ဦးဗဆွေတပ်မတော်ဒီမိုကရေစီအရပ်သားဦးနု
ကြည်ရှိန်

ကြည်ရှိန်

Similar Picks:

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

“စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ လမ်းကြောင်းတခုကိုပဲ ပြသနေတယ်”

by Luke Hunt
20 September 2024
10.6k

ကျနော် မြန်မာနိုင်ငံမှာ ရှိနေခဲ့တဲ့အကြောင်းရင်းက အရမ်းခိုင်မာတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်နဲ့ သူတို့ကို ကူညီဖို့ပဲ။

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း

by Kevin Chen
18 January 2025
9.5k

မစ္စတာ ဟဂ်ဆတ်သ်၏ အမှားသည် အမေရိကန် ပြည်ထောင်စု-အာဆီယံ ဆက်ဆံရေးနှင့် ပတ်သက်သည့် စိုးရိမ်မှု နှစ်ခုကို ရှေ့တန်းရောက်လာစေသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

မြန်မာ့လက်နက်ကိုင်ပဋိပက္ခ သရုပ်ခွဲလေ့လာရာတွင် မမြင်နိုင်သည့်အချက်များ

မြန်မာ့လက်နက်ကိုင်ပဋိပက္ခ သရုပ်ခွဲလေ့လာရာတွင် မမြင်နိုင်သည့်အချက်များ

by David Scott Mathieson
13 January 2024
8.2k

စိတ်ကူးယဉ် ‘ညီညွတ်သော’ လူမှုအသိုက်အဝန်းကို တမ်းတနေမည့်အစား သဘောထား ကွဲလွဲမှုများနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်ရေးအတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ပဋိပက္ခ သရုပ်ခွဲလေ့လာမှု နည်းလမ်းတခု ရှိသင့်သည်။

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

ထီးချိုင့်တိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုများပြား

by ဧရာဝတီ
14 November 2023
7.3k

ထီးချိုင့်မြို့သည် ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပြီး မြို့တွင်း၌ တောင်ကုန်းများ ပေါများသလို နှစ်ဖက် စလုံးအတွက် ဗျူဟာကျသည့် မြို့ဖြစ်သဖြင့် လွယ်လွယ်နှင့် မသိမ်းနိုင်သေးခြင်းဖြစ်ကာ မြို့ကို မရမချင်း ကြိုးစားသွား မည်ဟုလည်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

by ဧရာဝတီ
17 May 2025
5.8k

ယာယီအပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင် စစ်ကြောင်းများပါထိုးပြီး ကလေးများ အပါအဝင် အရပ်သားပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်။

Next Post
ဘုရင့်နောင်ပွဲရုံ က ဆန်ဒိုင်တခု  / ထက်ဝေ  / ဧရာဝတီ

တိုင်းနှင့် ပြည်နယ်များသို့ အရေးပေါ် အရန်ရိက္ခာ ဖြန့်ဝေရန် စီစဉ်

တောင်ကိုရီးယားနိုင်ငံဟာ ခရီးသွား ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးနိုင်ခဲ့တဲ့အတွက် ခရီးသွားလုပ်ငန်းတွေ အရှိန်အဟုန်မြင့်လာမယ်လို့ မျှော်လင့်ထားပါတယ်။

ခရီးသွားလုပ်ငန်းကို ပြန်လည် ဦးဆောင်နိုင်ဖွယ်ရှိတဲ့ နိုင်ငံများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved