• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က အိမ်ပေါင်း ၂၈၀၀၀ ကျော် မီးရှို့ခဲ့

by ဧရာဝတီ
30 August 2022
in သတင်း
A A
၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာ မီးလောင်စဉ် / CJ

၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာ မီးလောင်စဉ် / CJ

6.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်များသည် လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးနောက် နေရာပေါင်း ၆၄၅ ခုမှ နေအိမ်ပေါင်း ၂၈၄၃၄ လုံးကို မီးရှို့ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် မရိတ်သိမ်းရသေးသော သီးနှံများအကြီးအကျယ် ဆုံးရှုံးခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သည့် Data For Myanmar ၏ အစီရင်ခံစာအရ သိရသည်။

စစ်ကောင်စီတပ်များသည် ပြည်နယ်နှင့်တိုင်း ၁၁ ခုတွင် မီးရှို့တိုက်ခိုက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်နှင့် ချင်းပြည်နယ်တို့မှ အရပ်သားများသည် စစ်ကောင်စီ စစ်ဆင်ရေးဒဏ် အဆိုးရွားဆုံး ခံရကြောင်း သိရသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
42
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
30
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
51

၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းမှ အိမ်ပေါင်း ၂၀၁၅၃ လုံးကို စစ်ကောင်စီက မီးရှို့ခဲ့သည်။ မကွေးတိုင်းတွင် အိမ်ခြံမြေပေါင်း ၅၄၁၈ လုံး မီးရှို့ခံရပြီး ချင်းပြည်နယ်မှ အိမ်ပေါင်း ၁၄၁၇ လုံးမှာ ဖျက်ဆီးခံရသည်။ နောက်ထပ်အိမ်ပေါင်း ၁၄၀၀ ခန့်သည် နိုင်ငံမှ အခြားဒေသအများအပြားတွင် မီးရှို့ခံရသည်။

ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာက အရပ်သားပစ်မှတ်များကို လေကြောင်းနှင့် အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် နေအိမ်များ မီးရှို့ခြင်း ရပ်ရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို သြဂုတ်လ ၁၇ ရက်နေ့က တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီစစ်သားများသည် မီးရှို့တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို လွန်ခဲ့သော ၉ ရက်အတွင်း စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ နောက်ထပ်ကျေးရွာ ၂၀ ကျော်တွင် ထပ်မံကျူးလွန်ကြသည်။

အရပ်သား တဒါဇင်ကျော် ထပ်မံသတ်ဖြတ်ခံရပြီး ခန့်မှန်းခြေ လူပေါင်း ၅၀၀၀၀ သည် နေအိမ်များကို စွန့်ခွာ ထွက်ပြေးရသည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များကပြောသည်။

စစ်ကောင်စီတပ်များသည် ယခုနှစ် ဧပြီ၊ မေနှင့် ဇွန်လများတွင် စစ်ကိုင်းတိုင်းတွင် မီးရှို့တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး အိမ်ပေါင်း ၁၂၀၀၀ ကျော်ကို မီးရှို့ခဲ့ကြောင်း Data For Myanmar က ဖေါ်ပြသည်။ စစ်ကိုင်းတိုင်းမှ မြို့နယ်ပေါင်း ၃၄ မြို့နယ်အနက် ၂၇ မြို့နယ်တွင် မီးရှို့မှုများကို ကျူးလွန်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် နေရာပေါင်း ၆၄၅ ခုမှ နေအိမ်ပေါင်း ၂၈၄၃၄ လုံးကို မီးရှို့ခဲ့ကြောင်း Data For Myanmar က အစီရင်ခံသည်

မကွေးတိုင်းတွင်လည်း စစ်ကောင်တပ်များ၏ တိုက်ခိုက်မှုများ သြဂုတ်လတွင် မြင့်မားလာပြီး အိမ်ပေါင်း ၁၃၀၀ ခန့်ဆုံးရှုံးကြောင်း Data For Myanmar က ဖေါ်ပြသည်။

၎င်းတို့သည် ဖျက်ဆီးခံရသော အိမ်အရေအတွက်ကို မီဒီယာသတင်းများ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ဒုက္ခသည် ကူညီရေးအဖွဲ့အစည်းများကို အခြေခံတွက်ချက်ကြောင်း သိရသည်။ သို့သော် စစ်ကောင်စီတပ်၏ မီးရှို့တပ်ခိုက်မှုများမှာ အတည်မပြုနိုင်သေးသောကြောင့် အမှန်တကယ် အရေအတွက်မှာ ပိုမိုများပြားနိုင်သည်။

စစ်ကောင်စီတပ်များသည် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီကို စစ်ကြေညာခဲ့သည့် လွန်ခဲ့သော စက်တင်ဘာလမှ စတင်ပြီး အရပ်သား ပစ်မှတ်များကို မီးရှို့တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်သည်။

၂၀၂၂ ဇူလိုင်လအတွင်း ISP-Myanmar ၏ အစီရင်ခံချက်တွင်လည်း စစ်ကိုင်းတိုင်းက အိမ်မီးရှို့ခံရမှု အများဆုံး ဖြစ်သည်

