• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံခြားရေးနှင့် အခြား အစိုးရ ဝန်ထမ်း ၁၁ ဦး ပုဒ်မ ၅၀၅(က)၊ (ခ) တို့ဖြင့် တရားစွဲခံရ

by ထက်နိုင်ဇော်
6 March 2021
in သတင်း
A A
အစိုးရဝန်ထမ်းများကို ရုံးထုတ်စစ်ဆေးမည့် ဒက္ခိဏမြို့နယ် တရားရုံး  / ဧရာဝတီ

အစိုးရဝန်ထမ်းများကို ရုံးထုတ်စစ်ဆေးမည့် ဒက္ခိဏမြို့နယ် တရားရုံး / ဧရာဝတီ

16.2k
VIEWS
Share on FacebookShare on Twitter

နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အစိုးရ ဝန်ထမ်း ၉ ဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ၁ ဦး၊ နေပြည်တော် မြန်မာ့ မီးရ ထားမှ ဒုရုံပိုင် ၁ ဦး စုစုပေါင်း ၁၁ တို့သည် အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့သည်ဟုဆိုကာ နေပြည်တော် ဒက္ခိဏမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ)တို့ဖြင့် တရားစွဲခံထားရကြောင်း သိရသည်။

နေပြည်တော် အချုပ်ထောင်တွင် ရောက်ရှိနေသည့် ၎င်းတို့ ၁၁ ဦးကို မနေ့က နေ့လယ်ပိုင်းက Video Conferencing စနစ် ဖြင့် ဒက္ခိဏမြို့နယ်တရားရုံးက ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလွှတ်တော် ရှေ့နေ ဦးသန်းလွင်ဆိုသူနှင့် အဖွဲ့က ရှေ့နေ လိုက်ခွင့် ရရှိခဲ့သည်။

“အမှုဖွင့်တဲ့ စွပ်စွဲချက်ကတော့ လူပုဂ္ဂိုလ်ရဲ့ အပေါ်မှာ Messenger ကနေတဆင့် သူတို့ရဲ့ အကောင့်တွေကနေပြီးတော့မှ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တခြားဝန်ထမ်းတွေကို CDM လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ လှုံ့ဆော်တယ်ဆိုပြီး ရေးသားတာလို့ သိရ တယ်”ဟု တရား လွှတ်တော် ရှေ့နေ ဦးသန်းလွင်က သတင်းထောက်များကို ပြောသည်။

ထို့ပြင် အစိုးရဝန်ထမ်းများကို ကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်၊ အစိုးရ ဝန်ထမ်းများကို အုပ်ချုပ်မှု ယန္တရားများ ရပ်တန့်သွားစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းအမှားများ ပြောဆိုခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် အမှု ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားရေး ဝန်ထမ်း ၉ ဦးထဲတွင် မဖြိုးဖြိုးဝေ၊ မစုလဲ့ရီ၊ မသူသူအောင်၊ ကိုအောင်ဇင်ထက်၊ မသဲဆုထွန်း၊ မသဲသဲလှတို့ ၆ ဦးမှာ ပုဒ်မ ၅၀၅ (က)ဖြင့် လည်းကောင်း၊ ကိုသက်ထူးအောင်၊ မခင်မာအောင်၊ မဆုပြည့်ပြည့်ဖြိုးတို့ ၃ ဦးမှာ ပုဒ်မ ၅၀၅ (ခ)ဖြင့် လည်းကောင်း အမှုဖွင့်ခံထားရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မသဉ္ဇာဝင်းမှာ ပုဒ်မ ၅၀၅ (ခ)ဖြင့် လည်းကောင်း၊ မြန်မာ့မီးရထားမှ လယ်ဝေးမြို့နယ် ဒုရုံပိုင် ကိုစိုင်းမင်းထွေးမှာ ပုဒ်မ ၅၀၅(က)ဖြင့် လည်းကောင်း အမှုဖွင့် ခံထားရသည်။

မနေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ် တရားရုံးတွင် ပြုလုပ်သည့် ရုံးချိန်းသို့ ၎င်းတို့၏ မိသားစုဝင်များ၊ အစိုးရဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များ လာရောက်ခဲ့ကြသော်လည်း Video Conferencing စနစ်ဖြင့် ရုံးထုတ်သည့် နေရာသို့ ရှေ့နေတချို့ သာ ဝင်ခွင့်ရပြီး အခြားသူများ ဝင်ရောက်ခွင့် မရခဲ့ကြပေ။

၎င်းတို့အားလုံးသည် CDM လှုပ်ရှားမှုတွင် ပါဝင်သည်ဟုဆိုကာ ရုံးမတက်တော့ဘဲ တပ်ကုန်းမြို့နယ်ထဲသို့ တိမ်းရှောင်နေစဉ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် ၄ နာရီခွဲခန့်တွင် အတူ အဖမ်းခံခဲ့ရသော်လည်း မတူညီသည့် ပုဒ်မများတပ်၍ အရေး ယူခံခဲရခြင်း ဖြစ်သည်။

ရှေ့နေ ဦးသန်းလွင် ရှင်းပြသည်မှာ စစ်တပ်က အာဏာသိမ်းပြီး ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်ပြီး နောက်ပိုင်းမှ အမှု ကျူးလွန်သည် စွပ်စွဲချက်ဖြင့် အစိုးရဝန်ထမ်း တချို့မှာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံရခြင်းဟု သိရကြောင်း ပြောသည်။

ပုဒ်မ ၅၀၅ (က)မှာ ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး ပုဒ်မ ၅၀၅(ခ)မှာ ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

“ရုံးချိန်းကိုတော့ ၁၅ ရက် ၃ လ ၂၀၂၁ ကို ချိန်းဆိုထားပါတယ်။ အဲဒီနေ့မှာ ဘာလုပ်မလဲဆိုရင် မှုခင်းစီမံခန့်ခွဲမှု CMP ကို အကြိုညှိနှိုင်း လုပ်ပါမယ်။ ဘယ်နေ့မှာ ဘယ်သူတွေကို ဘယ်လို စစ်ဆေးမလဲဆိုတာကို သက်ဆိုင်ရာအမှုစစ် မြို့နယ် တ ရားသူကြီးနဲ့ ညှိနှိုင်းပြီးတော့မှပဲ ဒီအမှုကို ဆက်လက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်”ဟု ရှေ့နေ ဦးသန်းလွင်က ပြောသည်။

အစိုးရဝန်ထမ်း ၁၁ ဦးကို တရားလိုပြုလုပ်၍ တရားစွဲဆိုသူမှာ ဒက္ခိဏသီရိမြို့နယ် စခန်းမှူး ဒုရဲမှူး အေးစိုး ဖြစ်ကြောင်း သိရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
32
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
727
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
208

ယင်းအစိုးရ ဝန်ထမ်း ၁၁ ဦးနှင့်အတူ နေပြည်တော်တွင် နေထိုင်သည့် ကိုဟန်ဝေဆက် ဆိုသူမှာလည်း Facebook Group တခုမှတဆင့် CDM တွင် ပါဝင်သည့် ဝန်ထမ်းများကို နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည်ဟု တင်ခဲ့ သဖြင့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံခဲ့ရသည်။

“အစိုးရဝန်ထမ်းတွေကို ပြစ်မှု ကျူးလွန်စေဖို့အတွက် မမှန်သတင်းတွေကို ဖြန့်ဝေတယ်။ သွေးထိုးလှုံဆော်တယ် ဆိုပြီး တော့ တရားစွဲဆိုတာ ဖြစ်ပါတယ်”ဟု ရှေ့နေ ဦးသန်းလွင်က ပြောသည်။

ကိုဟန်ဝေဆက်ကို တရားလိုပြုလုပ်၍ တရားစွဲဆိုသူမှာ ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး လှထွန်း ဖြစ်ကြောင်း သိရ သည်။

ထို့ကြောင့် ယခု အမှုတွဲတွင် စုစုပေါင်း ၁၁ ဦး ပါဝင်ပြီး နောက်ရုံးချိန်းများကို မတ်လ ၁၅ ရက်၊ ၁၇ ရက်နှင့် ၁၉ ရက်နေ့များ တွင် ပြုလုပ်သွားမည်ဟု သိရသည်။

ယခုလို တရားရင်ဆိုင်နေရသူများထဲတွင် လယ်ဝေးမြို့နယ် ဒုရုံပိုင် ကိုစိုင်းမင်းထွေး ၁ ဦးသာ အသက် ၃၀ ရှိသူ ဖြစ်ပြီး ကျန်သူများထဲတွင် နိုင်ငံခြားရေးဝန်ထမ်း မသဲဆုထွန်းမှာ အသက် ၂၄ နှစ်သာ ရှိသေးသည်။ ကျန်ရှိသူများမှာလည်း အသက် ၂၅နှစ်၊ ၂၆ နှစ်၊ ၂၇ နှစ်နှင့် ၂၈ နှစ် အရွယ်များသာ ရှိကြသေးသည်။

You may also like these stories:

စစ်ကောင်စီနှင့် အပစ်ရပ်သည့် TNLA ကို တအန်း အရပ်ဘက်အဖွဲ့အစည်းများ ကန့်ကွက်

သမိုင်းတရားခံ အဖြစ်မခံနိုင်ဟုဆိုကာ ANP ပါတီဗဟိုကော်မတီဝင်တဦး နုတ်ထွက်

ပြည်တွင်းပြည်ပ ကုမ္ပဏီများ စစ်အာဏာသိမ်းမှုကို ရှုတ်ချ

Your Thoughts …
Tags: ၅၀၅ (က)၅၀၅ (ခ)နိုင်ငံခြားရေးနေပြည်တော်အစိုးရ ဝန်ထမ်း
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

Next Post
အဆိုတော် ကောင်းကောင်း  / Kaung Kaung Vocalist's Facebook

“နေရာတည်မြဲဖို့ ပြည်သူတွေကို ပစ်ခတ်နေစရာ မလိုဘူး”လို့ ကောင်းကောင်း ဆို

CRPH ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီး သူရ ဦးအောင်ကို

ဒေါက်တာဇော်ဝေစိုးနှင့် သူရဦးအောင်ကိုအား ကြီးလေးသောပုဒ်မများဖြင့် အမှုဖွင့်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved