သဘာဝ ပတ်ဝန်းကျင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သဘာဝ-ပတ်ဝန်းကျင် Covering Burma and Southeast Asia Thu, 20 Mar 2025 09:45:48 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သဘာဝ ပတ်ဝန်းကျင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သဘာဝ-ပတ်ဝန်းကျင် 32 32 သမ္မတ ထရမ့် က သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသုံးစရိတ် ၆၅ ရာခိုင်နှုန်း လျှော့ချမယ်လို့ ဆို https://burma.irrawaddy.com/news/2025/03/01/397983.html Sat, 01 Mar 2025 11:11:35 +0000 https://burma.irrawaddy.com/?p=397983 ၂ ဒသမ ၃ သန်းခန့် ရှိတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို အီလွန်မတ်စ် ရဲ့ အစိုးရ စွမ်းဆောင်ရည် ဌာနက အရေအတွက် လျှော့ချ ဖို့ စီစဉ်နေတာ ဖြစ်ပြီး EPA ကလည်း အခြား ဌာနတွေလို ဝန်ထမ်းတွေ လျှော့ချဖို့ ရှိနေတာ ဖြစ်ကြောင်းလည်း…]]>

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အေဂျင်စီ (Environmental Protection Agency-EPA) ရဲ့ ဆောင်ရွက် ချက်များကို ၆၅ ရာခိုင်နှုန်း လျှော့ချမယ် ဆိုတဲ့ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ပြောဆိုမှုကို အသုံးစရိတ် ၆၅ ရာခိုင်နှုန်း လျှော့ချမှာသာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ကြာသပတေးနေ့မှာ ပြန်လည် ရှင်းလင်းလိုက်ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Taylor Rogers က အထက်ပါ အတိုင်း ထရမ့်ရဲ့ ထုတ်ပြန်ချက်ကို ရှင်းလင်းရင်း အေဂျင်စီရဲ့ အသုံးစရိတ် လျှော့ချမှုတွေနဲ့ အတူ လုပ်အားကိုလည်း ထပ်မံ လျှော့ချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ ကက်ဘိနက် အစည်းအဝေးမှာ ထရမ့်က EPA ခေါင်းဆောင် Lee Zeldin ဟာ အေဂျင်စီရဲ့ ဝန်ထမ်း ၆၅ ရာခိုင်နှုန်း လျှော့ချမယ်လို့ သူ့ကိုပြောခဲ့တယ် ဆိုပြီး EPA ဝန်ထမ်းတွေကို အံ့အားသင့်စေခဲ့ပါတယ်။

ဝန်ထမ်း ၁၆၀၀ ခန့်ရှိတဲ့ အေဂျင်စီဟာ အစမ်းခန့် ဝန်ထမ်း ၄၀၀ နီးပါး ခန့်နဲ့ သဘာဝ ပတ်ဝန်းကျင် တရားမျှတမှု ပြဿနာ များကို ကိုင်တွယ်နေတဲ့ ဝန်ထမ်း ၂၀၀ ခန့်ကို အနားပေးထားပြီး ဖြစ်ကြောင်း သိရပါတယ်။

“သမ္မတ ထရမ့်၊ အစိုးရ စွမ်းဆောင်ရည် ဌာန DOGE နဲ့ EPA စီမံခန့်ခွဲရေးမှူး Zeldin တို့ဟာ အေဂျင်စီ အားလုံးရဲ့ ဆုံးရှုံးမှုတွေ၊ လိမ်လည်မှုတွေနဲ့ အလွဲသုံးစားမှုတွေကို ရပ်တန့်ဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဒေါ်လာ ၂၀ ဘီလီယံ အလွဲသုံးစားမှုကို တွေ့ရှိ ပြီးတဲ့နောက် Zeldin က EPA ရဲ့ အလဟဿ သုံးစွဲမှုတွေကို ဖယ်ရှားမယ်လို့ ကတိပြုခဲ့တယ်” လို့ Taylor Rogers က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ထရမ့်ဟာ မက္ကဆီကိုနဲ့ ကနေဒါ ကုန်စည်တွေကို ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကို ဧပြီလ ၂ ရက်နေ့မှာ စတင် သက်ရောက်မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့မှုကို မတ်လ ၄ ရက်နေ့မှာ စတင် သက်ရောက်မယ်လို့ ကြာသပတေးနေ့က ပို့စ် တခုမှာ ရှင်းလင်းခဲ့ပါသေးတယ်။

Zeldin က ဆိုရှယ်မီဒီယာက ကြေညာချက်တခုမှာ သူဟာ ဘိုင်ဒန် အစိုးရအဖွဲ့ရဲ့ ကမာ္ဘမြေ စိမ်းလန်းရေး အဖွဲ့တွေထံ လွဲမှားစွာ ဖြန့်ဝေပေးခဲ့တဲ့ ဒေါ်လာ ၂၀ ဘီလီယံ ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါ ငွေတွေကို ထိန်းသိမ်းထားတဲ့ ဘဏ်တွေ ထံမှ ပြန်လည် ရရှိဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ရန်ပုံငွေတွေဟာ ၂၀၂၂ ငွေကြေး ဖောင်းပွမှု လျှော့ချရေး ဥပဒေအောက်ကနေ အမေရိကန် နိုင်ငံတဝန်း ဒေသခံ လူထုရဲ့ သန့်ရှင်းတဲ့ စွမ်းအင် လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ကူညီပေးရေး အဖွဲ့အစည်းတွေကို ပေးအပ်ထားတာကြောင့် ဒီမိုကရက်တစ် ဥပဒေ ရေးဆွဲသူတွေက Zeldin ရဲ့ တရားဥပဒေနဲ့ မညီတဲ့ ကြိုးပမ်းမှုလို့ ခေါ်ဆိုပြီး ပြန်လည် တုံ့ပြန် ခဲ့ကြပါတယ်။

၂ ဒသမ ၃ သန်းခန့် ရှိတဲ့ ပြည်သူ့ ဝန်ထမ်းတွေကို အီလွန်မတ်စ် ရဲ့ အစိုးရ စွမ်းဆောင်ရည် ဌာနက အရေအတွက် လျှော့ချ ဖို့ စီစဉ်နေတာ ဖြစ်ပြီး EPA ကလည်း အခြား ဌာနတွေလို ဝန်ထမ်းတွေ လျှော့ချဖို့ ရှိနေတာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Ref : Reuters

]]>
ပါကစ္စတန် မြို့တော် လာဟိုး ကမ္ဘာ့ လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ၊ စာသင်ကျောင်း တချို့ ပိတ်ထားရ https://burma.irrawaddy.com/news/2024/11/10/393045.html Sun, 10 Nov 2024 08:38:14 +0000 https://burma.irrawaddy.com/?p=393045 အဆိုပါ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့ အတွက် “Smog war room” လို့ အမည် ပေးထားတဲ့ လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေး စင်တာ တခုကို ပန်ဂျပ်ပြည်နယ်မှာ တည်ထောင်လိုက်တယ် လို့လည်း…]]>

ပါကစ္စတန် နိုင်ငံ မြို့တော် လာဟိုး ဟာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ အဖြစ်သို့ ရောက်ရှိခဲ့ပြီး စာသင်ကျောင်း တချို့ ပိတ်ထားရပါတယ်။

ဆွစ်ဇာလန် အခြေစိုက် IQAir အဖွဲ့ရဲ့ အချက်အလက်တွေ အရ လာဟိုးမြို့ဟာ လေထု ညစ်ညမ်းမှု ညွှန်းကိန်း ၁၁၆၅ အထိ ရှိပြီး သူ့နောက်မှာ အိန္ဒိယ နိုင်ငံ မြို့တော် နယူးဒေလီ က ညွှန်းကိန်း ၂၉၉ ရှိခဲ့ကြောင်း သိရပါတယ်။

ပန်ဂျပ်ပြည်နယ် တာဝန်ရှိသူတွေဟာ လေထု ညစ်ညမ်းမှုကို ထိန်းချုပ်ပြီး ကလေးတွေကို ကာကွယ်နိုင်ဖို့ နေရာ များစွာက ပညာရေးဆိုင်ရာ နေရာဌာနတွေကို နိုဝင်ဘာ ၁၇ ရက်နေ့ အထိ ပိတ်ထားကာ Online သင်ကြားရေးနဲ့ အစားထိုး သင်ကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အစောပိုင်းကတော့ လာဟိုးမှာ ရှိတဲ့ မူလတန်း ကျောင်းတွေကိုပဲ တပတ်ခန့် ပိတ်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တိုင်းတာမှု အရတော့ ပန်ဂျပ်ပြည်နယ်ရှိ လာဟိုးမြို့ဟာ အရင်အပတ် စံချိန်တင် မြင့်တက်ခဲ့တဲ့ လေထု ညစ်ညမ်းမှု ညွှန်းကိန်း ၁၉၀၀ ထက်လျော့နည်း လာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ညွှန်းကိန်း ၁၉၀၀ ဆိုတာဟာ အကြံပြုထားတဲ့ ပမာဏထက် အဆ ၁၂၀ ကျော် ပိုများတဲ့ ပမာဏ ဖြစ်ကာ အဆောက်အအုံ အချို့ကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ရပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ ညွန်ကြားခဲ့ရကြောင်းလည်း သိရပါတယ်။

အဆိုပါ ဆိုးရွားတဲ့ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ဖို့ အတွက် “Smog war room” လို့ အမည် ပေးထားတဲ့ လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေး စင်တာ တခုကို ပန်ဂျပ်ပြည်နယ်မှာ တည်ထောင်လိုက်တယ် လို့လည်း တာဝန် ရှိသူတွေက ပြောပါတယ်။

လာဟိုးမြို့က ရာသီ ဥတု ပြောင်းလဲမှု နဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဆိုင်ရာ ဌာန Smog Cell မှာ မော်နီတာ စခရင်များ နဲ့ မီးခိုမြူများကို စောင့်ကြည့်နေတာ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် / Reuters | လာဟိုးမြို့ ရှိ ရာသီ ဥတု ပြောင်းလဲမှု နဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဆိုင်ရာ ဌာနရုံး အပြင်ဘက်မှာ ရပ်ထားတဲ့ မီးခိုးမြူ နှိမ်နင်းရေး အဖွဲ့ မော်တော်ယာဉ်များကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် / Reuters

လေထု ညစ်ညမ်းမှု တိုက်ဖျက်ရေး ကော်မတီဟာ လေထု အရည်အသွေးနဲ့ ရာသီဥတု ခန့်မှန်းချက်တွေကို နေ့စဉ် စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ပြီး ကွင်းဆင်းအရာရှိတွေရဲ့ လုပ်ဆောင်ချက်တွေကို စစ်ဆေးညွှန်ကြားသွားမှာ ဖြစ်တယ်လို့ ပန်ဂျပ် ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဂျစ်ဘာရှာ က ပြောကြားပါတယ်။

လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး အတွက် ဌာန ၈ ခုက ဝန်ထမ်းတွေကို စုစည်းထားပြီး ခေါင်းဆောင် တယောက်က ဦးဆောင်ကာ ခြံထွက်အမှိုက် မီးရှို့မှု ထိန်းချုပ်ခြင်းကနေ ယာဉ်ကြော ထိန်းချုပ်စီမံရေး အထိ တာဝန် အသီးသီးကို စီမံ ကွပ်ကဲသွားမှာ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လေထုညစ်ညမ်းမှု တိုက်ဖျက်ဖို့ အတွက် တနေ့ကို နှစ်ကြိမ် အစည်းအဝေးပြုလုပ်ပြီး အချက်အလက်နဲ့ ခန့်မှန်းချက်များကို သုံးသပ်ကာ သက်ဆိုင်သူတွေဆီ အစီရင်ခံသွားမှာ ဖြစ်ကြောင်း၊ နေ့စဉ် အကြံပေးချက်တွေလည်း ထုတ်ပြန်သွားမှာ ဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားပါတယ်။

ပန်ဂျပ်ပြည်နယ်ရဲ့ ဝန်ကြီး တဦးဖြစ်တဲ့ မာရီယန် အော်ရန်ဂ်ဇက် (Marriyum Aurangzeb) ကတော့ လေထု ညစ်ညမ်းမှု ဟာ ၂၅ ကီလိုမီတာ (၁၆ မိုင်) ပဲ ဝေးတဲ့ အိန္ဒိယ နယ်စပ်ကနေ ဖြတ်သန်းလာတဲ့ ညစ်ညမ်းတဲ့ လေတွေကြောင့်လို့ ပြောဆိုပါတယ်။

အိန္ဒိယ မြောက်ပိုင်းဟာလည်း ပြင်းထန်တဲ့ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

မီးခိုးမြူများ ရှိနေတဲ့ လာဟိုးမြို့ Ravi မြစ် တံတား အနီးမှာ တငါသည် တဦးကို ငါးဖမ်း ထောင်ချောက်နဲ့ အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် / Reuters

ပန်ဂျပ်ပြည်နယ် အစိုးရအနေနဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးရုံးနဲ့ ဆက်သွယ်ပြီး ဆွေးနွေးဖြေရှင်းပေးဖို့ ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးရုံးကို တောင်းဆိုသွားမယ်လို့လည်း ဗုဒ္ဓဟူးနေ့က ထုတ်ဝေခဲ့တဲ့ Indian Express သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

လယ်ယာမြေ မီးရှို့မှုက ထွက်လာတဲ့ မီးခိုးတွေ၊ ဖုန်မှုန့်တွေနဲ့ ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေဟာ လေအေးတွေနဲ့ ပိတ်မိ သွားလေ့ ရှိတာကြောင့် ဆောင်းရာသီ ရောက်တိုင်း တောင်အာရှ ဒေသဟာ ပြင်းထန်တဲ့ လေထု ညစ်ညမ်းမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က လေ့လာမှု တခုက အဆိုပါ လေထုညစ်ညမ်းမှုဟာ ဒေသတွင်း လူတွေရဲ့ ပုံမှန်သက်တမ်းကို ၅ နှစ်ခန့် လျော့နည်း သွားစေနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့တော် အဖြစ် IQAir ရဲ့ ၄ နှစ် ဆက် သတ်မှတ်ခံရတဲ့ နယူးဒေလီမြို့ရဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီးက တာဝန်ရှိသူတွေ အနေနဲ့ ဒီနှစ်မှာ မိုးအတု ဖန်တီးပြီး လေထု ညစ်ညမ်းမှု ပြဿနာကို ဖြေရှင်းဖို့ စီစဉ်နေကြောင်းလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြောကြားထားပါတယ်။

Ref : Reuters

]]>
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ရန်ပုံငွေ ထိုင်း ပါဝင်မယ် https://burma.irrawaddy.com/news/2024/10/20/392067.html Sun, 20 Oct 2024 06:59:05 +0000 https://burma.irrawaddy.com/?p=392067 ဘဏ္ဍာရေး ထည့်ဝင်မှု ဆိုင်ရာ ကိစ္စရပ်များကို COP29 ညီလာခံမှာ ဆွေးနွေး တိုင်ပင်ကြမှာ ဖြစ်လို့ အလွန် အရေးပါတဲ့ ညီလာခံတခုပင် ဖြစ်တယ် လို့လည်း… ]]>

အဇာဘိုင်ဂျန် နိုင်ငံမှာ နောက်လထဲ ကျင်းပမယ့် ကမာ္ဘလုံးဆိုင်ရာ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံမှာ ရန်ပုံငွေ မတည်ရေး အတွက် ထိုင်းနိုင်ငံကလည်း ပါဝင် ပံ့ပိုးသွားမယ်လို့ ဆိုပါတယ်။

ထိုင်း နိုင်ငံ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု နဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာဌာန အကြီးအကဲ Mr. Phirun Saiyasitpanich က ပြောကြားလိုက်တာပါ။

အဆိုပါ ညီလာခံမှာ ရန်ပုံငွေ ပါဝင်ရေးနဲ့ ပတ်သက်ပြီး ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု မူဝါဒဆိုင်ရာ အမျိုးသား အဆင့် ကော်မတီက တနင်္လာနေ့မှာ ညှိနှိုင်း အတည်ပြုခဲ့ခြင်း ဖြစ်တယ် လို့လည်း ဆိုပါတယ်။

၂၀၂၄ ခုနှစ် ကုလသမဂ္ဂ ၂၉ ကြိမ်မြောက် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ (Conference of the Parties – COP29) ကို အဇာဘိုင်ဂျန် နိုင်ငံ မြို့တော် ဘာကူ (Baku) မှာ နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု အကျိုးဆက်ဖြစ်တဲ့ ဆုံးရှုံးမှုများ လျော့ပါး သက်သာစေဖို့ နဲ့ ရာသီဥတုနဲ့ အတူ လိုက်လျော ညီထွေ နေထိုင်နိုင်ဖို့တို့ အတွက် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကူညီ ထောက်ပံ့နိုင်ရေး ဆွေးနွေးမှာ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီလို ဘဏ္ဍာရေး ထည့်ဝင်မှု ဆိုင်ရာ ကိစ္စရပ်များကို COP29 ညီလာခံမှာ ဆွေးနွေး တိုင်ပင်ကြမှာ ဖြစ်လို့ အလွန် အရေးပါတဲ့ ညီလာခံတခုပင် ဖြစ်တယ် လို့လည်း Mr. Phirun က ပြောကြားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်က ဘန်ကောက်မှာ ကျင်းပတဲ့ Mae Fah Luang Sustainability Forum 2024 မှာ Mr. Phirun ကို တွေ့ရစဉ် / The Nation

လက်ရှိ မျှော်မှန်း ရန်ပုံငွေမှာ တနှစ်ကို အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ ဖြစ်ပြီး ၂၀၂၅ ခုနှစ် အတွက် မျှော်မှန်း ရန်ပုံငွေ အသစ်ကို အစားထိုး သတ်မှတ်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း Green Climate Fund နဲ့ အခြားသော ရာသီဥတု ဆိုင်ရာ ရန်ပုံငွေများ အတွက် ထည့်ဝင်မှုဟာ မျှော်မှန်း ထားတာထက် လျော့နည်းနေဆဲ ဖြစ်ကြောင်း Mr. Phirun က ဖြည့်စွက် ပြောကြားပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ COP27 ညီလာခံမှာ မျှော်မှန်းထားတဲ့ ရန်ပုံငွေ ပြည့်မီဖို့ ၁၆ ဒသမ ၇ ဘီလီယံ လိုအပ် နေခဲ့တယ် လို့လည်း Mr. Phirun ပြောကြားချက်အရ သိရှိရပါတယ်။

“ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဆိုင်ရာ ငွေကြေး အထောက်အပံ့ အတွက် ကူညီပေးမယ် ဆိုတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေရဲ့ ကတိကဝတ်တွေကို လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့အတွက် နောက်လ ညီလာခံမှာ သူတို့ကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

“COP 29 ညီလာခံဟာ ချမ်းသာတဲ့ နိုင်ငံတွေဆီက ငွေကြေး အထောက်အပံ့ကို ရရှိနိုင်တဲ့ အရေးပါတဲ့ အချိန်ကာလတခု ဖြစ်တယ်။ မိုးလေဝသနဲ့ ရာသီဥတု ပြောင်းလဲမှု ပုံစံတွေရဲ့ မြင့်မားလာတဲ့ အကျိုးဆက်တွေနဲ့ အညီ သူတို့ရဲ့ ထည့်ဝင် မှုတွေ ကလည်း ပြီးခဲ့တဲ့နှစ်က လျာထားချက်ထက် ပိုပြီး မြင့်တက်လာသင့်တယ်” လို့လည်း သူက ပြောဆိုပါတယ်။

၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ဓာတ် သမမျှတမှု ရှိရေး၊ ၂၀၆၅ ခုနှစ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု သမမျှတမှု ရှိရေး တို့ကို ရည်မှန်းကာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး အတွက် ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အဆိုပါ ညီလာခံမှာ တကမာ္ဘလုံး သိအောင် တင်ပြသွားမယ် လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ အဲဒီ ရည်မှန်းချက်များ ပြည့်မီဖို့ ကြိုးစားနေဆဲ ဖြစ်ပေမယ့်လည်း အရှိန်မြှင့်တင်နိုင်ဖို့ အတွက် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းများဆီက ငွေကြေးနဲ့ နည်းပညာ ဆိုင်ရာ ကူညီပံ့ပိုးမှုများ လိုအပ်မှာ ဖြစ်ကြောင်း Mr. Phirun က ပြောကြားပါတယ်။

ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့် ဖြစ်ရတဲ့ ပျက်စီး ဆုံးရှုံးမှုများ အတွက် ရန်ပုံငွေ ထားရှိပြီး ပြန်လည် ထူထောင်ရေး လုပ်ဆောင်ဖို့ ကြိုးစားနေရတဲ့ နိုင်ငံတွေကို ပေးအပ်သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံကလည်း ဖွံ့ဖြိုးဆဲ နိုင်ငံများအနေနဲ့ အဆိုပါ ရန်ပုံငွေကို အကျိုးခံစားခွင့် ရှိမရှိ သိလိုတယ် လို့လည်း ဆိုပါတယ်။

REF: Bangkok Post

]]>
စွန့်ပစ် ပလတ်စတစ် အိတ်တွေကို အိမ်ခြေရာမဲ့တွေ အိပ်စရာ အခင်းအဖြစ် ထိုင်းကျောင်းသားလေးတွေ ဖန်တီး https://burma.irrawaddy.com/news/2024/08/31/389776.html Sat, 31 Aug 2024 01:30:25 +0000 https://burma.irrawaddy.com/?p=389776 ဒါဟာ စွန့်ပစ်ပစ္စည်းတွေကို အကျိုးရှိစွာ ပြန်လည် အသုံးချခြင်း ဖြစ်သလို ဆင်းရဲသားတွေကို ကူညီရာလည်း ရောက်ပါတယ်။]]>

ထိုင်း အထက်တန်း ကျောင်းသား အဖွဲ့တဖွဲ့ဟာ အိမ်ခြေရာမဲ့တွေ အတွက် စွန့်ပစ် ပလတ်စတစ်အိတ် အဟောင်းတွေ ကနေ နူးညံ့တဲ့ အိပ်စရာ ဖျာတွေအဖြစ် ဖန်တီးနေကြပါတယ်။

ဒါဟာ စွန့်ပစ်ပစ္စည်းတွေကို အကျိုးရှိစွာ ပြန်လည် အသုံးချခြင်း ဖြစ်သလို ဆင်းရဲသားတွေကို ကူညီရာလည်း ရောက်ပါတယ်။

အဲဒီ အဖွဲ့ကတော့ Ponpalat Vipattipumiprates ၊ Thanathorn Onraksa ၊ Itthipat Saipornchai နဲ့ Panyada Leelaphatana တို့ဖြစ်ကြပြီး သူတို့အားလုံးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မင်ဘူရီ ခရိုင်မှာရှိတဲ့ Ruamrudee International School ကျောင်းက အသက် ၁၇ နှစ်အရွယ် ကျောင်းသား ၄ ဦးပဲ ဖြစ်ပါတယ်။

သူတို့ဟာ အိမ်ခြေရာမဲ့တွေ အတွက် ရည်ရွယ်ပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ကူညီမှု ပရော့ဂျက် ဆိုင်ရာ EcoWeave Home အမည်ရှိ အဖွဲ့ကိုလည်း တည်ထောင်လိုက်ပါတယ်။

“ဒီပရော့ဂျက်ဟာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေတဲ့ ပလတ်စတစ်အိတ်တွေကို အသုံးပြုမှု လျှော့ချနိုင်ဖို့နဲ့ အိမ်ခြေရာမဲ့တွေကို ကူညီနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ပလတ်စတစ်အိတ် အဟောင်းတွေကို ဖျာအဖြစ် ရက်လုပ်ပြီး အိမ်ခြေရာမဲ့တွေကို အခမဲ့ ပေးအပ်ခဲ့ပါတယ်” လို့ အဖွဲ့ခေါင်းဆောင် Ponpalat က ပြောပြပါတယ်။

သူတို့ကိုယ်တိုင် လက်နဲ့ ရက်လုပ်ထားတဲ့ အိပ်စရာအခင်းတွေဟာ သက်သောင့်သက်သာ ဖြစ်ပြီး သယ်ယူရ လွယ်ကူအောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။

EcoWeave Home အဖွဲ့သားတွေဟာ အသုံးပြုပြီးသား ပလတ်စတစ်အိတ် အဟောင်းတွေကို စုထားပြီး သန့်ရှင်း သွားအောင် အရင်ပြုလုပ်ကြပါတယ်။

အဲဒီနောက်မှာတော့ သန့်ရှင်းပြီးသား ပလတ်စတစ် အိတ်တွေကနေ အိပ်ရာခင်း ဖျာဖြစ်အောင် ရက်လုပ်ပါတယ်။

အဲဒီ အိပ်စရာ ဖျာတွေကို သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ အင်းဆက်ဖျန်းဆေးတွေ ဖျန်းပေးထားတဲ့ အတွက် အိပ်စက်မယ့်သူရဲ့ ကျန်းမာရေးကိုပါ ကာကွယ်ပြီးသား ဖြစ်ပါတယ်လို့လည်း Ponpalat က ပြောပါတယ်။

သန့်ရှင်းပြီးသား စွန့်ပစ် ပလတ်စတစ် အိတ်များကို အိပ်စရာ ဖျာအဖြစ် ရက်လုပ်နေတဲ့ Ponpalat Vipattipumiprates / EcoWeave Home group

“ကျနော်က ကြမ်းပြင်အမာပေါ်မှာပဲ လဲလျောင်းလေ့ရှိပြီး အဲ့ဒါက ကျနော့်အတွက် သက်သောင့် သက်သာ မဖြစ်လို့ ကောင်းကောင်း အိပ်ပျော်နိုင်ဖို့ ခဲယဉ်းပါတယ်။ အခု EcoWeave ဖျာပေါ်မှာ အိပ်ရတာ ကျနော့်အတွက် အများကြီး သက်သောင့်သက်သာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် နာကျင်တာတွေလည်း လျော့ပါးသွားတယ်” လို့လည်း သူက ပြောပါသေးတယ်။

ဆက်လက်ပြီး “ကျနော် မွေ့ရာတခုပေါ်မှာ အိပ်နေရသလို ခံစားရပါတယ်။ အိမ်ခြေရာမဲ့ လူတွေလည်း ကျနော့်လိုပဲ ခံစားရမယ် ဆိုရင် ဒါဟာ ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝတွေ ရရှိဖို့အတွက် ဆက်လက် ကြိုးစားသွားချင်တဲ့ ကျနော်တို့ အဖွဲ့အတွက် ခွန်အားတခု ဖြစ်ပါတယ်”လို့လည်း Ponpalat က ပြောဆိုပါတယ်။

အဲဒီ လေးဦးအဖွဲ့ဟာ ဘန်ကောက်မြို့ ဖရနခွန်ခရိုင်က အိမ်ခြေရာမဲ့တွေအတွက် ဖျာ ၁၅ ချပ် ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။

အိမ်ခြေရာမဲ့တွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို အကျိုးပြုချင်တဲ့ သူတွေ အနေနဲ့လည်း ဖျာတွေပိုပြီး ထုတ်လုပ်နိုင်ဖို့ အတွက် သူတို့ အဖွဲ့နဲ့ လာရောက်ပူးပေါင်းဖို့ TikTok အကောင့် @ecoweavehome ကနေတဆင့် ဖိတ်ခေါ်ထားပါတယ်။

Ref : Bangkok Post

]]>
စပိန် အပန်းဖြေ ကျွန်းပေါ်ရှိ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီရဲ့ အိမ် မှုတ်ဆေးဖြန်း ဆန္ဒပြခံရ https://burma.irrawaddy.com/news/2024/08/11/388667.html Sun, 11 Aug 2024 08:41:20 +0000 https://burma.irrawaddy.com/?p=388667 ရာသီဥတု ဖောက်ပြန်မှုတွေ အတွက် လူချမ်းသာတွေမှာ တာဝန်ရှိကြောင်း ပြသချင်တဲ့ အတွက် မက်ဆီရဲ့ အိမ်ကို ရွေးချယ် ဆေးမှုတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ကြောင်း… ]]>

စပိန်နိုင်ငံရှိ အပန်းဖြေကျွန်း တခုဖြစ်တဲ့ lbiza (အီဘီဇာ) မှာ ရှိတဲ့ ကမ္ဘာကျော် အာဂျင်တီးနား ဘောလုံးသမား မက်ဆီ ရဲ့ အိမ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မှုတ်ဆေးတွေနဲ့ ပက်ဖြန်း ခံခဲ့ရပါတယ်။

ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ တက်ကြွ လှုပ်ရှားတဲ့ Futuro Vegetal အမည်ရှိ အဖွဲ့က အဖြူရောင် အိမ်ရှေ့မျက်နှာစာကို ဆေးနီ ဆေးနက်တွေနဲ့ ဖြန်းပက်ပြီး ဆန္ဒဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ရာသီဥတု ဖောက်ပြန်မှုတွေ အတွက် လူချမ်းသာတွေမှာ တာဝန်ရှိကြောင်း ပြသချင်တဲ့ အတွက် မက်ဆီရဲ့အိမ်ကို ရွေးချယ် ဆေးမှုတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ကြောင်း၊ အဲ့ဒီအိမ်ဟာလည်း တရားမဝင်တဲ့ ဆောက်လုပ်မှု တခု ဖြစ်ကြောင်း သူတို့ အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ တက်ကြွ လှုပ်ရှားသူတွေဟာ အာဂျင်တီးနား သမ္မတ Javier Milei ကို မကျေနပ်၊ ဒေါသထွက်ကြတဲ့ အတွက် အခုလို ပြုလုပ်ကြတာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

Futuro Vegetal အဖွဲ့ဟာ အီဘီဇာကျွန်း အနောက်ဘက် ပင်လယ် ကမ်းရိုးတန်းရှိ Cala Tarida ပင်လယ်ကွေ့နားမှာရှိတဲ့ မက်ဆီရဲ့ အိမ်ရှေ့မှာ “ကမာ္ဘကြီးကို ကူညီပါ၊ လူချမ်းသာတွေကို ဖယ်ရှားစို့၊ ရဲတပ်ဖွဲ့ကို ဖြုတ်ချစို့” “Help the Planet — Eat the Rich — Abolish the Police” ဆိုတဲ့ ကြွေးကြော်သံ စာသားကို ကိုင်ဆွဲ မတ်တပ်ရပ်နေတဲ့ အဖွဲ့ဝင် နှစ်ယောက် ပါတဲ့ ဗီဒီယို ရုပ်သံ တခုကိုလည်း ထုတ်လွှင့်ခဲ့ပါသေးတယ်။

နိုင်ငံတကာ NGO အဖွဲ့ကြီးတခု ဖြစ်တဲ့ Oxfam အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်ထုတ် အစီရင်ခံစာအရ ၂၀၁၉ ခုနှစ်မှာ ကမာ္ဘ့ လူဦးရေ ရဲ့ ၁ ရာခိုင်နှုန်းသော လူချမ်းသာတွေကြောင့် ထွက်ရှိတဲ့ ကာဗွန် ပမာဏက ကမာ္ဘ့လူဦးရေရဲ့ သုံးပုံ နှစ်ပုံသော လူဆင်းရဲတွေရဲ့ ကာဗွန် ထုတ်လုပ်မှု ပမာဏနဲ့ အတူတူပဲ ဖြစ်တယ်လို့ Futuro Vegetal အဖွဲ့က ကိုးကား ပြောဆိုခဲ့ ပါတယ်။

ထိခိုက်လွယ်တဲ့၊ အင်အားနည်းတဲ့ လူတွေကသာ ဒီရာသီဥတု ဖောက်ပြန်မှုရဲ့ အဆိုးရွားဆုံး အကျိုးဆက်တွေကို ခံစားနေရတာကြောင့် ဒီလို မညီမျှမှုတွေ ဖြစ်ပေါ်လာရတယ် လို့လည်း သူတို့က ပြောကြားပါတယ်။

အာဂျင်တီးနား သမ္မတ Milei ကတော့ အရင်က Twitter လို့ခေါ်ပြီး ယခု X လို့ အမည်ပြောင်းသွားတဲ့ လူမှုကွန်ရက်ပေါ်မှာ ရာသီဥတု ပြောင်းလဲမှုကို အဆုံးသတ်ဖို့ အတွက်နဲ့ လူချမ်းသာတွေကို သတ်ပစ်ချင်ပြီး ရဲတပ်ဖွဲ့ကိုပါ ဖြုတ်ချချင်တဲ့ ကွန်မြူနစ် တွေလို့ ဒေါသတကြီးနဲ့ ပြင်းထန်စွာ ဝေဖန်ခဲ့ပါတယ်။

စပိန် အီဘီဇာ ကျွန်းရှိ UNESCO အသိအမှတ်ပြု အီဘီဇာ မြို့ဟောင်း / hospitalitynet.org

ဒီသူရဲဘော ကြောင်ပြီး ရူးနှမ်းတဲ့ ဖြစ်ရပ်နဲ့ပတ်သတ်လို့ ကျနော် မက်ဆီတို့ မိသားစုဘက်ကနေ ရပ်တည်ပါတယ်လို့ သမ္မတက ပြောကြားရင်းနဲ့ စပိန်နိုင်ငံတွင်း နေထိုင်ကြတဲ့ အာဂျင်တီးနား လူမျိုးတွေရဲ့ လုံခြုံရေးကို တာဝန်ယူ ကာကွယ် ပေးဖို့ စပိန် ဝန်ကြီးချုပ် Pedro Sanchez ရဲ့ အစိုးရအဖွဲ့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

အမေရိကရှိ Inter Miami (အင်တာမိုင်ယာမီ) အသင်းမှာ ကစားနေတဲ့ မက်ဆီဟာ ၂၀၂၂ ခုနှစ်တုန်းက ဆွဇ်စ်လူမျိုး စီးပွားရေး လုပ်ငန်းရှင် တဦးဆီကနေ ယူရိုငွေ ၁၁ သန်း (အမေရိကန်ဒေါ်လာ ၁၂ သန်း) နဲ့ မြေထဲပင်လယ် ကျွန်းပေါ်က ထိုအိမ်နေရာကို ဝယ်ယူခဲ့ပြီး အဲ့ဒီ့အိမ်မှာ ရေနွေးငွေ့ချွေးထုတ်ခန်းနဲ့ ရုပ်ရှင်ရုံ ပါဝင်တဲ့ Spa တခုလည်း ရှိတယ်လို့ သတင်း ရရှိခဲ့ပါတယ်။

စပိန် မီဒီယာများရဲ့ ဖော်ပြချက်အရ အဲဒီအိမ်မှာ အခန်းပေါင်းများစွာကို လိုင်စင်မရှိဘဲ ဆောက်လုပ်ထားခဲ့ပြီး ဒေသ အာဏာပိုင် အဖွဲ့အစည်းရဲ့ နေထိုင်လို့ရတဲ့ အခြေအနေနဲ့ ပြည့်စုံကြောင်း ထောက်ခံချက် မရှိကြောင်း သိရပါတယ်။

နိုင်ငံတကာရှိ အလားတူ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ထားတဲ့ Futuro Vegetal အဖွဲ့ဟာ အခုလို ဆန္ဒဖော်ထုတ်မှုမျိုး အရင်ကလည်း များစွာ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်က မက်ဒရစ်မြို့ ပရာဒို (Prado) ပြတိုက်ရှိ စပိန်နာမည်ကျော် ပန်းချီဆရာ Francisco de Goya ရဲ့ ပန်းချီကား ဘောင်များမှာ Futuro Vegetal အဖွဲ့က သူတို့ရဲ့ လက်တွေကို ကော်နဲ့ကပ်ကာ ရာသီဥတု ဖောက်ပြန်မှုများနဲ့ ပတ်သက်ပြီး ဆန္ဒပြ သရုပ်ဖော်ခဲ့ဖူးကြောင်း သိရပါတယ်။

မနှစ်တုန်းကလည်း အဲဒီ အဖွဲ့က အီဘီဇာမှာ ကမ်းကပ်ထားတဲ့ အမေရိကန် Walmart လုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ Nancy Walton Laurie ပိုင်ဆိုင်တဲ့ ဇိမ်ခံရွက်လှေကြီးတခုကို ဆေးနီ ဆေးနက်တွေနဲ့ ဖြန်းပက်ကာ ဆန္ဒထုတ်ဖော် ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းကတော့ စပိန် ရဲတပ်ဖွဲ့ဟာ Futuro Vegetal အဖွဲ့ဝင် ၂၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီ ဖမ်းဆီးခံရတဲ့ အထဲမှာ ပရာဒို ပြတိုက်မှာ ဆန္ဒပြခဲ့သူ ၂ ဦးနှင့် အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် ၃ ဦးတို့လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။

Ref : AFP

]]>
ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင်သမား ၁၀ ဦး အစိုးရနဲ့ ဘုရင်ကို ဆန့်ကျင်စော်ကားမှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ချခံရ https://burma.irrawaddy.com/news/2024/07/06/386561.html Sat, 06 Jul 2024 10:58:13 +0000 https://burma.irrawaddy.com/?p=386561 Mother Nature အဖွဲ့ဝင် ၃ ဦးမှာ အစိုးရနဲ့ ဘုရင်စနစ်ကို စော်ကားတဲ့ ပြစ်မှု နှစ်ခုစလုံး အတွက် ၈ နှစ်စီ ပြစ်ဒဏ် ကျခံဖို့ အမိန့်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။]]>

ကမ္ဘောဒီးယားက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ Mother Nature Cambodia အဖွဲ့ဝင် တက်ကြွလှုပ်ရှားသူ ၁၀ ဦးကို အစိုးရနဲ့ ဘုရင့်အပေါ် ဆန့်ကျင်စော်ကားဖို့ ကြံစည်တယ်လို့ ဆိုပြီး တရားစွဲဆိုကာ နှစ်ရှည် ပြစ်ဒဏ် ချမှတ်တာတွေ ပြုလုပ်လိုက်ပါတယ်။

Mother Nature အဖွဲ့က တရားစွဲခံရသူ ၅ ဦးမှာ တရားစွဲဆို ပြီးနောက် ချက်ချင်းပင် မြို့တော် ဖနွမ်းပင် တရားရုံး အပြင်ဘက်မှာ ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ အဖွဲ့တည်ထောင်သူ Alejandro Gonzales-Davidson က အင်္ဂါနေ့ Reuters ကို ပြောပြပါတယ်။

စပိန်နိုင်ငံသား တဦးဖြစ်တဲ့ Gonzales-Davidson က သူအပါအဝင် တရားစွဲခံရသူ ၁၀ ဦးမှာ အစိုးရကို ဆန့်ကျင်ဖို့ ကြံစည်မှု၊ သူတို့အထဲက ၃ ဦးမှာ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်စနစ်ကို စော်ကားမှုတို့နဲ့ တရားစွဲ ခံခဲ့ရခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က Gonzales-Davidson ကို ကမ္ဘောဒီးယားကနေ ပြည်နှင်ဒဏ် ပေးခံခဲ့ရပြီးနောက် တရား ရင်ဆိုင်ဖို့ ပျက်ကွက်မှုနဲ့ မျက်ကွယ် အမိန့်ချခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။

Mother Nature အဖွဲ့ဝင် ၃ ဦးမှာ အစိုးရနဲ့ ဘုရင်စနစ်ကို စော်ကားတဲ့ ပြစ်မှု နှစ်ခုစလုံး အတွက် ၈ နှစ်စီ ပြစ်ဒဏ် ကျခံဖို့ အမိန့်ချ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခြားအဖွဲ့ဝင်များကိုမူ အစိုးရကို ဆန့်ကျင်ဖို့ ကြံစည်မှုနဲ့ ပြစ်ဒဏ် အမိန့်ချခံခဲ့ရသော်လည်း ပြစ်ဒဏ်ကျခံရမည့် နှစ်ကာလကိုမူ အသေအချာ မသိရသေးပေ။

မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှု တခုမှာ တွေ့ရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် (ဝဲဘက်) (ဇူလိုင် ၁၊ ၂၀၂၃) နဲ့ ဟွန်ဆန်ရဲ့သား ဖြစ်သူ ဟွန်မာနေး Hun Manet (ယာ) (ဇူလိုင် ၂၁၊ ၂၀၂၃) / Reuters

အစိုးရကို ဆန့်ကျင်ဖို့ ကြံစည်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး တရားရုံးမှာ ပြန်လည် မချေပရသေးကြောင်း၊ ၂၀၂၁ ခုနှစ်က ဖနွမ်းပင်ရှိ ကြီးမားတဲ့ “Tonle Sap” ကန်ရေ ညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး သံသယ ဖြစ်ဖွယ်ရာများကို မှတ်တမ်း တင်ခဲ့ပြီးနောက် အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း Gonzales-Davidson က ပြောပါတယ်။

ဘုရင်စနစ်ကို စော်ကားတယ် ဆိုတဲ့ ပြစ်မှုများမှာမူ နိုင်ငံရေး ကာတွန်းများနဲ့ ပတ်သက်ပြီး အဖွဲ့အတွင်း Zoom Meeting ပြုလုပ်ခဲ့ရာမှ တဆင့် သတင်း ပေါက်ကြားခဲ့တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ချမှတ်ခဲ့တဲ့ တရားစီရင်ချက်ကို ကြည့်ခြင်းအားဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ် ဟွန်ဆန် နေရာကို မနှစ်ကမှ လွှဲပြောင်း ရယူခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်မာနေး (Hun Manet) လက်ထက်မှာ ကမ္ဘောဒီးယား နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ အလွန်စိုးရိမ်ဖွယ်ရာ ကောင်းနေကြောင်း သတင်းတွေမှာ ဖောပြထား ပါတယ်။

Mother Nature အဖွဲ့ဟာ ကမ္ဘောဒီးယား နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် စွမ်းဆောင်မှုတွေကြောင့် ဆွစ်ဇာလန်နိုင်ငံ စတော့ဟုမ်းလ် အခြေစိုက် Right Livelihood အဖွဲ့ဆု အပါအဝင် နိုင်ငံတကာ ဆုတံဆိပ်များစွာ ရရှိထားကြောင်းလည်း သိရပါတယ်။

]]>
သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးကနေ ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ ကျရှုံးနေကြပြီလား https://burma.irrawaddy.com/article/2024/06/09/384972.html Sun, 09 Jun 2024 00:30:23 +0000 https://burma.irrawaddy.com/?p=384972 ကျနော်တို့ လူသားတွေက ကြီးကြီးမားမား ပြောင်းလဲမှုသာ မလုပ်ရင် ကမ္ဘာကြီးက ကျနော်တို့ အသက်ရှင်ရေး ထောက်ပံ့ ပေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို…]]>

ကျနော်တို့ ကမ္ဘာကြီးရဲ့ သက်ရှိများအပေါ်မှာ ပံ့ပိုးပေးနိုင်မှုနဲ့ အရင်းအမြစ်များဟာ အကန့်အသတ် အများကြီး ရှိနေပါတယ်။

ဒါပေမယ့် လူသားတွေဟာ ဒီအကန့်အသတ်နဲ့ ပတ်သက်ပြီးတော့ သတိပေးနေတာတွေကို မျက်ကွယ် ပြုနေကြပြီးတော့ စီးပွားရေး ဖွံ့ဖြိုးရေးကိုသာ အာရုံစိုက်နေကြပါတယ်။

ဒီအကြပ်အတည်းကြီးရဲ့ အမှန်တရားကို သိမြင်နားလည်မှု အလွန်အားနည်းနေပြီးတော့ အရေးပေါ် အခြေအနေမှာ ထိတ်လန့်မှု ကင်းမဲ့ကြတာ သို့မဟုတ် ပြောင်းလဲမှုအတွက် ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေကို မဆောင်ရွက်ကြတော့ပါဘူး။

ဒီအတိုင်း ဆက်သွားနေရင် မကြာသော အနာဂတ်မှာ လူ့ယဉ်ကျေးမှုကြီး ပြိုလဲသွားနိုင်ပါတယ်။

ကျနော့်ရဲ့ သက်တမ်း အတွင်းမှာတင် သတ္တဝါ မျိုးစိတ်ပေါင်း ၆၀ ရာခိုင်နှုန်း မျိုးတုံးသွားပြီးတော့ ဒီပမာဏဟာ ရှိရင်း ပမာဏထက် ၁၀၀၀ ရာခိုင်နှုန်း ပိုလျင်မြန်နေပါတယ်။

အခုဆိုရင် ကျနော်တို့ရဲ့ မွေးမြူရေးနဲ့ အိမ်မွေး တိရိစ္ဆာန် အရေအတွက်ဟာ တောရိုင်းတိရိစ္ဆာန် အရေအတွက်ထက် အဆပေါင်း ၃၀ ကျော် ပိုများနေပါတယ်။

ကျနော် ငယ်ရွယ်စဉ်ကတည်းက သဘာဝပတ်ဝန်းကျင်ရဲ့ ဆိုးရွားနေတဲ့ အခြေအနေတွေကို သတိပေးနေကြပြီးတော့ “တိုးတက်မှုကို ကန့်သတ်ရေး” သဘောတရားကို ပြောလာကြပေမယ့် လက်တွေ့မှာတော့ မလုပ်ကြပါဘူး။

၁၉၉၀ ဝန်းကျင်မှာ ကမ္ဘာ့ သိပ္ပံပညာရှင်များက “လူသားမျိးနွယ်သို့ သတိပေးစာ” ကို ပထမအကြိမ်နဲ့ ၂၀၁၇ မှာ ဒုတိယ အကြိမ် ထုတ်ပြန်ခဲ့ကြပါတယ်။

တကယ်လို့ ကျနော်တို့ လူသားတွေက ကြီးကြီးမားမား ပြောင်းလဲမှုသာ မလုပ်ရင် ကမ္ဘာကြီးက ကျနော်တို့ အသက်ရှင်ရေး ထောက်ပံ့ ပေးနိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်။

ကျနော့် လူသက်တမ်းအတွင်းမှာ ကာဗွန် ထုတ်လွတ်မှုက နှစ်ဆမက မြင့်တက်လာပါတယ်။ ၁၉၉၂ ခုနှစ်က ကုလသမဂ္ဂ ရဲ့ ဥတုရာသီဆိုင်ရာ ကွန်ဗင်းရှင်း ထုတ်ပြန်ပြီးနောက်မှာ ၆၀ ရာခိုင်နှုန်း တိုးတက်လာတာပဲ ဖြစ်ပါတယ်။

ရုပ်ကြွင်းလောင်စာအသုံးပြုမှု ၅ ဆ မြင့်တက်လာပြီးတော့ ကျောက်မီးသွေး အသုံးပြုမှု ၈၀ ရာခိုင်နှုန်း တိုးတက် လာပါတယ်။

အန္တာတိကရဲ့ ရေခဲတွေဟာ ငယ်ငယ်ကထက် ၆ ဆပိုပြီး လျင်မြန်စွာ အရည်ပျော်နေပြီးတော့ အာတိတ် သမုဒ္ဒရာက ရေခဲ ၉၅ ရာခိုင်နှုန်း အရည်ပျော်သွားပါတယ်။

နည်းပညာအရ ဖြေရှင်းမှုတွေအတွက် အကောင်းမြင်ကြပေမယ့် ပြည့်ဖြိုးမြဲ စွမ်းအင်က ကျနော်တို့ အသုံးပြုနေတဲ့ စွမ်းအင် စုစုပေါင်းရဲ့ အလွန်သေးငယ် ပမာဏကိုသာ ဖြည့်တင်း ပေးနိုင်ပါသေးတယ်။

ပြည့်ဖြိုးမြဲ စွမ်းအင်ဟာ အခြားစွမ်းအင်တွေကို အစားမထိုးနိုင်သေးတဲ့ အပြင် ရုပ်ကြွင်းလောင်စာတွေကို ပိုပြီးတော့တောင် အသုံးချလာကြပါတယ်။

၂၀၅၀ အထိ မျော်လင့်ချက် ထားနိုင်ဖို့ဆိုရင် တနှစ်ကို ကာဗွန်ထုတ်လွတ်မှု ပမာဏ ၆ ရာခိုင်နှုန်း အထိ လျှော့ချဖို့ လိုပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ GDP ကို ၆ ရာခိုင်နှုန်း လျှော့ချရမှာ ဖြစ်ပါတယ်။

စီးပွားရေး ပညာရှင်တွေ အတွက် ဒါဟာ လက်ခံနိုင်စရာ ပမာဏ မဟုတ်ပါဘူး။ ဒါဆို ကျနော်တို့ ပြိုလဲမှုကို ရှောင်လွှဲလို့ မဖြစ်နိုင်တော့ဘူးလား။

ပြောင်းလဲမှုကို လုပ်ကြတာမှာ ကျနော် တွေ့သလောက်ကတော့ ပြောင်းလဲမှု အကြောင်းကို စကားကြီး စကားကျယ် ပြောကြတာပါပဲ။

ရုပ်ကြွင်းလောင်စာ လျှော့ချရေး နိုင်ငံတကာ အစည်းအဝေးတွေ၊ စာချုပ်တွေ မိုးမွန်အောင် ချုပ်ဆို ဆွေးနွေးကြပါတယ်။

ဒါပေမယ့် ဖန်လုံအိမ် ဓာတ်ငွေ့က ပိုတိုးလာနေပါတယ်။ သဘောတူညီချက်တွေက ကောင်းပေမယ့် အသက်ဝင်အောင် မလုပ်နိုင်ကြပါဘူး။

နှစ်သန်းပေါင်း များစွာ သိုမှီးထားတဲ့ ရုပ်ကြွင်းလောင်စာတွေကို နှစ်ရာပေါင်း အနည်းငယ်အတွင်းမှာ ကုန်အောင် သုံးခဲ့ကြ ပါတယ်။

ကမ္ဘာကြီးမှာ နှစ်စဉ် လူပေါင်း သန်း ၉၀ တိုးပွားနေပါတယ်။ ပါးစပ်ပေါက် သန်း ၉၀ တိုးလာတာ ဖြစ်ပြီးတော့ သူတို့ စားသောက်ဖို့ စွမ်းအင် ပိုမိုလိုအပ်လာပါတယ်။

တကယ်လို့ ရုပ်ကြွင်းလောင်စာကို ဖယ်ထုတ်လိုက်ရင် လက်ရှိ ကမ္ဘာ့လူဦးရေရဲ့ အသက်ရှင်ရေးကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်တော့ပါဘူး။

ရုပ်ကြွင်းလောင်စာများဟာ နှစ်သန်းပေါင်း များစွာ အားသွင်းထားရတဲ့ ဘက်ထရီတွေနဲ့ တူပါတယ်။ ဒါကို ဆယ်စုနှစ် အနည်းငယ်အတွင်း အသုံးချလိုက်ကြရပါတယ်။

ကျနော် သိလာတာကတော့ အခြေအနေ ဘယ်လောက် ဆိုးနေတယ် ဆိုတာကို လူတွေသေချာ နားမလည်ကြသေးဘူး ဆိုတာပါ။

ဒါကြောင့်ပဲ နိုင်ငံရေးသမား ဆိုသူတွေ၊ မူဝါဒ ရေးဆွဲသူတွေဟာ ပြောင်းလဲမှု လုပ်ဖို့ကို ရှောင်ရှားကြပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ဒီလိုအပြောင်းအလဲတွေ လုပ်ရင် သူတို့ရဲ့ မဲတွေ ရှုံးတော့မှာပေါ့။ မဲဆန္ဒရှင်တွေက အရေးပေါ် အခြေအနေ ဖြစ်နေတာကို မသိကြသေးဘူးလေ။

ဒါကြောင့် သတင်း အချက်အလက်တွေကို ပိုပြီးပေးကြဖို့၊ ဒီအခြေအနေကို နားလည်လာအောင် ပိုပြီးတော့ ထုတ်ပြော ကြဖို့ပဲ တိုက်တွန်းကြဖို့ ရှိနေပါတယ်။ ။

Victoria University of Wellington ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပညာရှင် Professor Dr Mike Joy ၏ Our ongoing failure to save ourselves from environmental disaster ကို အမှီပြု တင်ဆက် ထားပါသည်။

(ဤစာစုကို စိမ်းလန်း ခါကာဘို (Green Khakabo) သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မဂ္ဂဇင်း (၂၀၂၂ စက်တင်ဘာ ၁၁) မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။)

]]>
မြေရှားသတ္တုမိုင်း မြေပြိုသောကြောင့် လူအနည်းဆုံး ၇ ဦးသေဆုံး https://burma.irrawaddy.com/news/2024/06/08/384951.html Sat, 08 Jun 2024 04:58:31 +0000 https://burma.irrawaddy.com/?p=384951 ကချင်ပြည်နယ် ပန်ဝါမြို့ မြေရှား သတ္တုမိုင်းတခုတွင် အင်္ဂါနေ့နံနက်က မြေပြိုသောကြောင့် လူအနည်းဆုံး ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၀ ဦးပျောက်ဆုံးနေသည်]]>

ကချင်ပြည်နယ် ပန်ဝါမြို့ မြေရှား သတ္တုမိုင်းတခုတွင် အင်္ဂါနေ့နံနက်က မြေပြိုသောကြောင့် လူအနည်းဆုံး ၇ ဦးသေဆုံးပြီး အနည်းဆုံး ၁၀ ဦးပျောက်ဆုံးနေသည်ဟု ကချင်အခြေစိုက် သဘာဝ ပတ်ဝန်းကျင် လှုပ်ရှားသူများနှင့် သေဆုံးပျောက်ဆုံးနေသူများ၏ မိသားစုများပြောသည်။

ထိုမြေပြိုမှုသည် ကချင်ပြည်နယ်မှ ချောင်ကျသော မြို့တမြို့ဖြစ်သည့် ပန်ဝါမှ တောင်တခုရှိ လုပ်ကွက် ၃ တွင် ဖြစ်ပွားသည်။ ထိုမြေပြိုမှုသည် တောင်ထိပ်တွင် တည်ဆောက်ထားသော သတ္တုတူးသမား ၁၇ ဦးမှ ၂၄ ဦးအထိ အိပ်နေသည့် တဲကြီးတခုကို ပျောက်ကွယ်သွားစေသည်။

ထိုသတ္တုတွင်းနေရာမှ အာဏာပိုင်များနှင့် အခြားတာဝန်ရှိသူများသည် ပျောက်ဆုံးသူ အရေအတွက်ကို အတိအကျ အတည်မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်များပြောသည်။ လူ ၁၀ ဦးမှ ၁၇ ဦးအထိ စာရင်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းတို့ခန့်မှန်းပြောသည်။

သို့သော် ပျောက်ဆုံးနေသူများ၏ ဆွေမျိုးများသည် ၎င်းတို့သားချင်းများ ဆက်လက်ရှင်သန်ရေး မျှော်လင့်ချက်မထားတော့ကြောင်း ထိုသတင်းရင်းမြစ်များပြောသည်။

မြေအများအပြား ဖုံးလွှမ်းထားသောကြောင့် သေဆုံးသူများ၏ အလောင်းများကို ပြန်လည်ရရေးသည် စိန်ခေါ်မှုများသည်။ အာဏာပိုင်များသည် လက်ရှိ အချိန်အထိ တွေ့ရှိပြီးဖြစ်သော အလောင်း ၇ ခုကို မည်သူမည်ဝါ ခွဲခြားသတ်မှတ်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ထိုမြေပြိုမှုကို အကဲဖြတ်နေသည့် ကချင်တက်ကြွလှုပ်ရှားသူတဦး ရှင်းပြသည်။

ထိုသတ္တုမိုင်းတူးလုပ်ငန်းကို ပိုင်ဆိုင်သူ တရုတ်နိုင်ငံသား ၂ ဦးသည် သေဆုံးသူများတွင် ပါဝင်ကြောင်း ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနများ ဖေါ်ပြသော်လည်း ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

ထိုပန်ဝါမြေပြိုမှုတွင် ပျောက်ဆုံးနေသူများတွင် အသက် ၂၅ နှစ် အရွယ် ကိုမျိုးမင်းစိုးလည်း ပါဝင်သည်။ သူသည် ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ် ဒေသခံဖြစ်ပြီး ပန်ဝါမှ မြေရှား သတ္တုမိုင်းတွင် လုပ်ကိုင်နေသည်မှာ တနှစ်ကျော်ကြာပြီဖြစ်ကြောင်း သူ့ဦးလေးပြောသည်။

“သားသမီး ၄ ယောက်မှာ အကြီးဆုံးဖြစ်လို့ မိသားစုကို ထောက်ပံ့ဖို့ သူက အရေးကြီးတယ်။ သူ ရုတ်တရက်ပျောက်သွားတာ အရမ်းစိတ်ဆင်းရဲတယ်။ အခု မိဘတွေ ပန်ဝါကိုရောက်လာပြီး သူတို့သားအလောင်းကို ပြန်ရဖို့ စောင့်နေတယ်” ဟု ကိုမျိုးမင်းစိုး၏ ဦးလေး ဦးမောင်ထွေးပြောသည်။

ထိုမြေရှားသတ္တုမိုင်းကို လုပ်ကိုင်ရန် စီးပွားရေးသမားများ အထူးသဖြင့် တရုတ်နိုင်ငံသားများသည် စစ်ကောင်စီ သို့မဟုတ် ချီပွေနှင့် ပန်ဝါဒေသမှ စစ်ကောင်စီမဟာမိတ် ပြည်သူ့စစ်ခေါင်းဆောင်များနှင့် သဘောတူညီချက် ရယူသည်။

ပန်ဝါရှိ မြေရှားသတ္တုမိုင်းတွင်းတတွင်း၏ အလုပ်ခွင်/ Global Witness

ပန်ဝါမှ မြေရှား သတ္တုမိုင်းတခုတွင် မြေပြိုကျကြောင်း အလုပ်သမား ၂၀ ကျော် သေဆုံးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အရာရှိတဦး ကြာသပတေးနေ့တွင် Facebook ပို့စ်တင်သည်။

ကချင်ပြည်နယ်တွင် မြေရှားသတ္တု တူးဖေါ်ခြင်းသည် မြန်မာစစ်တပ်ထိန်းချုပ် ချီဖွေမြို့နယ်ကို ဗဟိုပြုပြီး ပြည်နယ် အရှေ့တောင်ပိုင်း မိုးမောက်မြို့နယ်မှ KIA ထိန်းချုပ် မိုင်ဂျာယန်မြို့တွင်လည်း ရှိသည်။

ဇွန်လမှ အောက်တိုဘာလအထိ မိုးရာသီတွင် မြေပြိုမှုများသည် ကချင်ပြည်နယ်မှ တောင်တန်းများတွင် ကျောက်မျက်နှင့် အဖိုးတန်သတ္တုရှာသည့် ရွှေ့ပြောင်းလုပ်သားများအတွက် ပုံမှန် အသက်အန္တရာယ် ခြိမ်းခြောက်မှု ဖြစ်သည်။

စစ်ကောင်စီနှင့် မဟာမိတ် ပြည်သူ့စစ်များ အဓိက ထိန်းချုပ်ထားသည့် ကချင်အထူးဒေသ ၁ တွင် သတ္တုတူးဖေါ်သည့်နေရာများသည် ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ်အတွင်း ၄၀ ရာခိုင်နှုန်းတိုးလာသည်ဟု Global Witness ၏ နောက်ဆုံးအစီရင်ခံစာက ဖေါ်ပြသည်။

ပန်ဝါ ပတ်ဝန်းကျင်တွင် သတ္တုတူးသည့် နေရာ ၃၀၀ ကျော်ရှိကြောင်း Global Witness က ဂြိုလ်တု ဓာတ်ပုံများကို ကိုးကားပြီး လွန်ခဲ့သောလက ဖေါ်ပြသည်။

မြန်မာ၏ ဟဲဗီး မြေရှားသတ္တုအများစုကို အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် အာရှ လျှပ်စစ် ယာဉ်များနှင့် လေအားလျှပ်စစ်တာဘိုင် လုပ်ငန်းများက ဝယ်သူသည့် တည်မြဲသံလိုက် ထုတ်လုပ်ရန်သုံးကြောင်း Global Witness က မကြာသေးမီက စုံစမ်းစစ်ဆေးမှုတွင် တွေ့ရသည်။

တရုတ်သည် မြန်မာမှ မြေရှားသတ္တု အဓိက ဝယ်ယူသည့် နိုင်ငံဖြစ်ပြီး လွန်ခဲ့သော ၂ နှစ်အတွင်း တင်သွင်းမှု ၂ ဆ တိုးလာသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ၁၉၅၀၀ တန် ဟဲဗီးမြေရှား သတ္တု အောက်ဆိုက်များတင်သွင်းပြီး ၂၀၂၃ ခုနှစ်တွင် တင်သွင်းသည့် ပမာဏသည် ၄၁၇၀၀ တန် အထိရှိကြောင်း ထို အစီရင်ခံစာက ဖေါ်ပြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Hein Htoo Zan ၏ At Least Seven Dead, 10 Missing as Landslide Hits Mine in Myanmar’s Kachin ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာ့မြေရှားသတ္တု တူးဖော်မှုက အနာဂတ်ကိုဖျက်ပြီး ပစ္စုပ္ပန်ကိုလည်း အဆိပ်ခတ်နေ

မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”

ပဋိပက္ခနှင့် ရာသီဥတုပြောင်းလဲမှုကြားမှ မြန်မာနိုင်ငံသစ် ထွက်ပေါ်လာနေ

မြန်မာနိုင်ငံ အထက်ပိုင်း မိုးကြီးနိုင်၊ စစ်ရှောင်များ အရေးပေါ် အကူအညီ လိုအပ်

]]>
ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ https://burma.irrawaddy.com/article/2024/02/07/379412.html Wed, 07 Feb 2024 02:35:39 +0000 https://burma.irrawaddy.com/?p=379412 မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။]]>

မြန်မာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတဝန်းမှ ပြည်သူများကို စစ်ကောင်စီ၏ အကြမ်းဖက် စစ်ဆင်ရေးကြောင့် အရပ်သား အနည်းဆုံး ၄,၄၇၄ ဦး သတ်ဖြတ်ခံရပြီး လူပေါင်း ၂၅,၀၀၀ ကျော်အဖမ်းခံရကာ အရပ်သားနေအိမ် ၇၈,၀၀၀ ကျော် မီးရှို့ခံရသည်။

ထို့ပြင် နိုင်ငံသည် နက်ရှိုင်းသော လူမှု၊ နိုင်ငံရေးနှင့် စီးပွားရေး ဖရိုဖရဲအခြေအနေများသို့ ကျဆင်းသွားသည်။ စစ်အုပ်ချုပ်ရေးအောက် သုံးနှစ်ကာလအတွင်း နိုင်ငံဖရိုဖရဲအခြေအနေသို့ ကျဆင်းရသည့် အဖြစ်အပျက်များကို ပြောပြသည့် အရေးပါသော ကမ္ဘာ့အညွှန်းကိန်းအချို့ကို ဧရာဝတီ သတင်းဌာနက အောက်တွင် ဖော်ပြထားပါသည်။

ခက်ခဲလှသည့် လူသားချင်းစာနာမှု အကျပ်အတည်း

လွန်ခဲ့သော သုံးနှစ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတွင် လူသားချင်းစာနာမှု လိုအပ်ချက် သိသိသာသာ မြင့်မားလာသည်။ ယခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံဖြစ်သော လူ ၁၈ ဒသမ ၆ သန်းခန့်သည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသောကြောင့် ၂၀၂၁ ခုနှစ် အာဏာ မသိမ်းမီက ထိုသို့လိုအပ်သူ ၁ သန်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။

ကမ္ဘာ့အငတ်ဘေး ဗဟိုချက်

ရှမ်းပြည်နယ်ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ခိုလှုံနေသော စစ်ဘေးရှောင်များကို ပရဟိတအဖွဲ့က အစားအသောက်များ လာရောက် ပေးဝေသည်ကို ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်က တွေ့ရစဉ် / AFP

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။ စားနပ်ရိက္ခာ မလုံလောက်မှုသည် ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းအတွင်း မြန်မာတွင် စားနပ်ရိက္ခာ မလုံလောက်မှု သိသိသာသာ ဆိုးရွားလာပြီး လူ ၁၂ ဒသမ ၉ သန်း သို့မဟုတ် လူ လေးဦးလျှင် တဦးကို ထိခိုက်စေသည်။

အာရှ-ပစိဖိတ် အန္တရာယ်ဇုန်

စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာသည် အာရှ-ပစိဖိတ်ဒေသတွင် အန္တရာယ်အများဆုံး နိုင်ငံများတွင် ပါဝင်ပြီး အဆင့် ၁၈ ရှိကာ အောက်တွင် မြောက်ကိုရီးယား နိုင်ငံသာ ရှိတော့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်း ၂၀၂၃ အရ စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာသည် အာရှ-ပစိဖိတ်ဒေသတွင် အန္တရာယ်အများဆုံး နိုင်ငံများတွင် ပါဝင်ပြီး အဆင့် ၁၈ ရှိကာ အောက်တွင် မြောက်ကိုရီးယား နိုင်ငံသာ ရှိတော့သည်။

မြန်မာသည် အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံးဖြစ်ကြောင်း အငြင်းပွားစရာ မလိုဘဲ ဒေသတွင်းတွင် တခုတည်းသော “အန္တရာယ်များသည့်နိုင်ငံ” ဖြစ်နေသည်။

ထောင်အများဆုံးချသည့် နိုင်ငံ

မြန်မာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အမျိုးသမီး ၃,၇၈၀ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၉,၉၉၃ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြသည်။ ယခင် စစ်အုပ်စုခေတ်တွင်ပင် နိုင်ငံရေးအကျဉ်းသား အရေအတွက်သည် ၃၊ ၄ ထောင်ထက် မပိုပေ။ မြန်မာ စစ်ကောင်စီသည် ကမ္ဘာတွင် ထောင်ချမှု အဆိုးရွားဆုံး ဖြစ်နိုင်သည်။

မြန်မာတွင် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အမျိုးသမီး ၃,၇၈၀ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၁၉,၉၉၃ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဖော်ပြသည်။

ရွေးကောက်ခံ ခေါင်းဆောင်များ၊ လူငယ်ကျောင်းသားများ၊ တရားမျှတမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်သည့် အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းမှ လူများကို ထောင်ချထားပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည့် စစ်ဝတ်စုံဝတ် ရာဇဝတ်ကောင်များသည် ဝန်ကြီးချုပ်ကဲ့သို့သော ရာထူးများ ရယူထားကြသည်။

သတင်းသမားများကို ထောင်ချမှု ဒုတိယအဆိုးရွားဆုံး

မြန်မာနိုင်ငံသည် တရုတ်ပြီးလျှင် သတင်းသမားများကို ထောင်ချမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပြီး လွန်ခဲ့သောနှစ်က သတင်းသမား ၄၃ ဦး ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် သုံးနှစ်အတွင်း လွတ်လပ်သော မီဒီယာများကို ဖြိုခွဲနေပြီး သတင်းသမားများကို အဆက်မပြတ် ပစ်မှတ်ထားကာ မြန်မာသည် တရုတ်ပြီးလျှင် သတင်းသမားများကို ထောင်ချမှု ဒုတိယ အများဆုံးဖြစ်ပြီး ၂၀၂၃ ခုနှစ် CPJ ၏ ဇန်နဝါရီလ စာရင်းအရ သတင်းသမား ၄၃ ဦး အဖမ်းခံရသည်ဟု သိရသည်။

တရုတ်တွင် ထောင်ချထားသည့် သတင်းသမား ၄၄ ဦးရှိပြီး မြန်မာတွင် ၄၃ ဦးရှိကာ ဘယ်လာရုစ်တွင် ၂၈ ဦး ရှိသည်။ ယမန်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကမ္ဘာတဝန်းတွင် သတင်းသမား ၃၂၀ ဖမ်းဆီးခံထားရသည်ဟု CPJ က မှတ်တမ်းတင်ထားသည်။

သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် သတင်းသမား ၁၉၂ ဦးဖမ်းဆီးခံရပြီး ၎င်းတို့အနက် ၆၁ ဦးသည် အဖမ်းခံထားရဆဲဖြစ်ကြောင်း AAPP က ဖော်ပြသည်။ စစ်ကောင်စီက မီဒီယာများကို ဖိနှိပ်မှုကြောင့် မြန်မာသည် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အသင်းက ပြုစုသည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၃ သို့ ရောက်နေသည်။

မလွတ်လပ်ကြောင်း သတ်မှတ်ချက်

အမေရိကန်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း Freedom House က လွန်ခဲ့သောနှစ် မတ်လတွင် ထုတ်ပြန်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာကို မလွတ်လပ်သေးသည့် စာရင်းတွင် ဆက်လက်ဖော်ပြသည်။

လူမှုလွတ်လပ်ခွင့်အရ မြန်မာသည် အမှတ် ၆၀ တွင် ၉ မှတ်သာရပြီး အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ နိုင်ငံရေးဖိနှိပ်မှုများကြောင့် နိုင်ငံရေးအခွင့်အရေးအရ အမှတ် ၄၀ တွင် တမှတ်မှ မရပေ။

နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် အမြင့်မားဆုံး

မြန်မာပြည်သည် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေး နေရသူများ (IDPs) ဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ဖော်ပြချက်။

ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ နိုင်ငံတဝန်းမှ လူပေါင်း ၂ ဒသမ ၆၂၅ သန်းသည် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေး နေရသူများ (IDPs) ဖြစ်သည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဖော်ပြသည်။ ၎င်းတို့အနက် ၂ ဒသမ ၃ သန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ ဖြစ်ကြောင်း UNHCR က ဖော်ပြသည်။

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူများအပြင် လူ ၇၀,၀၀၀ ကျော်သည် အိမ်နီးချင်းနိုင်ငံများတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေသည်ဟု UNHCR က ခန့်မှန်းသည်။ မြန်မာစစ်တပ်က မောင်းထုတ်ခံရပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်ခိုလှုံနေရဆဲ ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အောက်ဆုံးရောက်နေ

၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်မှု အညွှန်းကိန်း (EPI) အရ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၇၉ သို့ ရောက်နေသည်။ အိန္ဒိယသည် ၁၈ ဒသမ ၉ မှတ်ဖြင့် အနိမ့်ဆုံးဖြစ်ပြီး မြန်မာက ၁၉ ဒသမ ၄ မှတ်ရသည်။ EPI က နိုင်ငံများကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်မှု၊ သဘာဝ ပတ်ဝန်းကျင် ကျန်းမာရေးနှင့် ဂေဟစနစ် ရှင်သန်မှုအရ အဆင့်ခွဲခြားသတ်မှတ်သည်။

၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်မှု အညွှန်းကိန်း (EPI) အရ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၇၉ သို့ ရောက်နေသည်။

အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံများတွင် ပါဝင်

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI) က ပြုစုသည့် ၂၀၂၃ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း (CPI) အရ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၆၂ ရှိသည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TI) က ပြုစုသည့် ၂၀၂၃ ခုနှစ် အကျင့်ပျက်ခြစားမှု အညွှန်းကိန်း (CPI) အရ မြန်မာသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆင့် ၁၆၂ ရှိသည်။

အာရှ-ပစိဖိတ်ဒေသရှိ အဆိုးရွားဆုံးနိုင်ငံများတွင် မြောက်ကိုရီးယားကို စိန်ခေါ်နေသည်။ မြန်မာသည် အကျင့်ပျက်ခြစားမှု ညွှန်းကိန်းအရ ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၅၇နှင့် အာဏာမသိမ်းမီက NLD အစိုးရအောက် ၂၀၂၀ ပြည့်နှစ်က အဆင့် ၁၃၇ ရှိသည်။

ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသော နိုင်ငံ

ဘာသာရေးလွတ်လပ်မှု အကြီးအကျယ် ဆက်လက် ကျဆင်းနေသောကြောင့် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာကို အထူးစိုးရိမ်ရသော နိုင်ငံများစာရင်းတွင် ထည့်သွင်းထားသည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်ရှိ ကက်သလစ် ဘုရားကျောင်းကို စစ်ကေကာင်စီ တပ်သားများက မီးရှို့ ဖျက်ဆီးထားသည်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက် တွေ့ရစဉ် / KNDF

စနစ်တကျ ဆက်လက်ဖြစ်ပေါ်နေသည့် အလွန်ဆိုးရွားသော ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများအတွက် မြန်မာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဘာသာရေးလွတ်လပ်ခွင့် မရှိသော နိုင်ငံအဖြစ် ပြန်လည် သတ်မှတ်ခဲ့သည်။ ထိုစာရင်းတွင် တရုတ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရီထရီးယား၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယား၊ တာဂျီကစ္စတန်နှင့် တာ့ခ်မန်နစ္စတန်တို့ ပါဝင်သည်။

စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဗုဒ္ဓဘာသာကို ကာကွယ်သူအဖြစ်၊ သူ၏ စစ်ကောင်စီသည် ဗုဒ္ဓဘာသာလူများစုကို တရားဝင် ကိုယ်စားပြုသူများအဖြစ် မရိုးမသား ပုံဖော်ရန် ကြိုးစားစေကာမူ မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်များက မီးရှို့ရာတွင် ဘုန်းကြီးကျောင်းများကိုလည်း အလွတ်မပေးပေ။

စစ်‌ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဗုဒ္ဓဘာသာကို ကာကွယ်သူအဖြစ်၊ သူ၏ စစ်ကောင်စီသည် ဗုဒ္ဓဘာသာလူများစုကို တရားဝင် ကိုယ်စားပြုသူများအဖြစ် မရိုးမသား ပုံဖော်ရန် ကြိုးစားစေကာမူ မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကျေးရွာများကို စစ်ကောင်စီတပ်များက မီးရှို့ရာတွင် ဘုန်းကြီးကျောင်းများကိုလည်း အလွတ်မပေးပေ။

စစ်ကောင်စီတပ်များသည် မင်းအောင်လှိုင် ဦးဆောင်သည့် အမိန့်ပေး ကွင်းဆက်၏ ခွင့်ပြုချက်မရဘဲ ချင်းပြည်နယ်နှင့် ကယားပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းများမှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ဒါဇင်ပေါင်းများစွာ ရာပေါင်းများစွာကို မီးရှို့နိုင်ခဲ့မည် မဟုတ်ပေ။

စစ်တပ်က ရိုဟင်ဂျာ မွတ်ဆလင်များကို ဖြိုခွဲမှုများကြောင့် NLD အစိုးရခေတ် ၂၀၂၀ ပြည့်နှစ်တွင် USCIRF က မြန်မာကို အထူးစိုးရိမ်ရသော နိုင်ငံစာရင်းတွင် ထည့်သွင်းခဲ့ဖူးသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ By Almost Every Measure, Myanmar Junta Ranks Among World’s Worst Regimes ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

စစ်ကောင်စီ မုဒိန်းကျင့်ခံရသူများ တိုင်ကြားရန် လူ့အခွင့်အရေးအဖွဲ့များ တိုက်တွန်း

အာဏာသိမ်းပြီး ၃ နှစ်အကြာ စစ်ကောင်စီ အလားအလာ

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

စစ်ကောင်စီက ကလေးများကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးနေသည်

]]>
ထိုင်းတောင်ပိုင်း ဖြတ်မည့် စီမံကိန်း ဝန်ကြီးချုပ်သစ် အကောင်အထည်ဖော်နိုင်မလား https://burma.irrawaddy.com/opinion/viewpoint/2024/01/29/379055.html Mon, 29 Jan 2024 03:31:31 +0000 https://burma.irrawaddy.com/?p=379055 ၁၇ ရာစုမှစတင်ပြီး ထိုင်းတို့သည် နိုင်ငံတောင်ပိုင်းမှ ကျဉ်းမြောင်းသော ကုန်းရိုးတန်းကို ဖြတ်ကာ တူးမြောင်းဖောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။]]>

အကြံအစည်ဆိုးတို့သည် အံ့သြစရာကောင်းလောက်အောင် သက်ဆိုးရှည်ကြသည်။ ထိုင်းနိုင်ငံတွင် အာဏာရအထက်လွှာ၏ ခရာ ကုန်းရိုးတန်းတွင် သယ်ယူပို့ဆောင်ရေး စင်္ကြံ တည်ဆောက်မည့် ရာနှစ်ပေါင်းများစွာ စိတ်ကူးက ထိုအချက် အလွန်မှန်ကြောင်း ပြသနေသည်။

၁၇ ရာစုမှစတင်ပြီး ထိုင်းတို့သည် နိုင်ငံတောင်ပိုင်းမှ ကျဉ်းမြောင်းသော ကုန်းရိုးတန်းကို ဖြတ်ကာ တူးမြောင်းဖောက်ခြင်း၏ ကောင်းကျိုးဆိုးပြစ်များကို ဆွေးနွေးငြင်းခုန်ခဲ့ကြသည်။ သို့သော် လွန်စွာမြင့်မားသည့် ဆောက်လုပ်ရေး စရိတ်၊ အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် စီးပွားရေးအရ အားနည်းချက်များကြောင့် ခရာတူးမြောင်းကို မည်သည့်အခါကမှ တည်ဆောက်ခြင်း မရှိပေ။

သို့သော် ထိုအဆိုကို နောက်ဆုံး ထပ်မံ ပြောကြားခြင်းဖြင့် ဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထဝီစင် အစိုးရသစ်က စိတ်အားထက်သန်စွာ အားပေးနေသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ အာဏာရလာချိန်မှ စတင်ပြီး မစ္စတာ ဆက်ထာ ထဝီစင်၏ မူဝါဒဗဟိုချက်သည် လေဆာပွိုင့်သဖွယ် တနေရာတည်းကိုသာ အာရုံစိုက်နေသည်။ စစ်တပ်၏ စီမံခန့်ခွဲမှု အလွဲများကြောင့် ဆယ်စုနှစ် တခုကြာ တိုးတက်မှု နှေးကွေးပြီးနောက် ကိုဗစ်နိုင်တင်းကြောင့် ပိုမိုဆိုးရွားသွားသည့် ထိုင်းစီးပွားရေးကို ပြန်လည် အားဖြည့်ရေးသာ ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ အာဏာရလာချိန်မှ စတင်ပြီး မစ္စတာ ဆက်ထာ ထဝီစင်၏ မူဝါဒဗဟိုချက်သည် လေဆာပွိုင့်သဖွယ် တနေရာတည်းကိုသာ အာရုံစိုက်နေသည်။ စစ်တပ်၏ စီမံခန့်ခွဲမှု အလွဲများကြောင့် ဆယ်စုနှစ် တခုကြာ တိုးတက်မှု နှေးကွေးပြီးနောက် ကိုဗစ်နိုင်တင်းကြောင့် ပိုမိုဆိုးရွားသွားသည့် ထိုင်းစီးပွားရေးကို ပြန်လည် အားဖြည့်ရေးသာ ဖြစ်သည်။

ထိုသို့ လုပ်ရန်အတွက် ထိုင်းအစိုးရသည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ လက်မှတ်ထိုးခြင်းကို ဦးစားပေးပြီး မစ္စတာ ဆက်ထာ ထဝီစင် ကိုယ်တိုင် ကမ္ဘာတဝန်း အစုန်အဆန်သွားကာ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်သည်။ စင်ကာပူကို အားကျသော မျက်လုံးဖြင့် ကြည့်ပြီး ဘန်ကောက်သည် ကမ္ဘာ့ကုန်စည် ဖြန့်ချိရေး ကွင်းဆက်ကွန်ရက်တွင် ပိုမိုကြီးမားသော အခန်းမှပါဝင်ရန် ရည်မှန်းချက်များ ရှိနေသည်။

ထိုကြီးမားသော စီးပွားရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် မစ္စတာ ဆက်ထာ ထဝီစင်သည် အကြံအစည်ဟောင်းကို ထောက်ခံသည့် ခေါင်းဆောင် ဖြစ်လာသည်။

သက်ဆင်၏ စိတ်ကူးကို ပြန်လည် အသက်သွင်းခြင်း

ထိုအစီအစဉ်တွင် ထိုင်းပင်လယ်ကွေ့မှ ချွန်ဖုံပြည်နယ် ကုန်းရိုးတန်းဘက်နှင့် ရနောင်းပြည်နယ် ကပ္ပလီပင်လယ်ဘက်တွင် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရေး ဖြစ်သည်။ ထိုဆိပ်ကမ်းနှစ်ခုကို ကီလိုမီတာ ၉၀ ရှည်သည့် အဝေးပြေးလမ်းများ၊ ရထားလမ်းများနှင့် ပိုက်လိုင်းများဖြင့် ဆက်သွယ်မည် ဖြစ်သည်။

ထိုင်း နိုင်ငံတောင်ပိုင်းမှ ကျဉ်းမြောင်းသော ခရာ ကုန်းရိုးတန်းအား မြေပြင်တွင် မြင်ရစဉ်

အရှေ့မြောက်အာရှတွင် ထုတ်လုပ်သည့် ကုန်စည်များကို သယ်ဆောင်လာသော သင်္ဘောများသည် ချွန်ဖုံတွင် ကုန်စည်များကို ချကာ အခြားတဖက်သို့ ကားများ၊ ရထားများဖြင့် သယ်ဆောင်မည်ဖြစ်ပြီး အနောက်အာရှနှင့် ဥရောပမှ ကုန်စည်များနှင့် သင်္ဘောများသည် ရနောင်းတွင် အလားတူ လုပ်ဆောင်မည်ဖြစ်သည်။

မြေသားပေါင်းကူး စင်္ကြံကို ၂၀၀၅ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်က ပထမဆုံး အဆိုပြုခဲ့သော်လည်း နောက်တနှစ်တွင် စစ်အာဏာသိမ်းမှုက သူ့ကိုဖြုတ်ချသောအခါ ထိုအစီအစဉ် ရပ်ဆိုင်းသွားသည်။ ထင်မထားသည့်အချက်မှာ ၂၀၁၄ ခုနှစ်တွင် နောက်တကြိမ် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ထိုစိတ်ကူးကို ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည် အသက်သွင်းသည်။ သို့သော် ကပ်ရောဂါကြောင့် ဖြစ်လာသည့် ကမ္ဘာ့စီးပွားရေးကွင်းဆက် ပြတ်တောက်ပြီး ထိုအစီအစဉ် အရှိန်အဟုန် မရခဲ့ပေ။

မစ္စတာ ဆက်ထာ ထဝီစင်သည် ထိုစိတ်ကူးကို အင်တိုက်အားတိုက် အသက်သွင်းလိုက်ပြီး ခရာတူးမြောင်းကို ထောက်ခံသူများ ကာလကြာမြင့်စွာ ဆင်ခြေပေးခဲ့သည့် အကြောင်းပြချက်များကို ပြန်လည် အသုံးပြုလာသည်။

မစ္စတာ ဆက်ထာ ထဝီစင်သည် ထိုစိတ်ကူးကို အင်တိုက်အားတိုက် အသက်သွင်းလိုက်ပြီး ခရာတူးမြောင်းကို ထောက်ခံသူများ ကာလကြာမြင့်စွာ ဆင်ခြေပေးခဲ့သည့် အကြောင်းပြချက်များကို ပြန်လည် အသုံးပြုလာသည်။

ပထမအချက်မှာ ပို၍ ပို၍ ရေကြောင်းကျပ်လာသော မလက္ကာရေလက်ကြားကို ဖြတ်သန်းရန် မလိုခြင်းကြောင့် သင်္ဘောကုမ္ပဏီများသည် ခုတ်မောင်းချိန် ၃ ရက် သို့မဟုတ် ၄ ရက် လျှော့ချနိုင်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကို ၁၅ ရာခိုင်နှုန်းအထိ သက်သာစေမည် ဖြစ်သည်။

ဒုတိယအချက်မှာ မြေသားပေါင်းကူးစင်္ကြံ တည်ဆောက်ခြင်းဖြင့် စီးပွားရေးကို ဘတ် ၁ ဒသမ ၃ ထရီလီယံ (အမေရိကန် ဒေါ်လာ ၃၇၀ ဘီလီယံ) အထောက်အကူဖြစ်စေပြီး စီးပွားရေး တိုးတက်မှုနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်စေကာ အလုပ်သမား ၂၈၀,၀၀၀ အတွက် အလုပ်များပေးမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ မေလက အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရညွန့်ပေါင်းအစိုးရ ပါတီများအခြေအနေ မကောင်းခဲ့သည့် နိုင်ငံတောင်ပိုင်း၏ စီးပွားရေးကို အထူးသဖြင့် အကျိုးပြုမည်ဖြစ်သည်။

တတိယအချက်မှာ ထိုမြေသားပေါင်းကူး စင်္ကြံသည် ထိုင်းနိုင်ငံကို အရှေ့တောင်အာရှ၏ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်တွင် ဗဟိုချက်ဖြစ်သွားစေမည် ဖြစ်သည်။

မလက္ကာ ရေလက်ကြား ဖြတ်သန်းရသည့် ကုန်ကျစရိတ်

ခရာတူးမြောင်းကဲ့သို့ပင် ထိုမြေသားပေါင်းကူး စင်္ကြံကို ဝေဖန်သူများက ထိုစီမံကိန်း၏ စီးပွားရေး အကျိုးအမြတ် ရနိုင်ခြေကို မေးခွန်းထုတ်ကြသည်။ မလက္ကာရေလက်ကြားကို ဖြတ်သန်းရန် မလိုသောကြောင့် သင်္ဘောခုတ်မောင်းချိန် လျော့ကျကောင်း လျော့ကျနိုင်သော်လည်း တဖက်တွင် ကုန်များကိုချပြီး ပို့ဆောင်ကာ အခြားတဘက်တွင် အခြားသင်္ဘောများသို့ ကုန်ပြန်လည်တင်ပြီး ပို့ဆောင်ခြင်းသည် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းရသည့်အတိုင်း အချိန်ကုန်နိုင်ပြီး သယ်ယူပို့ဆောင်ရေး စရိတ်ကိုလည်း တိုးစေမည်ဖြစ်သည်ဟု ထိုစီမံကိန်းကို ဝေဖန်ဆန့်ကျင်သူများက ပြောသည်။

မစ္စတာ ဆက်ထာထဝီဆင်သည် မစ္စတာ သက်ဆင်၏ သမီး ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတောင်တန်ရှင်နဝပ်အစား ရာထူးယူထားပေးရသူဟု ထင်မှတ်ထားကြသည်

ထို့အပြင် ထိုမြေသား ပေါင်းကူးစင်္ကြံသည် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးများဖြစ်စေနိုင်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းကို ထိခိုက်စေသည်။ ပထဝီနိုင်ငံရေးအရ ဆိုပါက ထိုမြေသား ပေါင်းကူးစင်္ကြံကို ပိုင်ဆိုင်ခြင်းသည် ထိုင်းနိုင်ငံကို အမေရိကန်-တရုတ်အားပြိုင်မှု ဝဲဂယက်အတွင်း ရောက်သွားစေနိုင်သည်။ အထူးသဖြင့် ထိုတည်ဆောက်ရေးကို တရုတ်က ငွေကြေးစိုက်ထုတ်ပါက အခြေအနေ ပိုမိုဆိုးရွားနိုင်သည်။

မစ္စတာ ဆက်ထာ ထဝီစင်က သူသည် ထိုစီမံကိန်းကို မစွန့်လွှတ်ရန် ဆုံးဖြတ်ထားကြောင်း ပြောပြီး အချိန်ဇယားတခုကိုပင် အဆိုပြုသည်။ ဆောက်လုပ်ရေး ကုမ္ပဏီများသည် ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ကန်ထရိုက် ကမ်းလှမ်းပြီး ထိုနှစ် နှစ်ကုန်တွင် တည်ဆောက်ရေးစမည်၊ ၂၀၃၀ ခုနှစ်တွင် ပြီးစီးကာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ကုန်ကျမည်ဟု ဆိုသည်။

ထိုအချက်များကြောင့် အတားအဆီးမဖြစ်ဘဲ မစ္စတာ ဆက်ထာ ထဝီစင်က သူသည် ထိုစီမံကိန်းကို မစွန့်လွှတ်ရန် ဆုံးဖြတ်ထားကြောင်း ပြောပြီး အချိန်ဇယားတခုကိုပင် အဆိုပြုသည်။ ဆောက်လုပ်ရေး ကုမ္ပဏီများသည် ၂၀၂၅ ခုနှစ် နှစ်လယ်တွင် ကန်ထရိုက် ကမ်းလှမ်းပြီး ထိုနှစ် နှစ်ကုန်တွင် တည်ဆောက်ရေးစမည်၊ ၂၀၃၀ ခုနှစ်တွင် ပြီးစီးကာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ကုန်ကျမည်ဟု ဆိုသည်။

အမေရိကန် သို့မဟုတ် တရုတ်က ငွေပေးမည်လား

မစ္စတာ ဆက်ထာ ထဝီစင် မပြောလိုသည့်အချက်မှာ မြေသားပေါင်းကူးစင်္ကြံအတွက် မည်သူက ငွေပေးမည်နည်းဆိုသည့် အချက်ဖြစ်သည်။ ထိုအရွယ်အစားရှိသော စီမံကိန်းအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လိုမည်ဖြစ်သည်။ ဝန်ကြီးချုပ်သည် ထိုစိတ်ကူးကို အမေရိက၊ တရုတ်နှင့် ဂျပန်တွင် ပြောသည်။ လက်ရှိအချိန်အထိ တုံ့ပြန်မှုသည် ယဉ်ကျေးသော်လည်း မည်သည့်ထင်မြင်ချက်မှ မပေးကြပေ။

လိုအပ်သော ဆိပ်ကမ်းများ၊ လမ်းများနှင့် ရထားလမ်းများကို တည်ဆောက်ရန် တရုတ်ဆောက်လုပ်ရေး ကုမ္မဏီများ အလားအလာ ကောင်းသော်လည်း တရုတ်သည် ထိုစီမံကိန်းကို ၎င်း၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) အစိတ်အပိုင်းအဖြစ် သတ်မှတ်ဖွယ် မရှိပေ။

တရုတ်စီးပွားရေး တိုးတက်မှု နှေးကွေးနေချိန်တွင် တရုတ်ခေါင်းဆောင်များသည် ကြီးမားသော ပြည်ပ အခြေခံ အဆောက်အအုံ စီမံကိန်းများကို ငွေကြေးထောက်ပံ့ရန် လွန်စွာ ပိုမိုသတိထားကြမည်ဖြစ်ပြီး အထူးအဖြင့် ထိုကုန်းမြေ ပေါင်းကူစင်္ကြံကဲ့သို့သော စီးပွားရေးတန်ဖိုးအရ မေးခွန်းထုတ်စရာ ဖြစ်နေသည့် စီမံကိန်းများကို ပိုမို သတိထားမည် ဖြစ်သည်။

သိသာသည့်အချက်မှာ မည်သည့် ကမ္ဘာ့အဓိက သင်္ဘောကုမ္ပဏီမှ မစ္စတာ ဆက်ထာ ထဝီစင်၏ အဆိုပြုချက်ကို အပြေးအလွှား မထောက်ခံကြပေ။

ကမ္ဘာ့ ဒုတိယအလုပ်အများဆုံး ကုန်သေတ္တာဆိပ်ကမ်းနှင့် ထိုကုန်းမြေ ပေါင်းကူစင်္ကြံ ဆက်လုပ်ပါက ဆုံးရှုံးရမည့် ကိစ္စကို စင်ကာပူ လွန်စွာချိန်ဆသည့် လေသံဖြင့် တုံ့ပြန်ခဲ့သည်။ ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ပါလီမန်တွင် လွန်ခဲ့သောနှစ်က မေးသောအခါ ထိုစဉ်က သယ်ယူပို့ဆောင်ရေး ခေတ္တဝန်ကြီး မစ္စတာ ချီဟုန်တက်က ကုန်သေတ္တာများကို နှစ်ကြိမ် တင်ချလုပ်ရသည့် စရိတ်များ ကုန်ကျမည်ဟု ဖြေပြီး စင်ကာပူသည် နိုင်ငံ၏ ဆိပ်ကမ်းများတွင် လမ်းပန်းဆက်သွယ်ရေး၊ ထုတ်လုပ်မှုနှင့် စွမ်းရည် တိုးတက်အောင် လုပ်နေကြောင်း၊ တူအက်စ် ဆိပ်ကမ်းသစ် စီမံကိန်းကြီးကြောင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း ပြောသည်။ (မစ္စတာ ချီဟုန်တက်ကို ထိုစဉ်မှစတင်ပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီး ခန့်ခဲ့သည်။)

မစ္စတာ ဆက်ထာထဝီဆင်သည် မြေသားပေါင်းကူးစင်္ကြံကို ဆက်လုပ်ရန် ဆုံးဖြတ်ထားသော်လည်း သူ၏ နိုင်ငံရေးအနာဂတ် မရေရာသေးပေ။ လေ့လာစောင့်ကြည့်သူအများအပြားက သူသည် မစ္စတာ သက်ဆင်၏ သမီး ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတောင်တန်ရှင်နဝပ်အစား ရာထူးယူထားပေးရသူဟု ထင်မှတ်ထားကြသည်။

မစ္စတာ ဆက်ထာထဝီဆင်သည် မြေသားပေါင်းကူးစင်္ကြံကို ဆက်လုပ်ရန် ဆုံးဖြတ်ထားသော်လည်း သူ၏ နိုင်ငံရေးအနာဂတ် မရေရာသေးပေ။ လေ့လာစောင့်ကြည့်သူအများအပြားက သူသည် မစ္စတာ သက်ဆင်၏ သမီး ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေတောင်တန်ရှင်နဝပ်အစား ရာထူးယူထားပေးရသူဟု ထင်မှတ်ထားကြသည်။

မစ္စတာ ဆက်ထာ ထဝီစင်ကို နောက် နှစ်နှစ်ခန့်အတွင်း အစားထိုးလိုက်ပါက ထိုမြေသား ပေါင်းကူးစင်္ကြံသည် သူနှင့်အတူ နစ်မြုပ်သွားမည်ဖြစ်သည်။

ထိုသို့ဖြစ်လျှင်လည်း ခရာ သယ်ယူပို့ဆောင်ရေးစင်္ကြံ လိုလားသူများ နောင်တရရန် မလိုပေ။ သူမရှိတော့လျှင် သူ၏ အဆိုပြုချက်သည် ပုံစံတမျိုးမျိုးဖြင့် ထပ်မံထွက်ပေါ်လာမည်မှာ သေချာသလောက်ပင်။

(CNA ပါ Ian Storey ၏ Thailand’s Kra land bridge – a white elephant comes charging back ကို ဘာသာပြန်သည်။ အီယန် စတိုရေး သည် ISEAS-Yusof Ishak အင်စတီကျုမှ ဝါရင့်သုတေသီနှင့် Contemporary Southeast Asia ၏ အယ်ဒီတာ ဖြစ်သည်။)

You may also like these stories:

တပ်မတော် ဆေးရွက်ကြီးလုပ်ငန်းမှ ပြန်ရုပ်မည်ဟု စင်ကာပူစီးပွားရေးသမားပြော

တရုတ်ပိုးလမ်းမ၊ မြန်မာ့စီးပွားရေးနဲ့ စင်ကာပူ သံအမတ်ရဲ့ အမြင်

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

စင်ကာပူတွင် ငွေသားမှောင်ခိုမှုဖြင့် မြန်မာလက်နက်ပွဲစားကို ပြစ်ဒဏ်ချမှတ်

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

]]>
ထိုင်းကို ရောက်ရင် ဆောင်ရန်နဲ့ ရှောင်ရန်များ https://burma.irrawaddy.com/article/2023/03/18/331053.html Fri, 17 Mar 2023 20:53:39 +0000 https://burma.irrawaddy.com/lytbox/news/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%9b%e1%80%84%e1%80%ba-%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba.html ထိုင်းတွေဟာ နှုတ်ဆက်တဲ့အခါ “ဆဝါဒီခပ်” ဆိုတဲ့ နှုတ်ခွန်းဆက်သံနဲ့အတူ လက်အုပ်ချီ နှုတ်ဆက်လေ့ ရှိပါတယ်ထိုင်းနိုင်ငံသို့ သွားရောက်မလည်ပတ်မီ သို့မဟုတ် ပြည်ပမှထိုင်းမိတ်ဆွေများနှင့် မတွေ့ဆုံမီ သိထားသင့်သည့် ထုံးတမ်းစဉ်လာနှင့် ကျင့်ဝတ်များကို ဖော်ပြလိုက်သည်။]]> ထိုင်းတွေဟာ နှုတ်ဆက်တဲ့အခါ “ဆဝါဒီခပ်” ဆိုတဲ့ နှုတ်ခွန်းဆက်သံနဲ့အတူ လက်အုပ်ချီ နှုတ်ဆက်လေ့ ရှိပါတယ်

ထိုင်းယဉ်ကျေးမှုသည် ကမ္ဘာတွင် ယဉ်ကျေးခင်မင်မှုအရှိဆုံး ယဉ်ကျေးမှုအဖြစ် ထင်ရှားသော်လည်း အခြားမည်သည့် ယဉ်ကျေးမှုမဆိုကဲ့သို့ပင် ထိုင်းပြည်သူများအကြားနှင့် ၎င်းတို့၏နေအိမ်နှင့်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များအကြား တန်ဖိုးထားသည့် ကျင့်ဝတ်များရှိသည်။ ထိုင်းနိုင်ငံသို့ သွားရောက်မလည်ပတ်မီ သို့မဟုတ် ပြည်ပမှထိုင်းမိတ်ဆွေများနှင့် မတွေ့ဆုံမီ သိထားသင့်သည့် ထုံးတမ်းစဉ်လာနှင့် ကျင့်ဝတ်များကို ဖော်ပြလိုက်သည်။

ဆောင်ရန်များ

ဖိနပ်ချွတ်ပါ

ထိုင်းမှ နေအိမ်များ၊ ဘုရားကျောင်းကန်များနှင့် နန်းတော်များသို့ ဝင်ရောက်သောအခါ ပထမဆုံးလိုက်နာရမည့် ကျင့်ဝတ်မှာ ဖိနပ်ချွတ်ရန်ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် သင်၏ဖိနပ်တွင် ပါလာသော အညစ်အကြေးများမှ သင်သွားရောက်သည့် နေအိမ်များနှင့် ဘုရားကျောင်းများကို ကာကွယ်သည့် ယဉ်ကျေးသော အမူအရာဖြစ်သည်။ ထိုင်းနေအိမ်များ၊ ဘုရားကျောင်းကန်များသို့ မဝင်ရောက်မီ ဖိနပ်မချွတ်ပါက မလေးစားရာရောက်သည်။

ဖိနပ်ချွတ်ပါ

အချို့သော ကဖေးဆိုင်များနှင့် စားသောက်ဆိုင်များတွင်လည်း ဖိနပ်ချွတ်ရနိုင်သည်။ ထိုသို့ လုပ်ရခြင်းမှာ အချို့ဆိုင်ငယ်များကို နေအိမ်များတွင် ဖွင့်ထားသောကြောင့်ဖြစ်သည်။ ဖိနပ်ချွတ်သင့်၊ မချွတ်သင့် ခန့်မှန်းရန်အတွက် ဆိုင်နှင့်စားသောက်ဆိုင်များမှ အခြားသူများ ဖိနပ်ဝတ်ဆင်ထားခြင်း ရှိ၊ မရှိ ကြည့်ပြီး လိုအပ်သလို လုပ်ကိုင်ရမည်ဖြစ်သည်။

တံခါးဘောင်များကို မနင်းရ

တံခါးဘောင်များကို မနင်းရ

တံခါးပေါက်တခုမှ ဝင်ရောက်ပါက တံခါးဘောင်ကို တိုက်ရိုက်မနင်းဘဲ ကျော်ဝင်ရသည်မှာ အစဉ်အလာ ဖြစ်သည်။ အိမ်စောင့်နတ်သည် တံခါးဘောင်တွင် နေထိုင်ပြီး ထိုဘောင်ကို နင်းလိုက်ပါက အိမ်စောင့်နတ်ကို စိတ်ဆိုးစေသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။ ထိုအခါ အိမ်စောင့်နတ်သည် အိမ်တွင်နေထိုင်သူများကို လက်စားချေသည့်အနေဖြင့် ကံဆိုးစေသည်ဟု ယူဆကြသည်။

သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ပါ

သင့်တင့်လျောက်ပတ်စွာဝတ်ဆင်ပါ

ထိုင်းနိုင်ငံသည် လွန်စွာပွင့်လင်း လွတ်လပ်သော်လည်း ဘုရားကျောင်းကန် သို့မဟုတ် နန်းတော်သို့ ဝင်ရောက်သောအခါ သင့်တင့်လျောက်ပတ်သော အဝတ်အစားဝတ်ဆင်ခြင်းသည် ကျင့်ဝတ်ဖြစ်သည်။ ထိုသို့ဝတ်ဆင်ခြင်းသည် သံဃာတော်များနှင့် သမိုင်းဝင်အဆောက်အအုံများတွင် နေထိုင်သူများကို လေးစားကြောင်း ပြသခြင်းဖြစ်သည်။ နန်းတော် သို့မဟုတ် ဘုရားကျောင်းသို့ ဝင်ရောက်သောအခါ ဒူးနှင့် ပခုံးများကို ဖုံးကွယ်ထားသည့် အဝတ်များဝတ်ဆင်ရန် အနည်းဆုံးလိုအပ်သည်။ အမျိုးသားများသည် ဘောင်းဘီတိုဖြင့် အဆင်ပြေနိုင်သော်လည်း အမျိုးသမီးများအတွက် အကောင်းဆုံးမှာ စကတ်ရှည် သို့မဟုတ် ဘောင်းဘီရှည် ဝတ်ဆင်ခြင်းပင်ဖြစ်သည်။ လက်ပြတ်အင်္ကျီ အကျပ်များ၊ မလုံခြုံသော အားကစားဝတ်စုံများနှင့် မသင့်တော်သော ဒီဇိုင်းများပါသည့် တီရှပ်များကို မဝတ်ဆင်သင့်ပေ။

လက်အုပ်ချီ နှုတ်ဆက်လျှင် အမြဲပြန်လည်နှုတ်ဆက်ပါ

လက်အုပ်ချီ နုတ်ဆက်လျှင် ပြန်နှုတ်ဆက်ပါ

လက်အုပ်ချီ နှုတ်ဆက်ခြင်းသည် ထိုင်းအစဉ်အလာ နှုတ်ဆက်ခြင်းဖြစ်သည်။ ထိုသို့နှုတ်ဆက်ပြီးနောက် ဆဝါဒီ (Sawasdee) ဟူသော စကားကို နှုတ်ဆက်စကားအဖြစ် ပြောသည်။ ကမ္ဘာလှည့်ခရီးသည်များက ထိုင်းပြည်သူများကို စတင်နှုတ်ဆက်ရန် မလိုသော်လည်း ထိုင်းပြည်သူများက လက်အုပ်ချီ နှုတ်ဆက်လျှင် ပြန်လည်နှုတ်ဆက်ရမည်ဖြစ်သည်။ ရဟန်းတော်များက ပြန်လည်နှုတ်ဆက်ရန် မလိုအပ်ဘဲ သင့်ထက် ငယ်ရွယ်သူများကို လက်အုပ်ချီ နှုတ်ဆက်နည်းဖြင့်လည်း နှုတ်ဆက်ရန်မလိုပေ။

သံဃာတော်များကို လေးစားပါ၊ မထိရ

သံဃာတော်များကို လေးစားပါ

ထိုင်းတွင် ရဟန်းသံဃာများကို လွန်စွာလေးစားပြီး ထိုင်းနိုင်ငံသို့ လာရောက်သော ဧည့်သည်များကလည်း လေးစားရန် လိုသည်။ သံဃာတော်တပါးကို မထိတွေ့ရ။ အထူးသဖြင့် အမျိုးသမီးများက သံဃာတော်များကို မထိတွေ့ရ။ ထိုသို့မထိတွေ့ရခြင်းမှာ အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့် ထိမိပါက သံဃာတော်များ အာပတ်သင့်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားကျောင်းများမှ အချို့နေရာများတွင် အမျိုးသမီးများကို ခွင့်မပြုဘဲ အမျိုးသမီးများသည် သံဃာတော်များကို ထိတွေ့ခြင်း မပြုရပေ။ သံဃာတော်များနှင့် တွေ့ဆုံသောအခါ ဦးညွှတ် သို့မဟုတ် လက်အုပ်ချီ နှုတ်ဆက်နည်းဖြင့် နှုတ်ဆက်နိုင်သော်လည်း ၎င်းတို့ ကိုယ်ရေးကိုယ်တာ လွန်စွာဆန်သည့် မည်သည့် မေးခွန်းမျှ မမေးရပါ။ သံဃာတော်များကို လွန်စွာ လေးစားကြသောကြောင့် ထိုင်းပြည်သူများသည် သံဃာတော်များနှင့် သင့်တင့်လျောက်ပတ်စွာ ထိတွေ့ဆက်ဆံကြသည်။ ဥပမာအားဖြင့်ဆိုပါက ဘတ်စ်ကားပေါ်တွင် သံဃာတော်များကို ထိုင်ခုံဖယ်ပေးကြသည်။

ဓာတ်ပုံရိုက်လျှင် သတိထားပါ

ဓာတ်ပုံရိုက်လျှင် သတိထားပါ

ဘုရားကျောင်းများသို့ သွားသောအခါ ဘုရားကျောင်းများ၊ ဆင်းတုတော်များကို ဓာတ်ပုံရိုက်ရန် ထုံစံအားဖြင့် ခွင့်ပြုသည်။ သို့သော် ဝတ်ပြုနေသူများနှင့် အချို့သောဝတ်ပြုသည့်နေရာများကို ဂရုစိုက်ပါ။ ဓာတ်ပုံမရိုက်မီ ဘုရားကျောင်းပြင်ပ နှိုးဆော်စာ သင်ပုန်းမှ စည်းကမ်းများကို ကြည့်ခြင်း၊ ဒေသခံများကို မေးမြန်းခြင်း ပြုလုပ်ပါ။ ထို့အပြင် ဓာတ်ပုံရိုက်ခွင့်ရသောကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြရန် အလှူခံပုံးများတွင် ငွေလှူဒါန်းပါ။ ဧည့်သည်များ လှူဒါန်းသောငွေသည် ဘုရားကျောင်းကန်များ၊ နန်းတော်များ ပြုပြင် ထိန်းသိမ်းရာတွင် အထောက်အကူပြုသည်။

ပြုံးပါ

ထိုင်းနိုင်ငံသည် “အပြုံးများ၏ နိုင်ငံ” ဟု ကျော်ကြားသည်။ ထိုင်းကျင့်ဝတ်တွင် ပြုံးခြင်းက အရေးပါသည်မှာ အံ့သြစရာ မဟုတ်ပေ။ ထိုင်းနိုင်ငံသို့ရောက်သောအခါ ပျော်ရွှင်စွာ ပြုံးပါ၊ သင်ခရီးသွားစဉ် တွေ့ဆုံသည့် အခြားသူများက သင့်ကို ပြုံးပြသည်ကို ပြန်ပြုံးပြပါ။

ပြုံးပါ

ထိုင်းတွင် ပြုံးသောအခါ ပြုံးသူသည် ပျှော်ရွှင်နေသည်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိပေ။ အပြုံးသည် ထိုင်းတွင် အဓိပ္ပာယ် အမျိုးမျိုးဆောင်သည်။ ရှက်ခြင်း၊ စိတ်ရှုပ်သွားခြင်း၊ စိတ်ပူခြင်းနှင့် အခြားအဓိပ္ပာယ် အမျိုးမျိုးဆောင်နိုင်သည်။ ပျော်ရွှင်သောကြောင့် မဟုတ်သည့် အကြောင်းကြောင့် ပြုံးသူတဦးကို ပြန်ပြုံးပြခြင်းသည် ထိုသူ၏စိတ်ကို အပြောင်းအလဲဖြစ်စေရန် လိုအပ်သည့် အရာဖြစ်သည်။

ရှောင်ရန်များ

အခြားမည်သည့် ယဉ်ကျေးမှုမဆိုကဲ့သို့ပင် အိမ်ရှင်ထိုင်းများအပေါ် ယဉ်ကျေးလိုပါက ရှောင်ရမည့်အရာများ ရှိသည်။ ထိုင်းနိုင်ငံသို့မသွားမီ ပြင်ဆင်ရမည့် အမူအကျင့်အနည်းငယ်ကို ဖေါ်ပြလိုက်ပါသည်။

ထိပ်ပုတ်ခေါင်းပုတ် မလုပ်ပါနှင့်

ထိုင်းနိုင်ငံတွင် ဦးခေါင်းသည် မြင့်မြတ်သည်ဟု ယူဆသည်။ အသန့်ရှင်းဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းအဖြစ် ယူဆသောကြောင့် မည်သည့်အခါမျှ မထိကိုင်သင့်ပေ။ ကမ္ဘာတဝန်းမှ နိုင်ငံအများစုကဲ့သို့ပင် ထိုင်းနိုင်ငံတွင် သူစိမ်းတဦး၏ ဦးခေါင်းကို ထိကိုင်ခြင်းသည် ရိုင်းသည်ဟု သတ်မှတ်သည်။

ထိပ်ပုတ်ခေါင်းပုတ် မလုပ်ပါနှင့်

ရုပ်တုများ အထူးသဖြင့် ဗုဒ္ဓဆင်းတုတော်များ၏ ဦးခေါင်းကို ထိကိုင်ခြင်းသည် မရိုသေ မလေးစားရာရောက်သည်။ သို့သော် ရင်းနှီးသော မိတ်ဆွေများနှင့် မိသားစုဝင်များ တဦး၏ ဦးခေါင်း သို့မဟုတ် ဆံပင်ကို ထိကိုင်လေ့ရှိကြပြီး ထိုအခါ ရိုင်းသည်ဟု သတ်မှတ်ခြင်းမရှိပေ။ သူစိမ်းတဦး၏ဆံပင်၊ ဦးခေါင်းကို မေ့လျော့၍ဖြစ်စေ၊ မတော်တဆဖြစ်စေ ထိကိုင်မိပါက ယဉ်ကျေးစွာတောင်းပန်ပြီး ခွင့်လွှတ်ရန် ပြောပါ။ တစုံတဦး၏ ဦးခေါင်းပေါ်မှကျော်ပြီး လှမ်းယူစရာရှိလျှင် ခွင့်ပြုပါဟု ဦးစွာပြောပါ။

စားပွဲပေါ် ခြေထောက်မတင်ရ၊ မမြှောက်ထားရ

စားပွဲပေါ် ခြေထောက်မတင်ရ

ခြေထောက်သည် ခန္ဓာကိုယ်၏ အောက်ဆုံးအပိုင်းဖြစ်ပြီး သဘာဝအားဖြင့် ညစ်ပတ်တတ်သောကြောင့် ခြေထောက်ကို စားပွဲပေါ် သို့မဟုတ် အခြားမျက်နှာပြင် တခုခုအပေါ် တင်မထားသင့်ပေ။ ထိုင်းယဉ်ကျေးမှုတွင် ခြေထောက်သည် အရေးမကြီးဆုံး၊ မသန့်ရှင်းဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်သည်။ ဘုရားကျောင်းတခုတွင် ခြေထောက်ကို ရှေ့သို့ ဆန့်တန်းမထားရ။ အထူးသဖြင့် သင်၏ခြေထောက်သည် သံဃာတော်တပါး သို့မဟုတ် ဗုဒ္ဓဆင်းတုတော်ဘက်သို့ ဦးတည်နေလျှင် ခြေဆင်းမထားရ။ စာအုပ်များနှင့် အစားအသောက်များကဲ့သို့သော အခြားအရာများကို ထိုင်းယဉ်ကျေးမှုတွင် မြင့်မားစွာတန်ဖိုးထားသည်။ ထို့ကြောင့် ကော်ဖီစားပွဲပေါ် ခြေထောက်မတင်ရ သို့မဟုတ် အစားအသောက်ဘက်သို့ ခြေထောက်မထားရ။ ထိုသို့လုပ်လျှင် လွန်စွာ အရုပ်ဆိုး အကျည်းတန်သည်။

အများပြည်သူကြားတွင် ပွေ့ရမ်းနမ်းရှုံ့ခြင်း မလုပ်ရ

ထိုင်းနိုင်ငံသည် ချစ်စရာကောင်းသည့် နိုင်ငံဖြစ်ပြီး မေတ္တာတရားကို ဖော်ပြသည့် အမူအယာ အများအပြားကို လက်ခံသော်လည်း အများပြည်သူရှေ့တွင် မေတ္တာတရားကို ဖော်ပြခြင်းနှင့် ပတ်သက်လျှင် ထိန်းချုပ်ကြသည်။ ထို့ကြောင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် အလွန်အကျွံ ချစ်ခင်စုံမက်သည့် အမူအယာများ မပြုလုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။

သန္တာကျောက်တန်း အပိုင်းအစ၊ ခရုများ မကောက်ရ

သန္တာကျောက်တန်း အပိုင်းအစများနှင့် ခရုများကို ၎င်းတို့၏ သဘာဝနေရာများမှ မကောက်ယူရန် လက်တွေ့ကျသည့် အကြောင်းရင်းများစွာ ရှိသည်။ ပထမအရေးအပါဆုံး အကြောင်းရင်းမှာ ထိုနေရာ၏ ဂေဟစနစ်ကို ထိခိုက်စေခြင်းဖြစ်သည်။ ထိုအရာများသည့် ထိုင်းနိုင်ငံမှ ကျော်ကြားလှသော ကမ်းခြေများကို သဘာဝအတိုင်း မပျက်ယွင်းအောင် ထိန်းသိမ်းထားပေးသော အရာများဖြစ်သည်။ ၎င်းတို့တွင် ဒေသခံ သက်ရှိမျိုးစိတ်များ နေထိုင်နေနိုင်သည်။

သန္တာကျောက်တန်း အပိုင်းအစ၊ ခရုများ မကောက်ရ

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ထိုင်းတွင် သန္တာကျောက်တန်း အရေအတွက် ကျဆင်းနေသည်။ ထို့ကြောင့် ထိုင်းနိုင်ငံသည် သန္တာကျောက်တန်းများကို ကာကွယ်ရန် အားထုတ်မှုများကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အရှိန်မြှင့် လုပ်ဆောင်နေသည်။ သန္တာကျောက်တန်း အပိုင်းအစများ၊ ခရုများကို ကောက်ယူပါက ဒဏ်ငွေဆောင်ရနိုင်သည်။ အဖမ်းခံရနိုင်သည်။

ထိုအကြောင်းကြောင့်ပင် အခြားသောပစ္စည်းများကို အမှတ်တရပစ္စည်းအဖြစ် ယူဆောင်လာရန် အကြံပြုသည်။ ဗုဒ္ဓဆင်းတုတော်များမှသည် ထိုင်းပိုးပုဝါများနှင့် အုန်းဆီကဲ့သို့သော ထိုင်းနိုင်ငံနှင့် သက်ဆိုင်သည့် အခြားအရာ ရွေးစရာအမှတ်တရပစ္စည်း အများအပြားရှိသည်။

လက်ညှိုးမထိုးရ

လက်ညှိုးမထိုးရ

အခြားယဉ်ကျေးမှု အများအပြားကဲ့သို့ပင် လက်ညှိုးထိုးခြင်းကို ထိုင်းနိုင်ငံတွင် ရိုင်းသည်ဟု သတ်မှတ်သည်။ လူတဦးကို ကိုယ်နေဟန်ဖြင့် ဖော်ပြလိုပါက ဦးခေါင်းကိုမော့ပြီး မေးဖြင့်ထိုးပြရမည်။ အရာဝတ္တုများ၊ တိရစ္ဆာန်များကို လက်ညှိုးထိုးပြခြင်းကို တခါတရံ လက်ခံကြသော်လည်း ထိုသို့လုပ်ရမည်ဆိုလျှင် လက်ညှိုးတချောင်းတည်း ထိုးခြင်းထက် လက်တခုလုံးဖြင့် ညွှန်ပြသည်က ပိုမို ကောင်းမွန်သည်။

အခြားခရီးသွားဒေသများကဲ့သို့ပင် ထိုင်းနိုင်ငံတွင် နိုင်ငံသို့လာရောက်သည့် ဧည့်သည်များထံမှ မျှော်လင့်ထားသည့် ယဉ်ကျေးသော အမူအယာများနှင့် ပတ်သက်သည့် ထုံးတမ်းစဉ်လာများ ရှိသည်။ ထိုယဉ်ကျေးမှုဓလေ့ထုံးစံများ အားလုံးကို သိမည်ဟု မျှော်လင့်မထားသော်လည်း ထိုင်းတွင်ရှိစဉ် ၎င်းတို့ကို လေ့လာသင်ယူကျင့်သုံးခြင်းသည် ယဉ်ကျေးသောအမူအရာအဖြစ် သေချာပေါက်ဖြစ်စေမည် ဖြစ်သည်။

(Thailand Insider မှ National Courtesy Month: Thai Cultural Do’s and Don’ts ကို ဘာသာပြန် ဖော်ပြသည်။)

You may also like these stories:

နိုင်ငံခြားသားတွေ လေးစား သဘောကျတဲ့ ထိုင်းရဲ့ ယဉ်ကျေးမှု

ကျမတို့ အမွေအနှစ်တွေက တဖြည်းဖြည်း လုံးပါးပါးမှာပဲ

နီပေါ – ထိုင်း ခရီးသွားလုပ်ငန်း ပိုမို တိုးတက်လာနိုင်ဖွယ်ရှိ

မယဉ်ကျေးသော တရုတ်ခရီးသွားများကြောင့် ဒေသခံများ စိတ်အနှောင့်အယှက်ဖြစ်

ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ သိသင့်တဲ့ အချက်များ

]]>
Semisolid ဘက်ထရီ အများအပြား ထုတ်လုပ်မည် https://burma.irrawaddy.com/news/2023/03/07/330837.html Mon, 06 Mar 2023 20:33:08 +0000 https://burma.irrawaddy.com/lytbox/news/semisolid-%e1%80%98%e1%80%80%e1%80%ba%e1%80%91%e1%80%9b%e1%80%ae-%e1%80%a1%e1%80%99%e1%80%bb%e1%80%ac%e1%80%b8%e1%80%a1%e1%80%95%e1%80%bc%e1%80%ac%e1%80%b8-%e1%80%91%e1%80%af%e1%80%90%e1%80%ba.html 24M Technologies မှ လိုင်စင်ယူထားသော ကုမ္ပဏီများသည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဝ ဒသမ ၂ ဂိုက်ဂါဝပ်နာရီ ရှိသည့် ဘက်ထရီများ ထုတ်လုပ်သည် / 24Mထိုဘက်ထရီများ ထုတ်လုပ်မှုသည် လျှပ်စစ်မော်တော်ယာဉ် (EV) များ ခေတ်စားလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။]]> 24M Technologies မှ လိုင်စင်ယူထားသော ကုမ္ပဏီများသည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဝ ဒသမ ၂ ဂိုက်ဂါဝပ်နာရီ ရှိသည့် ဘက်ထရီများ ထုတ်လုပ်သည် / 24M

လုံခြုံမှု၊ သက်တမ်းရှည်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု နည်းသည်ဟု ကျော်ကြားသည့် ဘက်ထရီ အသစ်တမျိုးဖြစ်သော Semisolid ဘက်ထရီများကို အများအပြား စတင် ထုတ်လုပ်တော့မည်ဖြစ်ပြီး ထိုလုပ်ငန်းတွင် ဂျပန်ကုမ္ပဏီများ ဦးဆောင်နေသည်။

Kyocera သည် Semisolid ဘက်ထရီများကို အများအပြား စတင်ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် ၂၀၂၁ ခုနှစ်တွင် စတင်ရပ်တည်သည်။ ကျိုတိုအခြေစိုက် ထိုကုမ္ပဏီသည် တနာရီ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းရှိသည်။ ထိုပမာဏသည် လူနေအိမ် ၂၀,၀၀၀ ၏ စွမ်းအင်သိုလှောင်မှုနှင့် ညီမျှသည်။ ယခုအခါ ထိုစွမ်းရည်၏ ထက်ဝက်အထိ ထုတ်လုပ်နေပြီဖြစ်သည်။

“ထုတ်လုပ်ရာမှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု ၄၀ ရာခိုင်နှုန်း ပိုနည်းတယ်၊ သမားရိုးကျ ဘက်ထရီတွေထက်လည်း သက်တမ်း ပိုမိုခံတယ်” ဟု Kyocera စွမ်းအင်လုပ်ငန်းမှ ဟီဒဲမီချီ တိုနာရီက ပြောသည်။

ထိုဘက်ထရီများ၏ စွမ်းရည်သည် ၁ ကီလိုဂရမ်တွင် ၁၄၀ ဝပ်နာရီ သို့မဟုတ် လီသီယမ်-အီယွန်း ဘက်ထရီများ၏ ၆၀ ရာခိုင်နှုန်းသာ ရှိသည်။ သို့သော် Semisolid ဘက်ထရီများသည် လုံခြုံရေး အာမခံချက် ပေးနိုင်သောကြောင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

Kyocera သည် ၂၀၂၅ ခုနှစ်တွင် ပိုမိုစွမ်းအားမြင့်မားသည့် ဘက်ထရီသစ်တမျိုး ထုတ်လုပ်ရန်လည်း စဉ်းစားနေသည်။

ထိုဘက်ထရီများ ထုတ်လုပ်မှုသည် လျှပ်စစ်မော်တော်ယာဉ် (EV) များ ခေတ်စားလာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အီလက်ထရိုလိုက် အရည်များအသုံးပြုသည့် လီသီယမ်-အီယွန်း ဘက်ထရီများသည် အကြိမ်ကြိမ် အသုံးပြုပြီးသောအခါ အရည်အသွေးကျဆင်းသည်။ ဘက်ထရီကို စနစ်တကျ အအေးမခံပါ မီးလောင်သည့် အန္တရာယ်လည်းရှိသည်။

လုံးဝ အခဲအခြေအနေ All-solid-state ဘက်ထရီများသည် လီသီယမ်-အီယွန်း ဘက်ထရီများကို အစားထိုးရန် အကောင်းဆုံးဖြစ်သည်ဟု ယူဆကြပြီး ၎င်းတို့သည် စွမ်းအင်များကို ပိုမိုသိုလှောင်နိုင်ကာ ပြန်လည် အားသွင်းရာတွင် ပိုမို မြန်ဆန်သည်။

သို့သော် All-solid-state ဘက်ထရီများကို ထုတ်လုပ်မည့်နည်းပညာ မရှိသေးပေ။

ဂျယ်လီ၊ ရွှံ့နှင့် သစ်စေးပုံစံ အီလက်ထရိုလိုက်များဖြစ်သည့် Semisolid တစိတ်တပိုင်း အခဲအခြေအနေ ဘက်ထရီများသည် အစားထိုးအသုံးပြုနိုင်သည့် အခြားရွေးစရာများ ဖြစ်လာသည်။ Semisolid ကြားခံပစ္စည်းများသည် ဘက်ထရီ အပူတက်လာချိန်တွင်ပင် မီးလောင်နိုင်ခြေ နည်းသည်။

လီသီယမ်-အီယွန်း ဘက်ထရီ ထုတ်လုပ်မှုအချို့ကို Semisolid ဘက်ထရီ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ အချို့လုပ်ငန်းစဉ်များကို ထုတ်ပယ်နိုင်သောကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှု လျှော့ချနိုင်သည်။

Kyocera သည် အမေရိကန် ဘက်ထရီလုပ်ငန်း 24M Technologies ၏ နည်းပညာကို အသုံးပြုသည်။ 24M Technologies မှ လိုင်စင်ယူထားသော ကုမ္ပဏီများသည် ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် တနာရီ ဝ ဒသမ ၂ ဂစ်ဂါဝပ် ရှိသည့် ဘက်ထရီများ ထုတ်လုပ်သည်။ ထိုထုတ်လုပ်မှုသည် ၂၀၂၆ ခုနှစ်တွင် တနာရီ ၈၀ ဒသမ ၅ ဂစ်ဂါဝပ်အထိ တိုးလာမည်ဖြစ်သည်။

သဘာဝ ပတ်ဝန်းကျင်နှင့် ကိုက်ညီသော ဘက်ထရီများကို ဝယ်လိုအားမြင့်မားလာခြင်းက Semisolid ဘက်ထရီများ အမြောက်အမြား ထုတ်လုပ်ခြင်းကို တွန်းအားပေးသည့် အချက်တခု ဖြစ်လာသည်။

ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှုနှင့် စွန့်ပစ်မှုမှ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှုကို ထုတ်ဖော်ကြေညာရန် လိုအပ်ချက်ကို ၂၀၂၄ ခုနှစ်တွင် ဥရောပသမဂ္ဂက စတင်ကျင့်သုံးမည် ဖြစ်သည်။ ၂၀၂၇ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုများသည့် ဘက်ထရီများကို ဈေးကွက်တွင် လုံးဝ ပိတ်ပင်မည်ဖြစ်သည်။

တနည်းအားဖြင့်ဆိုပါက ကာဗွန်ထုတ်လုပ်မှု မြင့်မားသလို စွမ်းရည်လည်း မြင့်မားသည့် ဘက်ထရီများ ဝယ်လိုအား လျော့ကျလာမည်ဖြစ်သည်။ ဂျပန်နှင့် အမေရိကန် ပြည်ထောင်စုတို့ကလည်း အလားတူ ဦးတည်ရာသို့ သွားနေကြသည်။

ဂျပန်မှ လုပ်ငန်းသစ်တခုဖြစ်သော Battery Innovation Hub (BIH) သည် လီသီယမ်-အီယွန်း ဘက်ထရီထက် သက်တမ်း နှစ်ဆခံသည့် Semisolid ဘက်ထရီတမျိုး ထုတ်လုပ်ထားသည်။ ထိုဘက်ထရီတွင် အကြိမ်ကြိမ် အားသွင်းပြီးနောက် ဆက်လက်ခိုင်မာဆဲဖြစ်သည့် ဂျယ်လီကို အသုံးပြုသည်။ နောက်ဆက်တွဲ ကာဗွန်ထုတ်လုပ်မှုနှင့် ထုတ်လုပ်မှုမှ စွန့်ပစ်မှုအထိ ကုန်ကြမ်း ရယူ ကုန်ကျစရိတ်များမှာ ထက်ဝက်အထိ လျော့ကျသည်။

“ယိုစိမ့်မှုနဲ့ မီးလောင်နိုင်ခြေ နည်းပါးတယ်” ဟု BIH ဥက္ကဋ္ဌ ကီအီချီ ဟာဆဲဂါဝါက ပြောသည်။ ထိုကုမ္ပဏီသည် စမတ်ဖုန်း ဘက်ထရီများကို အောက်တိုဘာလတွင် စတင်ထုတ်လုပ်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လျှပ်စစ်မော်တော်ယာဉ်များနှင့် ဒရုန်းများအတွက် ဘက်ထရီများ ထုတ်လုပ်မည်ဖြစ်သည်။

စမတ် ကိရိယာများအတွက် အလွန်ပါးလွှာသည် အခဲအခြေတပိုင်း EnerCera ဘက်ထရီများကို ထုတ်လုပ်ရန် NGK Insulators က ကြွေထည်မြေထည် အီလက်ထရုတ်များကို အသုံးပြုသည်။ ထိုဘက်ထရီများကို အကြိမ် ၉,၀၀၀ အားသွင်းနိုင်သောကြောင့် သမားရိုးကျ လီသီယမ်-အီယွန်း ဘက်ထရီများထက် သုံးဆ ပိုမိုများပြားသည်။ NGK Insulators ၏ ဘက်ထရီများကို ယာမာနာရှီ ခရိုင်တွင် ထုတ်လုပ်မှု စတင်နေပြီဖြစ်သည်။

24M မှ လိုင်စင်ယူထားသည့် လူဇင်ဘတ်မှ Freyr Battery သည် နော်ဝေးနိုင်ငံမြောက်ပိုင်းတွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန်သည့် စက်ရုံတခုကို တည်ဆောက်နေသည်။ စမ်းသပ်ထုတ်လုပ်မှုကို မတ်လတွင် စတင်မည်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဖင်လန်တွင်လည်း စက်ရုံများ တည်ဆောက်ရန် အစီအစဉ်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တနှစ်လျှင် ၂၀၀ ဂိုက်ဂါဝပ်နာရီအထိ မြှင့်တင်ရန် စီစဉ်ထားသည်။

Semisolid ဘက်ထရီများအတွက် မျှော်လင့်ချက် ကြီးမားနေသော်လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရန် အခက်အခဲများ ရှိနေသည်။ သမားရိုးကျ လီသီယမ်-အီယွန်း ဘက်ထရီများနှင့် နှိုင်းယှဉ်ပါက Kyocera ထုတ်ကုန်များကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်ခြင်းသည် ဥပမာတခုဖြစ်သည်။

လျှပ်စစ်မော်တော်ယာဉ်များ အတွက်ကဲ့သို့သော စွမ်းအားမြင့်ဘက်ထရီများ ဝယ်လိုအား မြင့်မားလာရန်သာ ရှိသည်။ ကုမ္ပဏီများသည် စွမ်းအားမြင့် All-solid-state ဘက်ထရီများ ကျယ်ကျယ်ပြန့်ပြန့် မရနိုင်မီအတွင်း ၎င်းတို့၏ Semisolid နည်းပညာများကို ပိုမိုတိုးတက်အောင်လုပ်ပြီး ဖောက်သည်များကို ဆွဲဆောင်ရန် ကြိုးစားနေသည်။

ကိုးကား ။ ။ Nikkei Asia သတင်း ‘Semisolid’ batteries charged up for mass market

You may also like these stories:

ပြည်သူကို မီးမှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ကားအားသွင်းရုံများ ဆောက်ရန်ပြင်နေ

စစ်ကောင်စီက လျှပ်စစ်ရထားဆိုသော်လည်း အိမ်သုံးမီးပင် မှန်အောင် မပေးနိုင်

လျှပ်စစ်ရထားစီမံကိန်း မြန်မာနှင့် ဂျပန်ကုမ္ပဏီများဆွေးနွေး

လျှပ်စစ်ကား ထုတ်လုပ်ရေးမှာ တရုတ်နောက် အမေရိကန် ပြတ်ကျန်

]]>
တရုတ်၏ ကတိကဝတ်ကို စိန်ခေါ်နေသည့် အငြင်းပွားဖွယ် ကြေးနီစီမံကိန်း https://burma.irrawaddy.com/article/2023/01/11/257222.html Wed, 11 Jan 2023 05:26:37 +0000 https://burma.irrawaddy.com/lytbox/?p=257222 လက်ပံတောင်း ကြေးနီစီမံကိန်း ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြခဲ့စဉ်က  / Facebookအပေါ်ယံကြည့်လျှင် တရုတ်သည် စီမံကိန်းများကို နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ လုပ်ဆောင်နေကြောင်း အများကို မြင်စေလိုသည်။]]> လက်ပံတောင်း ကြေးနီစီမံကိန်း ဆန့်ကျင်ရေး ရန်ကုန်တွင် ဆန္ဒပြခဲ့စဉ်က  / Facebook

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းကို “အဆင့်အတန်းမြင့်မြင့် ပူးပေါင်း အကောင်အထည် ဖော်မည်” ဟူသော ကတိစကားနှင့် တရုတ်နိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသည် လက်ပံတောင်းဒေသရှိ အငြင်းပွားဖွယ် ကြေးနီစီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုတ် စီမံကိန်းများကြောင့် အခက်ကြုံတွေ့ရနေသည်။

အပေါ်ယံကြည့်လျှင် တရုတ်သည် စီမံကိန်းများကို နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ လုပ်ဆောင်နေကြောင်း အများကို မြင်စေလိုသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရုတ်စီမံကိန်းများနှင့် ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်သက်ရောက်မှုများကြောင့် တရုတ်၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများအား သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတကာ၏ စည်းမျဉ်းများနှင့် အကောင်းဆုံး အလေ့အထများကို လိုက်နာရေး လိုအပ်သည့်မူဝါဒနှင့် လမ်းညွှန်များကို ချမှတ်ရန် တရုတ်အစိုးရအား တပ်လှန့်ပေးလိုက်သည်။

တရုတ်အစိုးရသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အထူးအားဖြင့် ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းနှင့် ဆက်နွှယ်၍ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်ရန် ရည်ရွယ်ပြီး “ခေတ်သစ်၌ တရုတ်၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” အမည်ရှိ စက္ကူဖြူ မူဝါဒစာတမ်းတစောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာတမ်းတွင် တရုတ်သည် “အပြန်အလှန် လေးစားမှုရှိသော၊ ညီညွတ်မျှတမှုရှိသော၊ တရားမျှတမှုရှိသော၊ နှစ်ဖက်စလုံးအတွက် အနိုင်ရရှိမည့် ပူးပေါင်းဆောင်ရွက်မှုရှိသော နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်တခု ထူထောင်မည် ဖြစ်ပြီး ထာဝရ ငြိမ်းချမ်းမှု၊ ကမ္ဘာနှင့်အဝှမ်း လုံခြုံမှုနှင့် သာယာဝပြောမှုများ ခံစားရရှိမည့် ပွင်းလင်းသော၊ အားလုံးပါဝင်သည့် လှပ၊ သန့်ရှင်းသော ကမ္ဘာကြီးကို တည်ဆောက်မည်” ဟုဆိုပါသည်။

တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရပ်ဝန်းနှင့်လမ်းမ မူဘောင်အောက်ရှိ စီမံကိန်းများမှတဆင့် ထာဝရ ငြိမ်းချမ်းရေးနှင့် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုထားသော်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ဖြစ်ပျက်ခဲ့သည်များက စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ကျင်းပသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဒုတိယအကြိမ် ရပ်ဝန်းနှင့်လမ်းမ ဖိုရမ်၌ သမ္မတ ရှီက မိန့်ခွန်းပြောကြားရာတွင် “ကျွန်ုပ်တို့သည် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး အဆင့်မြင့်မြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် အဆင်မြင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးကို အတူတကွ မြှင့်တင်နိုင်မည်ဖြစ်သည်။”

အဆိုပါ ကြီးကျယ် မြင့်မြတ်သော စကားလုံးများကို အမှန်တကယ် အကောင်အထည်ဖော်နိုင်မည်လား။ တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများ အနေဖြင့် အဆိုပါ ကတိစကားများ တည်စေရန် ကြိုးစားအားထုတ်မှုများ ပြုလုပ်နေကြပါသလား။ ဤကဲ့သို့ မူဝါဒ အပြောင်းအလဲသည် ကြိုဆိုရမည့် အရာဖြစ်ပြီး ၎င်းကို ဖြည်းဖြည်းချင်း စတင် အကောင်အထည်ဖော်ရမည် ဆိုသည်မှာ ကျိုးကြောင်းဆီလျော်သော်လည်း ၎င်းတို့၏ မြန်မာနိုင်ငံတွင် လုပ်ကိုင်သည့် ပုံစံများကြောင့် အဆိုပါ ကတိစကားများနှင့် ပတ်သက်၍ မေးခွန်းထုတ်ဖွယ် ဖြစ်ခဲ့သည်။

တရုတ်ပြည်မှ ဆက်စပ်ပတ်သက်သူများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရပ်ဝန်းနှင့်လမ်းမ မူဘောင်အောက်ရှိ စီမံကိန်းများမှတဆင့် ထာဝရ ငြိမ်းချမ်းရေးနှင့် လူများ၏ ဘဝများစွာကို မြှင့်တင်ရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန် အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုထားသော်လည်း လက်ပံတောင်း ကြေးနီစီမံကိန်းတွင် ဖြစ်ပျက်ခဲ့သည်များက စိုးရိမ်ဖွယ်ရာပင် ဖြစ်သည်။

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ် ဝမ်ပေါင်ကုမ္ပဏီတို့၏ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း / Google Earth

မြန်မာနိုင်ငံတွင် တရုတ်က စစ်တပ်ကို အထောက်အပံ့ ပေးခြင်းအားဖြင့် ပဋိပက္ခတွင် မီးထိုးပေးနေခြင်းမှာ ၎င်းတို့၏ “ထာဝရ ငြိမ်းချမ်းရေး” ဆိုသော ကတိစကားနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။

ဒေသခံများအဆိုအရ စီမံကိန်း ဝန်ထမ်းများက အာဏာရှင် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု CDM တွင် ပါဝင်မှုကြောင့် အာဏာသိမ်းခါစတွင် ယာယီပိတ်ထားခဲ့သော်လည်း လုပ်ငန်းအချို့ လုံးဝ ရပ်နားထားခြင်း မဟုတ်ဘဲ လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ကောင်းမွန်သော အလေ့အထများကို လိုက်နာရန် တရုတ်စီးပွားရေး လုပ်ငန်းများစွာ၏ ပျက်ကွက်မှုသည် ၎င်းတို့၏ “အဆင်မြင့် ပူးပေါင်းဆောင်ရွက်ရေး” ဆိုသော ကတိစကားနှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။

ပဋိပက္ခကို မီးထိုးပေးနေသလား

လက်ပံတောင်း ကြေးနီစီမံကိန်းသည် ရပ်ဝန်းနှင့်လမ်းမ၏ မူဘောင်အောက်ရှိ စီမံကိန်းတခု ဖြစ်သည်ဟု တရုတ်ပြည်သူ့နေ့စဉ် သတင်းစာတွင် ဖော်ပြခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှု အများဆုံးဒေသဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကြေးနီစီမံကိန်းနေရာတွင် မကြာမီက ဖြစ်ခဲ့သော အကြမ်းဖက် ရက်စက်မှုများက စီပွားရေးလုပ်ငန်းများသည် လက်နက်ကိုင် ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း၊ မရည်ရွယ်ဘဲနှင့် သော်လည်းကောင်း မည်သို့ ပါဝင်ပတ်သက်နေသည်၊ ဖြစ်ပေါ်စေသည်ကို ထင်ဟပ်စေသည်။ တရုတ်၏ လက်နက်ထုတ်လုပ်သည့် NOEINCO ၏ အခွဲဖြစ်သော ဝမ်ပေါင်သတ္တုကုမ္ပဏီသည် စစ်ကိုင်းတိုင်းအတွင်းရှိ အငြင်းပွားဖွယ် လက်ပံတောင်း ကြေးနီစီမံကိန်းကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနှင့် ပူးပေါင်း၍ ၂၀၁၀ ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် စစ်တပ်နှင့် ဦးပိုင်ကုမ္ပဏီကို လက်ပံတောင်း ကြေးနီစီမံကိန်းမှ အမေရိကန် ဒေါ်လာ ၄၁၇ သန်း ဝင်ငွေရှာပေးခဲ့သည်ဟု ခန့်မှန်းရသည်။ ၎င်းသည် အခြား တရုတ် သတ္တုစီမံကိန်းများ ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းနှင့် တကောင်းတောင် သတ္တုတွင်းတို့မှ ရရှိသော ဝင်ငွေများပါ ပေါင်းပါက စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၂၅ သန်း ပမာဏရှိသည်။ စစ်တပ်သည် လက်နက်များဝယ်ယူ၍ ၎င်းတို့၏ အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် မြန်မာပြည်သူများကို စစ်ထိုးလျက်ရှိရာတွင် အဆိုပါ ဝင်ငွေသည် များစွာအထောက်အပံ့ ဖြစ်သည်။

ထို့အတွက်ကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်နေကြသည့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စစ်တပ်၏ ဝင်ငွေရလမ်းကို ဖြတ်တောက်ကြရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၁၆ ဖွဲ့က ဝမ်ပေါင်ကုမ္ပဏီ၊ စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းကို လုပ်ဆောင်နေသည့် ယန်စီကုမ္ပဏီ တို့ကို ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့ နောက်ဆုံးထား၍ လုပ်ငန်းများရုတ်သိမ်းရန် တောင်းဆိုခဲ့သည်။

အဆိုပါ သတိပေးချက်ကို တုံ့ပြန်သည့် ဝမ်ပေါင်ကုမ္ပဏီနှင့် ယန်စီကုမ္ပဏီတို့၏ ၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်နေ့ ပူးတွဲထုတ်ပြန်ချက်တွင် “ကျွန်ုပ်တို့၏ စီမံကိန်းများနှင့် ပတ်သက်၍ မကြာသေးမီက ကောလာဟလများ၊ အထင်အမြင်လွဲမှားမှုများနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်” ဟု ဖော်ပြပါရှိသည်။ ဖေဖော်ဝါရီလ ၂၀၁၂ ခုနှစ်မှစ၍ သတ္တုတွင်းကိုလည်း ပိတ်ထားသည်ဟု ဆိုသည်။

အမှန်မှာ ဝမ်ပေါင်သည် နိုင်ငံတကာ ကောင်းမွန်သည့် အလေ့အထများကို လိုက်နာမည်ဆိုလျှင် ကော်ပိုရေးရှင်းကြီးများ၏ လူမှုရေးတာဝန်ယူမှု အစီအစဉ်များ (CSR) သည် ဒေသခံ ရပ်ရွာလူထုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေရေး ၎င်းတို့၏ တာဝန်ကို ကျေပွန်ပြီးမှသာလျှင် ထပ်ဆောင်း လုပ်ဆောင်သည့် အရာတခုဖြစ်သင့်သည်။

သို့ရာတွင် ဒေသခံများအဆိုအရ စီမံကိန်း ဝန်ထမ်းများက အာဏာရှင် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု CDM တွင် ပါဝင်မှုကြောင့် အာဏာသိမ်းခါစတွင် ယာယီပိတ်ထားခဲ့သော်လည်း လုပ်ငန်းအချို့ လုံးဝ ရပ်နားထားခြင်း မဟုတ်ဘဲ လည်ပတ်နေဆဲဖြစ်ကြောင်း သိရသည်။ “အပြည့်အဝ မလည်နိုင်ဘူး။ အကြွင်းအကျန်လေးတွေနဲ့ လည်နေတာပေါ့။ စက်ရုံကလည်း ရပ်လို့ မရဘူး။ ရပ်ရင် ပျက်မှာလေ။ အဲဒါကြောင့် တချို့အပိုင်းလေးတွေ လည်ပတ်နေတာတော့ရှိတယ်” ဟု ကြေးနီစီမံကိန်းမှ CDM ဝန်ထမ်းကို ကိုကား၍ Myanmar Now တွင် ဖော်ပြခဲ့သည်။

ဝေဖန်သူများက ဝမ်ပေါင်၏ တုံ့ပြန်ချက်သည် ကိုးရိုးကားရားနိုင်လှပြီး ရိုးသားမှုမရှိဘဲ ခုခံပြောဆိုနေခြင်း ဖြစ်သည်ဟု ထောက်ပြကြသည်။ ၎င်းတို့အနေဖြင့် စစ်တပ်ကို ထောက်ပံ့ပေးနေမှု၊ စစ်တပ်နှင့် စီးပွားရေး ဆက်နွှယ်မှုတို့အပေါ် ဒေသခံများ၏ စိုးရိမ်မှုကို တုံ့ပြန်ရန် ကြိုးစားအားထုတ်ရမည့်အစား အဆိုပါ စိုးရိမ်မှုများကို အရေးမပါသကဲ့သို့ လျစ်လျူရှုပယ်ချခဲ့သည်။

လွတ်လပ်သော အာရှအသံ (RFA) မှ ဒေသခံများနှင့် မေးမြန်းချက်အရ အာဏာသိမ်းပြီးချိန်မှစ၍ ဝမ်ပေါင်သည် စစ်တပ်၏ တပ်ဖွဲ့တချို့ကို ၎င်းတို့ ကုမ္ပဏီဝင်းထဲတွင် တပ်စွဲထားစေပြီး ရိက္ခာထောက်ပံ့မှုများ ရှိသည်။ စစ်တပ်မှ ဖွဲ့စည်းပေးထားသော လက်နက်ကိုင် ပြည်သူ့စစ် ပျူစောထီးအဖွဲ့ကို အဆိုပါဝင်းထဲ၌ပင် သင်တန်းပေးသည်ဟု ဆိုသည်။ ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အတွင်း လက်ပံတောင်း စီမံကိန်းဒေသတဝိုက်ရှိ ရွာပေါင်း ၄၀ ကို ဝင်ရောက်စီနင်းခဲ့သောကြောင့် ရွာသား ၂၀,၀၀၀ ခန့် ထွက်ပြေးနေခဲ့ရသည်။ အိမ်များစွာလည်း မီးရှို့ခံခဲ့ရသည်။

ရွာသား ကိုးယောက် ရက်ရက်စက်စက် အသတ်ခံခဲ့ရပြီး အချို့မှာ ပျောက်ဆုံးနေသည်။ အဆိုပါ အကြမ်းဖက် နှိပ်စက်မှုများကြောင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ဇွန်လ ၂၂ ရက်တွင် ကြေးနီဝင်းထဲ၌ စခန်းချထားသည့် စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၂၄ ရက်တွင် ဝမ်ပေါင်ကို အဓိက မီးပေးနေသည့် ဓာတ်အားလိုင်းကို ဖောက်ခွဲခဲ့သည်။ ဇွန်လ ၂၇ ရက်နေ့တွင် ဝမ်ပေါင်က တိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်းနှင့် ပဋိပက္ခတွင် သူတို့ပါဝင်လိုခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ၎င်းတို့ဝင်းထဲတွင် နေရာပေး၊ အထောက်အပံ့ ပေးထားသော စစ်တပ်သည် ဒေသခံများကို တိုက်ခိုက်လျက်ရှိသောကြောင့် ၎င်းတို့သည် စစ်တပ်၏ အကြမ်းဖက် ရက်စက်မှုများတွင် ပါဝင်ပတ်သက်နေသည်။ ထောက်ပံ့နေခြင်း ဖြစ်သည်။

ပဋိပက္ခတွင် တရုတ်တို့သည် ဒေသတွင်းသာမက နိုင်ငံအဆင့်တွင်ပါ ပါဝင်သည်။ တရုတ်သည် မြန်မာနိုင်ငံကို စစ်လက်နက်တင်ပို့သည့် အဓိကနိုင်ငံတခုဖြစ်သည်။ ဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သော တရုတ်အစိုးရပိုင် NOEINCO သည် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ အကြီးအကျယ် ထောက်ပံ့နေကြသူများတွင် အပါအဝင်ဖြစ်သည်။ ၎င်းစစ်လက်နက်များဖြင့် စစ်တပ်သည် တကျော့ပြန် အာဏာမသိမ်းမီကပင် တိုင်းရင်းသားဒေသများတွင် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် မှုခင်းများကို ကျူးလွန်နေခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သူများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် လက်နက်မဲ့ပြည်သူများကို သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

ထို့အပြင် တိုင်းရင်းသားဒေသများတွင် တရုတ်၏ တရားမဝင် စီးပွားရေးလုပ်ငန်းများက စစ်တပ် ကျောထောက်နောက်ခံ ပြုထားသော ပြည်သူ့စစ်များနှင့် ပူးပေါင်း၍ သဘာဝ သယံဇာတ တူးဖော် အမြတ်ထုတ်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝများအပေါ် ဆိုးကျိုး သက်ရောက်စေသည်သာမက စစ်တပ်နှင့် ပြည်သူ့စစ်ကို ဝင်ငွေရှာပေးနေခြင်း ဖြစ်သောကြောင့် ပဋိပက္ခကို မီးထိုးပေးရာရောက်သည်။

စစ်တပ်နှင့် ပူးပေါင်းကြံစည်ခြင်းလား

လူ့အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် HRDD ကဲ့သို့သော နိုင်ငံတကာ၏ အကောင်းဆုံး အလေ့အထများကို လိုက်နာရန် ပျက်ကွက်သည့်အပြင် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုတွင် ပါဝင်ပတ်သက်နေခြင်းသည် တရုတ်၏ “အဆင့်မြင့် ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသော ကတိစကားနှင့် မူဝါဒတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လက်ပံတောင်း စီမံကိန်းသည် နိုင်ငံတကာစံနှုန်းများကို လိုက်နာမည်ဆိုလျှင် သူတို့အနေဖြင့် ထိခိုက်ခံစားရသည့် ဒေသခံများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ ကျွမ်းကျင်သူများနှင့် အဓိပ္ပာယ်ရှိစွာ ဆွေးနွေးခြင်းဖြင့် HRDD ကို ပြုလုပ်သင့်သည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် မြင်တွေ့ရသည့် ဆန္ဒပြသူများ / ဧရာဝတီ

မိမိတို့၏ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး ပါတနာများကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း လူ့အခွင့်အရေးအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်မှုများကို ရှာဖွေဖော်ထုတ်ရန်၊ ဟန့်တားလျှော့ချနိုင်ရန် HRDD ပြုလုပ်ဖို့ လိုအပ်ပါသည်။ ၎င်းတို့အနေဖြင့် ဖြစ်နိုင်ခြေရှိသည့် ဆိုးရွားသော လူ့အခွင့်အရေး သက်ရောက်နိုင်ခြေရှိသည်များကို ရှောင်ရှားရန်နှင့် လျှော့ချရန် မည်ကဲ့သို့ စီမံခန့်ခွဲနေသည်၊ ချိုးဖောက်မှုများရှိလျှင် မည်ကဲ့သို့သော ကုစားမှုများ လုပ်ဆောင်နေသည်ကို ဒေသခံပြည်သူများနှင့် အခြား ဆက်စပ်ပတ်သက်သူများကို ချပြရန်လိုအပ်ပါသည်။

HRDD စံနှုန်းများကို ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွှန်မူဘောင်များ UNGPs တွင် ချမှတ်ထားပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) ၏ ပဋိပက္ခ သက်ရောက်သော အန္တရာယ်ရှိသည့် ဒေသများရှိ သတ္တုများကို တာဝန်ယူမှုရှိစွာ ရောင်းဝယ်ရေးဆိုင်ရာ၊ အလေးထား လုပ်ဆောင်ရမည့် လမ်းညွှန်တွင်လည်း ဖော်ပြထားပါသည်။ တရုတ်၏ သတ္တုများကို တာဝန်ယူမှုရှိစွာ ရောင်းဝယ်ရေးဆိုင်ရာ အလေးထားလုပ်ဆောင်ရမည့် Due Diligence လမ်းညွှန်များသည် UNGP နှင့် OECD ၏ အလေးထား လုပ်ဆောင်ရမည့် လမ်းညွှန်များကို အခြေခံထားပါသည်။ မြန်မာနိုင်ငံကဲ့သို့သော လူ့အခွင့်အရေးအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်သော အခြေအနေများတွင် HRDD ကို အရှိန်မြှင့် လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းကြသော်လည်း ဝမ်ပေါင်နှင့် အခြား တရုတ်ကုမ္ပဏီများ အနေဖြင့် ထိုကဲ့သို့ လုပ်ဆောင်နေကြောင်း အရိပ်အယောင် မတွေ့ရပေ။

HRDD လုပ်ရမည့်အစား ဝမ်ပေါင်၏ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ ၎င်းတို့သည် အလုပ်သမားများနှင့် ရပ်ရွာ ကောင်းကျိုးအတွက် မည်သို့အထောက်အပံ့များ ပေးနေသည်ကို ဖော်ပြထားသည်။ ၎င်းတို့၏ ရပ်ရွာလူထု လူမှုတိုးတက်ရေး စီမံကိန်း CSD သည် ကျန်းမာရေး၊ ပညာရေးနှင့် သက်သာချောင်ချိရေး အစီအစဉ်များမှတဆင့် ရပ်ရွာလူထုအနေဖြင့် မည်သို့အကျိုးခံစားရသည်ကို အသေးစိတ် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာတွင် ရဲက မီးခိုးဗုံးများဖြင့် ပစ်ခတ်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများ ဒဏ်ရာ ရရှိခဲ့ကြပြီးနောက်၂၀၁၂ ဒီဇင်ဘာတွင် ဖွဲ့စည်းခဲ့သော လက်ပံတောင်းစုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်ဖြင့် ဝမ်ပေါင်သည် CSD စီမံကိန်းများကို လုပ်ဆောင်နေခဲ့ကြခြင်း ဖြစ်သည်။

စီမံကိန်းစတင်စဉ်ကပင် မြေယာပြဿနာများ၊ လျော်ကြေးပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့် ပြဿနာများနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးထိခိုက်ရခြင်း အစရှိသည်တို့ကြောင့် ဒေသခံများ စဉ်ဆက်မပြတ် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၄ ဒီဇင်ဘာတွင် ဆန္ဒပြမှု ဖြိုခွင်းခံရသောကြောင့် ရွာသူတယောက် သေနတ်မှန် သေဆုံးခဲ့ရပြီး အခြားသူအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မကြာသေးမီ အချိန်အထိ မကျေလည်မှုများ အားလုံး မဖြေရှင်းနိုင်သေးဘဲ မြေယာပြဿနာနှင့် လျော်ကြေးကိစ္စများ ကျန်ရှိနေသေးသည်။ စီမံကိန်း စတင်စဉ်က သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လိုက်နာမှုမရှိခဲ့ခြင်းသည် လူမှုဘဝ အခက်အခဲ မကျေလည်မှုများနှင့် ကြုံတွေ့ရသည့် အကြောင်းခံဖြစ်သည်။

အမှန်မှာ ဝမ်ပေါင်သည် နိုင်ငံတကာ ကောင်းမွန်သည့် အလေ့အထများကို လိုက်နာမည်ဆိုလျှင် ကော်ပိုရေးရှင်းကြီးများ၏ လူမှုရေးတာဝန်ယူမှု အစီအစဉ်များ (CSR) သည် ဒေသခံ ရပ်ရွာလူထုနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု မရှိစေရေး ၎င်းတို့၏ တာဝန်ကို ကျေပွန်ပြီးမှသာလျှင် ထပ်ဆောင်း လုပ်ဆောင်သည့် အရာတခုဖြစ်သင့်သည်။

စီမံကိန်းစတင်စဉ်က သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း (EIA, SIA) နှင့် လူ့အခွင့်အရေး သက်ရောက်မှုအပေါ် ဆန်းစစ်ခြင်း (HRIA) အစရှိသော လိုအပ်သည့် ဆန်းစစ်မှုများ ပြုလုပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး၊ နေရာချထားရေး စီမံကိန်းများ၊ အသက်မွေးဝမ်းကြောင်း ပြန်လည် ထူထောင်ရေးဆိုင်ရာ စီမံကိန်းများ၊ မကျေလည်မှု တိုင်တန်းသည့် ယန္တယားများ အစရှိသော စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းများ ချမှတ်မည်ဆိုပါက မကျေလည်မှုများ၊ ပြဿနာများ မဖြစ်ပေါ်လာအောင် တားဆီးနိုင်မည် ဖြစ်သည်။ ဖြစ်ပေါ်လာပါကလည်း ထိထိရောက်ရောက် ဖြေရှင်းနိုင်မည်ဖြစ်သည်။ လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်ဖြင့် ဝမ်ပေါင်သည် နောက်ပိုင်း၌ EIA ကို ပြုလုပ်ခဲ့သော်လည်း အစပိုင်းက မပြုလုပ်ခဲ့ခြင်းကြောင့် မကျေလည်မှုများ ကြီးထွားလာခဲ့ရသည်။

ဝေဖန်သူများက တရုတ်၏ စီးပွားရေး လုပ်ပုံကိုင်ပုံသည် “ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော အကျင့်ပျက်ခြစားသည့်၊ အာဏာရှင် အစိုးရများနှင့် စပ်ဆက်နေသည့် ဒေသခံကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်ခြင်း ဖြစ်သည်” ဟု ထောက်ပြကြသည်။

လက်ပံတောင်းစီမံကိန်းမှ ဝမ်ပေါင် ရရှိခဲ့သည့် သင်ခန်းစာသည် ရေရှည်တည်တံ့မှုမရှိဘဲ စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ တရုတ်သည် ၁၉၉၀ ပြည့်နှစ်များဆီက စစ်တပ်အုပ်ချုပ်သည့် ခေတ်ကာလများ၏ လုပ်ပုံကိုင်ပုံအတိုင်း ပြန်သွားရန် ဦးတည်နေဟန်ရှိသည်။ သို့ရာတွင် ယနေ့ခေတ်သည် ၁၉၉၀ ပြည့်နှစ်များနှင့် မတူဘဲ လက်နက်ကိုင် တော်လှန်ရေး အားကောင်းနေသည့် အချိန်ဖြစ်သည်။

ဝမ်ပေါင်၏ ထုတ်ပြန်ချက်တွင် များစွာသော ရပ်ရွာလူထုသည် ၎င်းတို့၏ CSR အစီအစဉ်မှ အကျိုးအမြတ် ရရှိနေသည်ဟု ဆိုသော်လည်း ဤသည်မှာ စစ်တပ်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပူးပေါင်းပါဝင်ခြင်းအတွက် ဆင်ခြေပေးရန် မဟုတ်ပါ။ နောက်ဆုံးရ RFA သတင်းများအရ လက်ပံတောင်းဒေသရှိ ဖောင်းခါး၊ ရွှေလှဲနှင့် ကျောက်ဖြူဒိုင် အပါအဝင် ကျေးရွာ ၂၃ ရွာကို လျှပ်စစ်မီးပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၆ သိန်းနီးပါး အကုန်အကျခံ စီစဉ်ဆောင်ရွက်ထားကြောင်း မြန်မာ-ဝမ်ပေါင် ကြေးနီစီမံကိန်းကုမ္ပဏီက ထုတ်ပြန်ထားသည်ဟု ဆိုသည်။

သို့ရာတွင် ဝမ်ပေါင်ကုမ္ပဏီကို လုံခြုံရေးယူပေးထားသည့် စစ်ကောင်စီတပ်များက စီမံကိန်းအနီးအနားရှိ ရွာများအတွင်း ဒီဇင်ဘာ ၂၁ ရက်နေ့က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာပေါင်း ကိုးရွာမှ ဒေသခံ ၆,၀၀၀ ကျော် ထွက်ပြေးနေရသည်။ ဤသည်မှာ ဝမ်ပေါင်သည် CSR ဖြင့် စစ်တပ်၏ အကြမ်းဖက် နှိပ်စက်မှုများတွင် ပါဝင်နေမှုကို ဖုံးကွယ်ရန် ကြိုးစားနေသည့် လုပ်ရပ်တခုဖြစ်သည်ကို တွေ့ရှိရသည်။

လက်ပံတောင်းစီမံကိန်းမှ ဝမ်ပေါင် ရရှိခဲ့သည့် သင်ခန်းစာသည် ရေရှည်တည်တံ့မှုမရှိဘဲ စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ တရုတ်သည် ၁၉၉၀ ပြည့်နှစ်များဆီက စစ်တပ်အုပ်ချုပ်သည့် ခေတ်ကာလများ၏ လုပ်ပုံကိုင်ပုံအတိုင်း ပြန်သွားရန် ဦးတည်နေဟန်ရှိသည်။ သို့ရာတွင် ယနေ့ခေတ်သည် ၁၉၉၀ ပြည့်နှစ်များနှင့် မတူဘဲ လက်နက်ကိုင် တော်လှန်ရေး အားကောင်းနေသည့် အချိန်ဖြစ်သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ရာတွင် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်ဦးဆောင်၍ ကျင်းပသည့် မဲခေါင်ဒေသနိုင်ငံများ ပါဝင်သည့် လန်ချန်-မဲခေါင် အစည်းအဝေးကို မြန်မာနိုင်ငံတွင် ကျင်းပခြင်း၊ စစ်ကောင်စီက ၂၀၂၃ တွင် ကျင်းပမည် ဆိုသော ၎င်းတို့ အာဏာရရန် ရည်ရွယ်ထားသည့် အလိမ်အညာ ရွေးကောက်ပွဲကို ထောက်ခံခြင်း အပါအဝင် စစ်ကောင်စီကို တရားဝင်စေမည့် လုပ်ဆောင်မှုများကို တရုတ်က ထောက်ခံအားပေးကြောင်း ပြသခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ရပ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန် တိုက်တွန်းကြောင်းအဆိုကို မဲခွဲဆုံးဖြတ်ခဲ့သည်။ ယင်းသည် ၇၄ နှစ်အတွင်း လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ဆောင်ရွက်ချက် ဖြစ်သည်။ လုံခြုံရေးကောင်စီ တိုက်တွန်းချက် ပေါ်ထွက်လာရန် ဗြိတိန်နိုင်ငံက ဦးဆောင်ခဲ့ပြီး ယခုတခေါက်တွင် တရုတ်က ခါတိုင်းကဲ့သို့ ကန့်ကွက်မဲ မပေးခဲ့သော်လည်း အခြား စစ်ကောင်စီနှင့် မဟာမိတ်ဖြစ်သော ရုရှား၊ အိန္ဒိယတို့နှင့်အတူ မဲမပေးဘဲ ကြားနေခဲ့သည်။ အဆိုပါ တိုက်တွန်းချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်က ဘဝင်မကျကြောင်း Global Times သတင်းစာကို ပြောဆိုခဲ့သည်။

တရုတ်တို့အနေဖြင့် လုံခြုံရေးကောင်စီ၌ ခေတ်အဆက်ဆက် မြန်မာပြည်အရေး ဖိအားပေးမည့် တောင်းဆိုချက်များကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရာမှ ယခုတခေါက် မကန့်ကွက်ဘဲ ကြားနေခဲ့သည်မှာ တိုးတက်မှုဟု ဆိုနိုင်သော်လည်း ၎င်းအနေဖြင့် ပြောင်းလဲလာသော ပြည်တွင်းပြည်ပ အခြေအနေများနှင့် ၎င်းတို့ မြန်မာပြည်သူများကို ဆန့်ကျင်၍ စစ်တပ်အပေါ် ထောက်ခံမှုများ လုပ်နေသည်ကို ဝေဖန်မှုများ မြင့်တက်နေခြင်းတို့ကြောင့် ယခုတကြိမ်တွင် ဆိတ်ဆိတ်နေခဲ့ခြင်းဟု သုံးသပ်ရသည်။ သို့ရာတွင် မတတ်သာ၍ ဤကဲ့သို့ နေရကြောင်း လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး တရုတ်၏ မကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားချက်အရ သိသာပါသည်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူများနှင့် အဓိပ္ပာယ် ပြည့်ဝစွာ ဆွေးနွေးတိုင်ပင်မှုများ မရှိဘဲ တရုတ်၏ ရပ်ဝန်းနှင့်လမ်းမစီမံကိန်းနှင့် ဆက်နွှယ်သည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအောက်ရှိ စီးပွားရေးစီမံကိန်းများ အရှိန်မြှင့်လာခြင်း၊ တိုင်းရင်းသားဒေသများတွင် တရုတ်စီးပွားရေး လုပ်ငန်းများ ပါဝင်သည့် တရားမဝင် သယံဇာတ တူးဖော်ခြင်းများ အရှိန်မြှင့်လာခြင်းနှင့် လက်ပံတောင်းစီမံကိန်းဒေသရှိ လက်ရှိ အဖြစ်အပျက်များက တရုတ်အာဏာပိုင်များ၏ ကတိစကားဖြစ်သော “ပွင့်လင်းသော၊ အားလုံးပါဝင်သော၊ သန့်ရှင်း လှပသည့် ကမ္ဘာတခု” သည် အလှအပစကား သက်သက်သာဖြစ်နေသည်လားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။

(ကော်ပိုရေးရှင်းကြီးများ တာဝန်ယူမှုရှိရေး မြန်မာ (Corporate Accountability Myanmar – CAM) သည် မြန်မာနိုင်ငံရှိ ကော်ပိုရေးရှင်းကြီးများ၏ တာဝန်ယူမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်ရန် ၂၀၂၀ မှ စတင်ဖွဲ့စည်းခဲ့သည့် သုတေသီ အဖွဲ့တဖွဲ့ ဖြစ်သည်။)

You may also like these stories:

နွေဦးတော်လှန်ရေးကြားက တရုတ်ကြေးနီစီမံကိန်း

တရုတ်ကြေးနီ စီမံကိန်းဝန်ထမ်း အချို့အား စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်လာ

ယင်းမာပင်ခရိုင်မှ လူ ၁ သောင်းကျော် ထွက်ပြေးနေရ

မြန်မာပြည်အရေး တရုတ်ချဉ်းကပ်မှု ဘာလဲ ဘယ်လဲ

ခြိမ်းခြောက်မှုများအပေါ် စိုးရိမ်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီဆို

စစ်တပ်နှင့် ဆက်ပေါင်းပါက တရုတ်စီမံကိန်းများ တိုက်ခိုက်ခံရနိုင်ဟု သမ္မတ ရှီကျင့်ဖျင်ထံ စာပို့

]]>
မြန်မာ့သစ် တင်သွင်းရာတွင် အိန္ဒိယ သတိထားရန် လိုအပ် https://burma.irrawaddy.com/article/2022/11/18/256061.html Fri, 18 Nov 2022 11:10:33 +0000 https://burma.irrawaddy.com/lytbox/?p=256061 နာဂလန်း၊ ဒီမာပူရ် ရထားဘူတာရုံတွင် တွေ့ရသည့် မြန်မာ့သစ်များ  / Rajeev Bhattacharyya ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာမှ တကမ္ဘာလုံးသို့ တင်ပို့သည့် သစ်များ၏ ၄၂ ရာခိုင်နှုန်းကို အိန္ဒိယသို့ ပို့ခြင်းဖြစ်ကြောင်း သုတေသီအချို့က ပြောသည်။]]> နာဂလန်း၊ ဒီမာပူရ် ရထားဘူတာရုံတွင် တွေ့ရသည့် မြန်မာ့သစ်များ  / Rajeev Bhattacharyya

မြန်မာမှ အိန္ဒိယသို့ တင်ပို့ရာတွင် ပိတ်ပင်ထားသည့် ကုန်စည်များတွင် သစ် မပါဝင်ကြောင်း နယူးဒေလီမှ ဗဟိုအစိုးရက နယ်စပ် မီဇိုရမ်ပြည်နယ်သို့ လွန်ခဲ့သောလက အကြောင်း ပြန်ကြားလိုက်ပြီးနောက် အိန္ဒိယ-မြန်မာ သစ်အရောင်းအဝယ်မှာ အာရုံစိုက်စရာ ဖြစ်လာသည်။

သစ်ကို ကန့်သတ်ကုန်စည်များတွင် ထည့်သွင်းထားခြင်းအား ပယ်ဖျက်ရန် သစ်လုပ်ငန်းတခုက တောင်းဆိုသောကြောင့် ထိုပြဿနာအတွက် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟာရီ ဘာဘူ ခမ်ဘမ်ပတိက စာတစောင်ပေးပို့ မေးမြန်းစဉ် နယူးဒေလီက ယခုကဲ့သို့ အကြောင်းပြန်ကြားခြင်း ဖြစ်သည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပိယွတ်ရှ် ဂိုရယ်က စန္ဒကူးသစ်အကြမ်းနှင့် စန္ဒကူးနီ နှစ်မျိုးမှအပ မြန်မာမှ တင်သွင်းသည့် မည်သည့်သစ်ကိုမျှ ပိတ်ပင်ကန့်သတ်ထားခြင်း မရှိကြောင်း အကြောင်းပြန်လိုက်သည်။

လွန်ခဲ့သော နှစ်များအတွင်း မြန်မာမှ သစ်များ တရားမဝင် ပို့ဆောင်သည်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်မှ နေရာအများအပြားတွင် ဖမ်းမိသည်။ ဇူလိုင်လအတွင်းက အနောက် ဘင်္ဂလားပြည်နယ်၊ ဆီလီဂူရီတွင် ထရပ်ကား ၈ စီးကိုဖမ်းပြီး အိန္ဒိယ ရူပီး ၂၄ သန်း (ဒေါ်လာ ၃ သိန်း) တန်သည့် မြန်မာ့ကျွန်းသစ်များကို သိမ်းဆည်းလိုက်သည်။ မြန်မာမှ သစ်ခိုးသွင်းသည့် ဂိုဏ်းတွင် ပါဝင်ပတ်သက်သူ အနည်းဆုံး ၅၀ ရှိကြောင်း မီဒီယာများက အရာရှိတဦးကို ကိုးကားပြောဆိုသည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း မြန်မာမှ တကမ္ဘာလုံးသို့ တင်ပို့သည့် သစ်များ၏ ၄၂ ရာခိုင်နှုန်းကို အိန္ဒိယသို့ ပို့ခြင်းဖြစ်ကြောင်း သုတေသီအချို့က ပြောသည်။ ၂၀၁၃ ခုနှစ် တနှစ်တည်းမှာပင် မြန်မာမှ သစ် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ဖိုး အိန္ဒိယသို့ ပို့ခဲ့ကြောင်းနှင့် အိန္ဒိယက ထိုနှစ်တွင် ပြည်ပမှ တင်သွင်းသည့် သစ်များ၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင် ကျန်ရှိနေသေးသော သစ်တောအမျိုးအစားကွဲများပြမြေပုံ

မြန်မာသစ်များ အထူးသဖြင့် မြန်မာ့ကျွန်းသစ်သည် အိန္ဒိယကုန်သည်များအတွက် အကြီးအကျယ် အမြတ်အစွန်းရစေသည်။ ကျွန်းသစ်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ အဓိကမြို့များနှင့် နိုင်ငံတဝှမ်းမှ မြို့ကြီးများတွင် ကျယ်ကျယ်ပြန့်ပြန့် ရနိုင်သည်။ Amazon နှင့် Indiamart တို့မှလည်း အွန်လိုင်းမှ ဝယ်ယူနိုင်သည်။

တကမ္ဘာလုံးတွင် မြန်မာ့ကျွန်းသစ်ကို ဝယ်လိုအားမြင့်မားသည်။ အာဏာသိမ်းပြီးနောက် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့်ကြားမှ ၂၀၂၁ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုက မြန်မာမှ ကျွန်းသစ် တန်ချိန် ၁,၇၀၀ တင်သွင်းကြောင်း မြန်မာစစ်တပ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်လေ့လာနေသည့် Justice for Myanmar က ဖော်ပြသည်။ ဥရောပ သမဂ္ဂက ကျွန်းရောင်းဝယ်ခြင်းကို ပိတ်ပင်ထားသည့်တိုင် အီတလီမှ ကုန်သည် ၂၇ ဦးသည် ၂၀၂၁ ခုနှစ်တွင် မြန်မာမှ ကျွန်းသစ်တင်သွင်းသည်ဟု အခြားသတင်းတပုဒ်က ဖော်ပြသည်။

အမေရိကန် ပြည်ထောင်စု သို့မဟုတ် ဥရောပနှင့်မတူဘဲ အိန္ဒိယနှင့် အိမ်နီးချင်းများသည် မြန်မာသစ်တင်ပို့မှုကြောင့် ဖြစ်ပေါ်သည့် ဆိုးရွားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ ခံစားရသည်။ အိမ်နီးချင်းနိုင်ငံ တနိုင်ငံမှ ရာသီဥတု ပြောင်းလဲမှုသည် အိန္ဒိယနိုင်ငံကို အကြီးအကျယ် သက်ရောက်ပြီး ထိုအချက်ကို သိပ္ပံပညာရှင်များ အလေးထား ပြောကြားနေကြသည်။

သစ်မှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်နေသည့် မြန်မာနယ်စပ် မီဇိုရမ်မှ ဒေသခံများနှင့် စစ်သွေးကြွများကို ယုံကြည်ရမည်ဆိုပါက အိန္ဒိယနယ်စပ် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ကြီးမားသောနယ်မြေများတွင် သစ်တောများ ပြုန်းတီးကုန်ကြောင်း သိရသည်။ ထိုသို့သော ပြောဆိုချက်များကို မြန်မာနိုင်ငံ သစ်တောပြုန်းတီးမှုကို လေ့လာသည့် အစီရင်ခံစာများက ထောက်ခံနေသည်။

သစ်တောပြုန်းတီးရသည့် အဓိကအကြောင်းရင်းနှစ်ခုမှာ သစ်ထုတ်လုပ်ခြင်းနှင့် စီးပွားဖြစ် စိုက်ပျိုးမြေများအတွက် လုပ်ပိုင်ခွင့်ပေးခြင်းဖြစ်သည်

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သစ်တောဧက ၁ ဒသမ ၃ သန်း သို့မဟုတ် မြန်မာနိုင်ငံ သစ်တောဖုံးလွှမ်းမှု၏ ၂ ရာခိုင်နှုန်းကို နှစ်စဉ်ဆုံးရှုံးနေကြောင်း ခန့်မှန်းချက်တခုတွင် ဖော်ပြထားသောကြောင့် မြန်မာသည် ဘရာဇီးနှင့် အင်ဒိုနီးရှားပြီးလျှင် သစ်တောဆုံးရှုံးမှု တတိယ အဆိုးရွားဆုံးဖြစ်သည်။

အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်သည့် အစီရင်ခံစာတခုတွင်လည်း သစ်တောပြုန်းတီးရသည့် အဓိကအကြောင်းရင်းနှစ်ခုမှာ သစ်ထုတ်လုပ်ခြင်းနှင့် စီးပွားဖြစ် စိုက်ပျိုးမြေများအတွက် လုပ်ပိုင်ခွင့်ပေးခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနှင့် အိန္ဒိယ အရှေ့မြောက်ပိုင်းသည် ဇီဝမျိုးကွဲစုံလင်မှုအတွက် အရေးပါသော ကမ္ဘာ့ဒေသ ၃၆ ခုတွင် ပါဝင်နေသည်။ ထိုသို့ ထိခိုက်လွယ်သောဇုန်များတွင် အကြီးမားဆုံးဖြစ်သည့် အင်ဒို-ဘားမား ဒေသတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနှင့် အိန္ဒိယမြောက်ပိုင်း မြစ်ဝှမ်းလွင်ပြင်၊ ဗြမ္မာ့ပုတ္တရ မြစ်ဝှမ်း၊ ကပ္ပလီပင်လယ် တစိတ်တပိုင်းနှင့် နီကိုဘာကျွန်းများ ပါဝင်သည်။

အိန္ဒိယသည် ရာသီဥတုပြောင်းလဲမှုကြောင့် လွန်စွာထိခိုက်လွယ်သော ဒေသအဖြစ် သတ်မှတ်ခံထားရသည်

အိန္ဒိယသည် ရာသီဥတုပြောင်းလဲမှုကြောင့် လွန်စွာထိခိုက်လွယ်သော ဒေသအဖြစ် သတ်မှတ်ခံထားရသည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်းသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဒေသတွင်း မိုးရေချိန် မမှန်ခြင်းက ထိုအချက်ကို သက်သေပြနေသည်။ ထိုနယ်စပ်ဒေသသည် မကြာသေးမီ နှစ်များအတွင်း သစ်တောပြုန်းတီးမှုကိုလည်း ရင်ဆိုင်နေရပြီး ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ သစ်တောပြုန်းတီးမှု၏ ၇၀ ရာခိုင်နှုန်းမှာ ထိုဒေသမှ ဖြစ်သည်။

ဖြစ်နိုင်သည့်အခြေအနေမှာ အိန္ဒိယတွင် လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်း ထွန်းကားမှုကြောင့် မြန်မာမှ သစ်တင်သွင်းမှု တိုးလာမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုအတွင်း ဆောက်လုပ်ရေးကဏ္ဍသည် နှစ်စဉ် ၆ ရာခိုင်နှုန်း တိုးတက်မည်ဟု ကျွမ်းကျင်သူများ ခန့်မှန်းထားသောကြောင့် ကမ္ဘာ့အကြီးမားဆုံး ဆောက်လုပ်ရေးဈေးကွက် ၅ ခုတွင် ပါဝင်သည်။

အိန္ဒိယနှင့်မြန်မာအကြား တရားဝင်နှင့် တရားမဝင် ကုန်သွယ်မှုသည် နယ်စပ်နှစ်ဘက်လုံးမှ ပြည်သူအများအပြားကို အကျိုးပြုနေသည်။ ထိုသူများအနက်တချို့သည် မှောင်ခိုလုပ်ငန်းတွင် တိုက်ရိုက်ပတ်သက်သော သို့မဟုတ် ၎င်းတို့ထိန်းချုပ်ဒေသများကို ဖြတ်သန်းလာသည့် မှောင်ခိုပစ္စည်းများကို အခွန်ကောက်နေသောကြောင့် အမြတ်အစွန်း ရနေသော စစ်သွေးကြွများဖြစ်သည်။ ကွမ်းသီး၊ မက်သာဖက်တမင်းနှင့်အတူ သစ်သည် မှောင်ခိုကူးရာတွင် အကျိုးအမြတ် အမြင့်မားဆုံးသော လုပ်ငန်းများတွင် ပါဝင်နေသည်။

(ရာဂျိဗ် ဘာတာချာရီယာသည် အိန္ဒိယနိုင်ငံ အာသံမှ ဝါရင့်သတင်းသမားဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီနှင့် ဆက်ဆံရေးခိုင်မာစေရန် အိန္ဒိယက ဒီပါဝလီပွဲတော်ကို ခုတုံးလုပ်

ကုလားတန်စီမံကိန်း အိန္ဒိယအပြောင်းအလဲ ကန်ထရိုက်များအတွက် စိန်ခေါ်မှုဖြစ်လာ

မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်

]]>
မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ https://burma.irrawaddy.com/news/2022/08/10/253786.html Wed, 10 Aug 2022 06:55:24 +0000 https://burma.irrawaddy.com/lytbox/?p=253786 ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်း / Global Witnessမြန်မာနိုင်ငံမြောက်ပိုင်း သစ်တောများအတွင်းမှ ပြည်သူများသည် မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းခဲ့သည့် ဘဝနေနည်းများကို ဆုံးရှုံးကြသည်။]]> ပန်ဝါဒေသရှိ မြေရှားသတ္တုတွင်း / Global Witness

ငှက်ကလေးများ သီချင်းမဆိုနိုင်ကြ၊ ရွှံ့နှစ်ရောင်ဖြစ်နေသော မြစ်များအတွင်း ငါးများမကူးခတ်ကြတော့။ တိရစ္ဆာန်များသည် ပတ်ဝန်းကျင်တွင် လှည့်လည်နေခြင်း မရှိကြ။ နွားများသေဆုံးနေသည်ကို မကြာခဏ တွေ့ရသည်။

မြန်မာနိုင်ငံမြောက်ပိုင်း သစ်တောများအတွင်းမှ ပြည်သူများသည် မျိုးဆက်ပေါင်းများစွာ ထိန်းသိမ်းခဲ့သည့် ဘဝနေနည်းများကို ဆုံးရှုံးကြသည်။ သို့သော် ထိုကိစ္စကို မကျေနပ်ကြောင်း ပြောပါက အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရသည်။

ထိုသစ်တောများသည် ကမ္ဘာ၏ ဗီတာမင်များဟုခေါ်သည့် မြေရှားသတ္တုဝင် အဓိကသတ္တု အမျိုးအစားပေါင်းစုံ၏ ရင်းမြစ်ဖြစ်သည်။ မြေရှားသတ္တုများသည် ယခုအခါ ကမ္ဘာပေါ်ရှိ လူတိုင်းနီးပါး၏ ဘဝအတွင်း ချင်းနင်းဝင်ရောက်နေပြီးဖြစ်ပြီး ကွန်ပျူတာများ၊ ဆဲလ်ဖုန်းများမှသည် ဓာတ်လှေခါးများနှင့် ရထားများတွင်လည်း အသုံးပြုနေရသည်။

ထိုသတ္တုများသည် အလျင်အမြန် တိုးတက်နေသောကဏ္ဍဖြစ်သည့် အစိမ်းရောင်စွမ်းအင်နယ်ပယ်အတွက် အထူးအရေးပါပြီး လေအားတာဘိုင်စက်များနှင့် လျှပ်စစ်ကားများတွင် အသုံးပြုနေရသည်။ ထိုသတ္တုများသည် ကမ္ဘာတွင် အကျော်ကြားဆုံး ကုမ္ပဏီအချို့ဖြစ်သည့် General Motors, Volkswagen, Mercedes-Benz, Tesla နှင့် Apple တို့သို့သော လုပ်ငန်းများထံ ရောက်ရှိသွားကြသည်။

သို့သော် AP သတင်းဌာနက ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတခုအရ ထိုသတ္တုကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေခြင်းသည် ထိုလုပ်ငန်းတွင် လူတိုင်းသိနေသည့် ညစ်ညမ်းသော လျှို့ဝှက်ချက်တခုကို ဖုံးကွယ်ထားကြောင်း သိရသည်။ ထိုသတ္တုများအတွက် ပေးဆပ်ရသည့် တန်ဖိုးများမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ရွာသားများ၏ မြေများလုယက်ခံရခြင်းနှင့် ရက်စက်ကြမ်းကြုတ်သော မြန်မာစစ်တပ်နှင့် ပတ်သက်နေသည့် ခါးပိုက်ဆောင်တပ်တခုကို ငွေကြေးထောက်ပံ့ခြင်းတို့ ဖြစ်နေသည်။ မြေရှားသတ္တုဝယ်လိုအား မြင့်မားလာသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း တိုးလာနိုင်သည်။

ကချင်ပြည်နယ်၊ ပန်ဝါတွင် မြေရှားသတ္တု တူးဖော်သည့် မိုင်းတွင်းတခု / Global Witness

“ဒီလိုသတ္တုတူးဖော်နိုင်တဲ့ စွမ်းရည်ကို မြှင့်တင်ရတာက ရာသီဥတုပြောင်းလဲမှုကြောင့်လို့ အကြောင်းပြတယ်” ဟု ‘မြေရှားသတ္တု ရှေ့တန်းမျက်နှာစာများ’ အမည်ရှိ စာအုပ်ကိုရေးသားသူ ဂျူလီ မစ်ချယ်လ် ကလင်ဂါက ပြောသည်။ သူသည် တရားမဝင်စွမ်းအင် သတ္တုများကို ခြေရာခံလိုက်သည့် ဖက်ဒရယ်အစိုးရ စီမံကိန်းတခုကို ဦးဆောင်နေသူဖြစ်သည်။

“အဲဒီသတ္တုတွေတွေ့မယ့် လူမသိသူမသိ ဘယ်သူမှ မထင်တဲ့ နေရာရှာဖို့ တွန်းအားပေးမှုတွေ အများအပြား ရှိနေသေးတယ်” ဟုလည်း သူကပြောသည်။ ထိုလေ့လာမှုတွင် ကုမ္ပဏီ ၇၈ ခု ကုန်ကြမ်းပေးသွင်းရေး ကွင်းဆက်များနှင့် မြန်မာမြေရှားသတ္တုနှင့် ပတ်သက်နေကြောင်းပြသည့် တွေ့ဆုံမေးမြန်းမှု ဒါဇင်ပေါင်းများစွာ၊ အကောက်ခွန် သတင်းအချက်အလက် များစွာ၊ ကော်ပိုရိတ်လုပ်ငန်း မှတ်တမ်းပေါင်းများစွာနှင့် တရုတ်မှ ပညာရပ်ဆိုင်ရာ စာတမ်းများသာမက ဂြိုဟ်တုမှ ရိုက်ကူးထားသော ဓာတ်ပုံများနှင့် အကျိုးအမြတ်မယူသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း Global Witness က မျှဝေပေးသည့် ဘူမိဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများလည်း ပါဝင်သည်။

ထိုကုမ္ပဏီများအနက် ၃ ပုံ ၁ ပုံက မေးမြန်းစုံစမ်းမှုများကို တုံ့ပြန်ဖြေဆိုကြသည်။ ထိုသူများအနက် ၃ ပုံ ၂ ပုံက ၎င်းတို့မည်သည့်နေရာမှ မြေရှားသတ္တုများရသည်ကို ပြောဆိုခြင်း မရှိကြဘဲ ထိုလုပ်ငန်းများတွင် Volkswagen လည်း ပါဝင်ပြီး ထိုကုမ္ပဏီက ၎င်းတို့သည် မြေရှားသတ္တုဝယ်ယူရာတွင် လုံလောက်သော လုံ့လစိုက်ထိုက်မှုလုပ်ကြောင်း ပြောသည်။ အားလုံးနီးပါးက ၎င်းတို့သည် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် လူ့အခွင့်အရေးကို အလေးထားကြောင်းပြောသည်။

အချို့ကုမ္ပဏီများက ၎င်းတို့ထံ မြေရှားသတ္တုပေးသွင်းသည့် ကွင်းဆက်ကို စစ်ဆေးကြောင်းပြောသည်။ အခြားကုမ္ပဏီများက ထိုသို့မလုပ်ကြောင်း သို့မဟုတ် ၎င်းတို့သည် ထိုသို့ပေးသွင်းသူ၏ အာမခံချက်ကို မလိုအပ်ကြောင်းပြောသည်။ General Motors က ၎င်းတို့သည် မြေရှားသတ္တုနှင့်ပတ်သက်ပြီး ဖြစ်လာနိုင်သည့် အန္တရာယ်များကို နားလည်ကြောင်း မကြာမီ အမေရိကန် ပြည်ထောင်စုမှ မြေရှားသတ္တု ပံ့ပိုးသူများနှင့်သာ ဆက်ဆံတော့မည်ဖြစ်ကြောင်း ပြောသည်။

Tesla ကို အကြိမ်ကြိမ် မေးမြန်းသော်လည်း တုံ့ပြန်ခြင်းမရှိသလို Mercedes ကလည်း ယခုမေးမြန်းမှုများကို ဖြေကြားနိုင်ရန် ကုန်ကြမ်းပေးသွင်းသူများကို ဆက်သွယ်မည်ဖြစ်ကြောင်း ပြောသည်။ Apple က ၎င်းတို့သည် ပြန်လည်ပြုပြင် အသုံးပြုသည့် မြေရှားသတ္တုများကိုသာ အများဆုံး အသုံးပြုပြီး မြန်မာနှင့် ပတ်သက်သည့် မည်သည့်အထောက်အထားမျှ မတွေ့ကြောင်းပြောသည်။ သို့သော် ထိုကိစ္စကို အတည်ပြုရန် နည်းလမ်းမရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ထိုသို့ ပြစ်မှုမကင်းသည့် မြေရှားသတ္တုများသည် ကုန်ကြမ်းပေးသွင်းသူများထံမှ ရောက်လာတတ်သလို လုပ်ထုံးလုပ်နည်း ဟာကွက်များမှလည်း ရောက်လာတတ်ကြောင်း သိရသည်။

တန်တာလန်၊ သံဖြူ၊ ရွှေနှင့် တန်စတင်ကဲ့သို့ ပဋိပက္ခမှ ရရှိသော တွင်းထွက်များ၏ ရင်းမြစ်များကို ကုမ္ပဏီများအနေဖြင့် ထုတ်ဖော်ပြောဆိုစေရန် အမေရိကန် ကွန်ဂရက်က ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းသည်။ သို့သော် ထိုဥပဒေတွင် မြေရှားသတ္တုများ အကျုံးမဝင်ပေ။ ထို့ကြောင့် စစ်ဆေးမှုများသည် ကုမ္ပဏီတခုစီနှင့်သာ သက်ဆိုင်ပြီး မည်သည့်ဌာနကိုမျှ တာဝန်ရှိသည်ဟု သတ်မှတ်ခြင်းမရှိပေ။

မြေရှားသတ္တုတူးဖော်နေတဲ့ နေရာအနီးက တရုတ်ကားတွေနဲ့ တရုတ်နိုင်ငံသားတချို့/ BBC

နိုင်ငံ၏ မြေရှားသတ္တုလိုအပ်ချက်ကို ဖြည့်ဆည်းရသော လုပ်ငန်းများကို ဦးဆောင်သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အကြိမ်ကြိမ် မေးမြန်းသော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိပေ။ သို့သော် ကျွမ်းကျင်သူများက အမေရိကန် အစိုးရသည် မြေရှားသတ္တုနှင့် ပတ်သက်သည့် လုပ်ထုံးလုပ်နည်းများကို လျှပ်စစ်မော်တော်ယာဉ်များ ရောင်းချ အသုံးပြုရေးကဲ့သို့သော အခြား အစိမ်းရောင် ရည်မှန်းချက်ပန်းတိုင်များနှင့် ပြန်လည် ချိန်ထိုးနေရကြောင်း ပြောသည်။ မြေရှားသတ္တုများသည် ဥရောပသမဂ္ဂ၏ ပဋိပက္ခ တွင်းထွက်များဆိုင်ရာ ၂၀၂၁ ခုနှစ် လုပ်ထုံးလုပ်နည်းများမှလည်း ကင်းလွတ်နေပြန်သည်။

အမေရိကန်ပြည်ထောင်စုသည် မြေရှားသတ္တုတူးဖော်ခြင်း၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ကုန်ကျစရိတ်ကြောင့် ပေးဆပ်ရသော တန်ဖိုးများအတွက် ထိုလုပ်ငန်းကို တရုတ်နိုင်ငံသို့ ၁၉၈၀ ပြည့်နှစ်များတွင် လွှဲပြောင်းလုပ်ကိုင်စေသည်။ ထိုစဉ်က တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က မြေရှားသတ္တုများသည် တရုတ်အတွက် အရှေ့အလယ်ပိုင်း ရေနံပြဿနာမှ ထွက်ပေါက်အဖြေဖြစ်ကြောင်း ပြောခဲ့သည်။

ထိုလုပ်ငန်းသည် ဆယ်စုနှစ်များစွာကြာအောင် ဖွံ့ဖြိုးလာသည်။ ထို့နောက် အများပြည်သူ ဝေဖန်မှုများကြောင့် ဘေဂျင်းမှ အရာရှိများသည် မြေရှားသတ္တု တူးဖော်ခြင်း အပါအဝင် တိုင်းပြည်ကို ညစ်နွမ်းစေသည့် လုပ်ငန်းများကို စစ်ကြေညာရသည်။

တရုတ်တွင် မြေရှားသတ္တုမိုင်းများ ပိတ်လိုက်သောအခါ ထိုသတ္တုရိုင်းဈေးများ တက်လာသည်။ ထောင်ပေါင်းများစွာသော ထိုမြေရှားသတ္တုတူးဖော်ရေးသမားများသည် ကမ္ဘာ့အကြွယ်ဝဆုံး သိပ်သည်းဆများသည့် မြေရှားသတ္တုသိုက်များ တည်ရှိသည်ဟု ကျော်ကြားသည့် မြန်မာနယ်စပ်သို့ ချီတက်ကြသည်။

“ဒီလိုဖြစ်လာတော့ ဥရောပနယ်ချဲ့တွေရဲ့ အာဖရိကအပေါ် သဘောထားကို ပြန်သတိရစေတယ်” ဟု တရုတ်အစိုးနှင့် ဆက်ဆံရေးထိခိုက်မည်ကို မလိုလားသောကြောင့် အမည်မဖော်လိုသည့် သုတေသီတဦးက ပြောသည်။ “တတိယကမ္ဘာက သတ္တုတူးတဲ့ ပုံစံမျိုးကို လုပ်နေတဲ့ အာဏာရှင် မြန်မာကို သွားမှီခိုလို့မရဘူး။ အဲဒါက ရေရှည်တည်တံ့မယ့် နည်းလမ်းမဟုတ်ဘူး” ဟု သူက ပြောသည်။

လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ရန် သူ၏ အမည်အပြည့်အစုံကို မသုံးလိုသည့် ဂေါ်အမည်ရှိ သတ္တုတွင်း လုပ်ငန်းလုပ်ကိုင်သူတဦးက မြန်မာမှ လွန်စွာခေတ်နောက်ကျသည့် လုပ်ငန်းခွင် အခြေအနေများကို ပြောပြသည်။ ဖြစ်သလိုဆောက်ထားသည့် သစ်သားအိမ်များတွင် ခြင်လွန်စွာပေါပြီး တညလုံး မီးမွှေးထားရသည်ဟုဆိုသည်။ သတ္တုတွင်းတူးလုပ်သားများသည် ပေရာချီနက်သည်အထိ ဂေါ်ပြားများနှင့်သာ တူးနေရပြီး ၎င်းတို့၏ လက်ဗလာများသည် ဖူးရောင်နေကြောင်း သူက ပြောသည်။

“ကျနော်က တောင်တွေမှာ တွင်းတူးဖို့နဲ့ ရောင်းချဖို့ပဲ တာဝန်ယူရတာ။ ကျန်တာတွေက ကျနော့် တာဝန်မဟုတ်ဘူး။ ကျနော်တို့က ငွေရ မရဘဲ ကြည့်ရတာ။ ရှင်းရှင်းလေးပဲ” ဟု သူကပြောသည်။

ထို့ကြောင့် မြန်မာအတွက် အမည်သစ်တခု ပေါ်ပေါက်လာသည်။ ကမ္ဘာ့ကောင်းစားရေးအတွက် ကိုယ်နိုင်ငံကိုယ် ‘စတေးရသောဇုန်’ ဆိုသည့် အမည်ဖြစ်သည်။

ထိုသို့စတေးရခြင်းကို လေထုနှင့် လွန်ခဲ့သောနှစ်အနည်းငယ်က တောတောင်များ ဖုံးလွှမ်းနေသည့် နေရာတွင် ပြန့်ကျဲနေသည့် စိမ်းပြာရောင် ရေကန်များက အထင်အရှား ပြသနေသည်။ မြန်မာမှ မြေရှားသတ္တုပါသော ရွှံ့များသည် နူးညံ့ပြီး အပေါ်ယံတွင် ရှိနေသောကြောင့် ထိုမြေများကို ဓာတုပစ္စည်း ကန်များအတွင်း ထည့်လိုက်ကြသည်။

Global Witness က ထုတ်ပြန်သည့် ဂြိုဟ်တု ဓာတ်ပုံများအရ ထိုသို့သောကန် ၂,၇၀၀ ကျော်ကို သီးခြားနေရာ ၃၀၀ နီးပါးတွင် တွေ့ရသည်။

ထိုသို့ သတ္တုတူးဖော်သည့် အဓိက နေရာမှ ၁၅ မိုင်အကွာ မြစ်ကြောင်းတွင် နေထိုင်သည့် ကျေးရွာသားတဦးက သူ၏ဇနီးသည် ထိုမြစ်မှငါးများကို ဖမ်းဆီးရောင်းချခဲ့ဖူးကြောင်း၊ သို့သော် ယခုအခါ အနည်းငယ်သာ ရှိတော့သည့် ငါးများကို ဖမ်းဆီးစားသောက် နေထိုင်မကောင်း ဖြစ်ရကြောင်း ပြောသည်။

မြေရှားသတ္တုကို စက်ဖြင့် တူးထုတ်နေစဉ်/Global Witness

“မြစ်ကြောင်းတလျှောက်မှာ ငါးက အသေးအမွှားတောင် မရှိတော့ဘူ။ အကုန် မျိုးတုံးကုန်ပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ပြောသည်။

ထိုနယ်စပ်ဒေသများတွင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်နှင့် ပတ်သက်နေသည့် ခါးပိုက်ဆောင်တပ် အနည်းဆုံး တခုအပါအဝင် ခါးပိုက်ဆောင်တပ်များစွာ ရှိသည်။ လွန်ခဲ့သောနှစ်က အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ ခံရသည်။ ထို့ကြောင့် မြေရှားသတ္တုများမှ ရရှိသော ဝင်ငွေများသည် စစ်ကောင်စီက အရပ်သားများကို အကြမ်းဖက်ဖြိုခွဲရာတွင် သုံးရန် ခါးပိုက်ဆောင်တပ်များက ဆက်သရသည် ငွေဖြစ်သွားသည့် သဘောဖြစ်သည်။ မြန်မာစစ်တပ်နှင့် ခါးပိုက်ဆောင်တပ်များကလည်း စုံစမ်းမေးမြန်းသည်ကို အကြောင်း ပြန်ကြားခြင်း မရှိပေ။

တရုတ်သတ္တုတူးဖော်ရေးလုပ်ငန်းလုပ်ကိုင်သူ ဒုံက ထိုသို့ မြေရှားသတ္တုတူးဖော်ရန် လမ်းတလျှောက်မှ လက်နက်ကိုင်များကို ဒေါ်လာ ရာဂဏန်းမျှပေးရခြင်းသည် သတ္တုတူးဖော်ခွင့် ဖြစ်ကြောင်း ပြောသည်။ သို့သော် သူသည် သူ၏ မြေတူးစက်များမှ ဂေါ်ပြားများကိုပင် ပျက်ဆီးစေသည့် အက်စစ်များအကြောင်း ကောင်းစွာသိသူဖြစ်သည်။

“ဒီပစ္စည်းတွေက သဘာဝပတ်ဝန်းကျင်ကို သေချာပေါက် ပျက်စီးစေတာပေါ့” ဟု သူက ပြောသည်။

တချိန်တည်းတွင် မြန်မာမြောက်ပိုင်းမှ ဖာလာစေ့နှင့် သစ်ကြားသီး စိုက်ပျိုးနေဆဲဖြစ်သည့် ရွာတရွာတွင် ထိုသတ္တုမိုင်းများကို ဆန့်ကျင် ကန့်ကွက်ကြသည်။

“သူတို့က နေရာတိုင်းမှာ မြေရှားသတ္တုလိုက်တူးနေတာ။ ကျနော်တို့သောက်စရာ အန္တရာယ်ကင်းတဲ့ရေ မရှိတော့ဘူး။ ကလေးတွေအတွက် ဘာမှ ပေးစရာမရှိတော့ဘူး။ စားစရာလည်း ဘာမှ မရှိတော့ဘူး” ဟု ထိုရွာသားက ပြောသည်။

ကိုးကား။ ။ AP သတင်း Once China’s answer to ‘oil in the Middle East’, rare earths mining is making Myanmar a ‘sacrifice zone’

You may also like these stories:

တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ

စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ

ကချင်သူဌေးကြီး ဦးယွပ်ဇော်ခေါင် တားမြစ်ထားသည့် မြစ်ဆုံတွင် ရွှေတူးမှုဖြင့် ဝေဖန်ခံနေရ

နယ်စပ်ကို ပိတ်ထားသော်လည်း မြေရှားသတ္တုကို တရုတ်က တံခါးဖွင့်ပေးထား

]]>