အကြမ်းဖက်မှု ပုံစံအားလုံး ရပ်ဆိုင်းရန် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးမှုကို အတိအကျ လိုက်နာရန် နှင့် လိုအပ်နေသောသူများအတွက် လူသားချင်းစာနာမှု အကူအညီများကို အပြည့်အဝခွင့်ပြုရန် သြဂုတ်လလယ်တွင် ကုလသမဂ္ဂအထူးသံတမန်က စစ်ကောင်စီကို တောင်းဆိုခဲ့သည်။

သို့သော် မြန်မာစစ်ကောင်စီသည် လူများအရှင်လတ်လတ် မီးရှို့သတ်ခြင်း၊ အရပ်သားများကို အငြင်းပွားဖွယ်ရာ ညှင်းပမ်းနှိပ်စက် ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ဖြင်း အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်နေပြီး အရပ်သားများကို လူသားဒိုင်းအဖြစ် သုံးခြင်း၊ လူနေရပ်ကွက်များကို အမြောက်များ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ လုယက်ခြင်း၊ အိမ်များကို မီးရှို့ခြင်းများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ဆက်လက်ကျူးလွန်နေသည်။

သြဂုတ်လ ၂၆ ရက်နေ့အထိ ပြည်သူ ၂၂၄၉ ဦးကို စစ်ကောင်စီက သတ်ဖြတ်ထားပြီး ရွေးကောက်ခံအရာရှိများ အပါအဝင် ပြည်သူ ၁၅၂၃၉ ဦးကို ဖမ်းဆီးထားသည်ဟု ပြည်တွင်းတွင် စစ်ကောင်စီတပ်များကြောင့် သေဆုံးမှု ဖမ်းဆီးမှုများကို စောင့်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်းကပြောသည်။

You may also like these stories:

ရင်ပေါင်တိုင်ရွာသားများကို စစ်တပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့

အရာတော်တွင် ကျောင်းထိုင်ဘုန်းကြီး အပါအဝင် ၂၂ ဦး ဖမ်းခံရ

သဖန်းဆိပ်ဆည် အနောက်ခြမ်းရွာများ စီးနင်းခံရ၊ ဒေသခံများ ပိတ်မိနေ

ရိုဟင်ဂျာများ၏ ၅ နှစ်တာ အကျပ်အတည်း

ဗြိတိန်သံအမတ်ဟောင်း ဖမ်းဆီးမှု “ဓားစာခံ သံတမန်ရေး” ဟု ဆိုကြ

Your Thoughts …
Tags: Data for Myanmarစစ်ကိုင်းတိုင်းလွတ်လပ်သော သုတေသနအဖွဲ့အစီရင်ခံစာအာဏာသိမ်း စစ်ကောင်စီအိမ်မီးရှို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

စစ်ကိုင်းနှင့် KNU ကိစ္စ NUG သမ္မတ ဘာကြောင့် သတိပေးလဲ

by ဧရာဝတီ
22 September 2023
16.4k

ယာယီသမ္မတအနေဖြင့် စက်တင်ဘာ ၂၀ ရက်နေ့ကကျင်းပခဲ့သည့် ပြည်ထောင်စုနှင့် ပြည်နယ်ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) အစည်းအဝေးတွင် ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

ညီညွတ်ရေးတည်ဆောက်ဖို့လိုနေသည့် စစ်ကိုင်းတိုင်း

by စောရယ်
10 September 2023
10.1k

တပ်ရင်းတပ်ဖွဲ့နဲ့ ရပ်ရွာကာကွယ်ရေးတာဝန်ယူတဲ့ ပ.က.ဖ တွေကြား ရင်းနှီးမှုပိုရှိလာရင် ကျနော်တို့ကြား ပြဿနာတွေ နည်းလာမယ်။ အခုနောက်ပိုင်းမှာ စစ်တပ်က လုံးဝကို အပျောက်မီးရှို့ပစ်တာ။ တွေ့တာနဲ့သတ်ပစ်တာ။ အဲဒီတော့ ကျနော်တို့အချင်းချင်းက စည်းလုံးမှရမယ်။ မစည်းလုံးရင် အခြေအနေက ပိုဆိုးမယ်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်

by ဝေမင်းထွန်း
19 July 2023
9.6k

ယခု မြန်မာစစ်တပ်၏ ထိုးနှက်ရန်ကြိုးစားမှုကို လူထုနှင့် တော်လှန်ရေးအင်အားစုများကြား ယိမ်းယိုင်မှုရှိသည်ကို မတွေ့ရပေ။

Next Post
၂၀၁၉ ခုနှစ် ဘန်ကောက်လက်နက်ပြပွဲလာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်

ဘန်ကောက် လက်နက်ပြပွဲ မြန်မာစစ်ကောင်စီကို ဖိတ်ခေါ်

အာဏာသိမ်းပြီးနောက် ကြားညပ်နေတဲ့ ပရဟိတအသင်းတွေ (ရုပ်/သံ)

အာဏာသိမ်းပြီးနောက် ကြားညပ်နေတဲ့ ပရဟိတအသင်းတွေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate